အခန်း ၁
ယခုတွင်တော့ သူငယ်ချင်းသုံးယောက်ဝါသနာပါရာ အား လက်တွေ့အကောင်အထည်ဖော် လုပ်ကိုင်နေကြပေသည်။
အခန်း (၂)
နားထဲတွင်လည်း တစ်ဖျန်းဖျန်းနှင့်ကြားနေရ၏။ မောင်ကောင်းသန့်သည့် မည်သည်အသံဖြစ်ကြောင်း ဝေခွဲ၍မတတ်။ ထို့အသံကြောင့်သာ မေ့မျောနေရမှာ နိုးထခဲ့ပြီး ကြိုးစားကာ မျက်လုံးများဖွင့်ကြည့်သည်။ မှောင်မှိုက်နေသော ဝန်းကျင်တစ်ခွင် မျက်စိရှေ့တည့်တည့် တွင်များစွာသောကြယ်ပွင့်ကလေးများ တွေရပေသည်။ မည်သည့်နေရာနည်း။ လက်ပေါ်သို့ စူးခနဲ့ ခံစားလိုက်ရသည်။ ဘာကောင်များကိုက်လိုက်သနည်း။ မြွေသည်လော။ ခြေသလုံးများ၊ ဝမ်းဗိုက်ထက်နှင့် ရင်ဘက်ပေါ်ထိ ရောက်လာသည်။ ဘယ်လို့အကောင်တွေများပါလိမ့်။ ကြိုးစားကာ ခေါင်ထောင်၍ ထကြည့်သည်။
Image Source
"ဟင်...."
မောင်ကောင်းသန့် ပြုံးရုံမျှသာ ပြုံး၍ ပြန်လှဲနေလိုက်သည်။ ဝင်ကစွတ်ကောင်များ ဖြစ်သည်။ တဖြည်းတဖြည်းတွေး၍ ရလာသည်။ ထိုနေရာသည် ပင်လယ်ကမ်းခြေတစ်ခု။ ဖျန်းခနဲမြည်သံများသည်။ ပင်လယ်ဒီရေနှင့် ကျောင်ဆောင်များ၏ ရိုက်ခတ်သံများဖြစ်သည်။ ပတ်ဝန်းကျင်အား အနည်းငယ် အကဲခတ်ကြည့်သည်။ ပတ်ပတ်လည်တွင်မြင်သမျှ ကျောက်ဆောင်များသာ။ ထိုကျောက်ဆောင်ဆောင်များ ကြားမှ လဲ့လဲ့ လဲ့လဲ့ဖြင့်။ သေချာ ကြည့်သည်မှ ပင်လယ်ဒီရေများ တအိအိတတ်လာခြင်းပေစွ။
Image source
မောင်ကောင်းသန့်သည် ပတ်ဝန်းကျင်အား သေချာစူးစမ်းလေ့လာကြည့်ပြီး။ ဘယ်နေရာသို့ရောက်နေသည်ကို သိရပေပြီ။ သို့သော် မည်ကဲ့သို့ရောက်လာသနည်း၊ ဘယ်နှယ်ရက်ကြာပြီ၊ ဘယ်ခုနှစ်တွင်နည်း သူစဉ်းစား၍ မရပေ။ ၎င်းတို့စဉ်းစား၍ မရလည်း ကိစ္စမရှိ။ လောလောဆယ် ထိုနေရာတွင် ဆက်နေပါက ဒီရေတတ်လာလျှင် ပင်လယ်ထဲသို့ ပြန်လည်မျောပါသွားပေမည်။
ကြိုးစားကာ အားပြု၍ ထကြည့်သည်သည်။ စိတ်ထဲတွင်လည်း ဤနေရာတွင် ဆက်နေပါက မကြာမီ ဒီရေ နှင့်ပါသွားမည်စိုးနေသည်။ တရွေ့ရွေ့ ဖြင့်ကုန်းမြင့်ပိုင်းသို့ ရောက်လာသည်။ မောဟိုက်နေ၏။ သောက်စရာရေသည်လည်း မရှိ။ အစာ မစားရသည်မှာလည်း ဘယ်နှယ်ရက်ရှိသည်မသိ အားအင်လည်း ချိနဲ့နေသည်။ ပတ်ဝန်းကျင်တွင် သောက်စရာ တစ်ခုခုများ ရှိမလားဟု ရှာဖွေကြည့်သည်။ ပတ်လည်တွင်အုန်းပင်များရှိ၍ ဝမ်းသာသွားသည်။ အုန်းရေသောက်၍ အာသာပြေတော့ရှိဦးမည်။ သို့သော် သူသည်အုန်းပင်လည်းမတတ် တတ်။ တတ်၍ ရသည်ဘဲထား သူသည် မည်သိုအုန်းသီးအားခွဲရမည်နည်း။
စိတ်ဓာတ်ကျကာ အုန်းပင်အောက်တွင် ကြွေကျနေသာ အုန်းသီးခြောက် နှစ်လုံးအား တွေ့သည်။ တစ်လုံးမှာ ကြာပြီဖြစ်၍ ပုတ်တောင်နေပြီ။ ကျန်တစ်လုံးမှာ ခေါက်ကြည့်သော် အရည်ရှိဟန်နှင့်တူသည်။ မည်သို့ခွဲရမည်နည်း။ မထူးတော့ ဘေးတွင်ရှိသော ကန်စွန်းရွက်နှင့်တူသည် အရွက်များအား ခူး၍ ဝါးစားသည်။ အဆိပ်ရှိသော် သေလည်း သေစေဟုတွေးလိုက်သည်။ မသေပါ အစကတော့ ချွဲပစ်ပစ် ဖြင့် များများဝါးစားသော် ရေအငတ်ပြေလာသည်။ ဝါး၍ရသော အရည်ရော အဖက်ပါ မြိုချပစ်လိုက်သည်။
လက်တလော ရေငတ်တော့ပြေပြီ။ ရှေးလျောက် သည်တိုင်းနေလျှင့် အစာငတ် ရေငတ်၍သေတော့ပေမည်။ ခုထိလည်း ဘယ်မှာနေ၊ဤကျွန်းပေါ်သို့ ဘယ်လိုရောက်လာသည် မသိ။ ပထမ မေ့မျောနေသော နေရာသို့ လှမ်းကြည့်လိုက်သည်။ ပင်လယ်ဒီရေများ ဖုံးအုပ်သွားသည်။ တော်သေးသည် သတိပြန်ရလာသည်မှာမြန်ပေလို့သာ။ လက်ရှိရောက်နေသောနေရာတွင်ဒီရေတော့တတ်လာမည်မထင်။ ကမ်းစပ်နှင့် အတော်ကလေးမျှ ဝေးလံပေသည်။ ကိုယ်လက်များ မလှုပ်ချင်တော့၍ စိတ်ချလက်ချ မှေးစက်လိုက်သည်။
နားပါဦးမည်
ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး
Writing by phyozawoo
MSC~071