အမှားဆိုတာ မရှိပါဘူး သင်ခန်းစားတွေချည်းပါဘဲ
ကောင်းတာတွေရလည်း ဘာဖြစ်လို ကောင်းတာလဲ ဆိုတာ
နားလည်အောင် ကြိုးစားပြီးတော့
ဒီထက်ကောင်းအောင်ဆက်လပ်ရမယ်။
ဆိုးတာတွေ့ရ ရင်လည်း
ဘာဖြစ်လို့ဆိုးနေရတာလဲဆိုတာကို နားလည်အောင် ကြိုးစားပြီးတော့ နောက်ဒီလိုမဖြစ်အောင် ပြုပြင်ရမယ် ။
ကိုယ်အမှားကို ကိုသိပြီးတော့ ကိုယ်ဘာကိုယ် ပြုပြင်နိုင်တာဟာ လွတ်လပ်မူတစ်မျိုး ဖြစ်တယ် ။
ကိုရဲ့ဆုံးဖြတ်ချက်မှားသွားရင်လဲ ပြင်ဖို့ဝန်းမလေးပါနဲ့
မရှက်ပါနဲ့ မှားနေတာကို ပြင်ရတာဟာ ရှက်စရာမဟုတ်ပါဘူး
မှားနေတာကို မပြင်ဘဲနေတာဟာ ရှက်စရာပါ။
လူဆိုတာက အမှားနဲ့ကင်းသူဆိုတာမရှိပါဘူး။
အမှားနည်းတဲ့ သူနဲ့ အမှားမျာတဲ့ လူဘဲ ကွာပါတယ်။
မသိလိုမှားနေတာက ခွင့်လွှတ်နာလည်းပေးလိုရတဲ့အမှားတွေပါ။
အဲ့အမှားတွေကို သင်ခန်းစားယူပြီး နောက်မမှားအောင် ပြုပြင်နိုင်သူတွေ ကိုယ်ကို ဂုဏ်ယူမိမှာပါ။
တကယ်တော့ အဆိုးတွေထဲက အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိညဏ်ကို ရတာပါ ။
ညဏ်ပညာကြီးတွေ အောင်မြင်ကျော်ကြား နာမည်ကြီးသူတွေဟာ တစ်ခါမှ မမှားဖူးဘဲ အောင်မြင်နေတဲ့သူတွေမဟုတ်ပါဘူး သူတို့(အောင်မြင်နေတဲ့သူ)အမှားတဲ့ကမှ အမှားကို ပညာယူပြီးကိုယ်အမှားကို ပြုပြင်နိုင်လို့ အမှားနည်းသွားပြီး အောင်မြင်နေတဲ့ သူဖြစ်လာကြရတာပါ ။
အမှားကင်းဖို့ဆိုတာကလဲ မလွယ်ပါဘူး အမှားနည်းဖို့ဘဲကြိုးစားရမှာ
အမှားတစ်ခုကို ထပ်ခါထပ်ခါ မမှားဖို့ မလုပ်မိဖို့ လိုအပ်ပါတယ် ။
သူတစ်ပါးမှားနေရင်လဲ ကိုယ်ပြင်ပေးရမယ် အဲ့တာမှ ကိုယ်မသိသေးတဲ့ အမှားတွေကိုလဲ သူတစ်ပါးက တစ်ဖက်ကနေပြုပြင်ပေးမှာပါ ။
ဆိုရိုးစကား တစ်ခုလို
မမှားသောရှေ့နေ မသေသောဆေးသမားဆိုတာမရှိပါဘူး
သူတစ်ပါးမှားလျှင်
အမှန်ရောက်အောင် ငါပြင်မည်။
ငါမှားလျှင်
သူတစ်ပါးအပြင်ကို ငါခံမည်။
ငါ့ကို ပြုပြင်သူကို
ငါ့ဆရာဟု အသိအမှတ်ပြုမည် ။
ရေးသားသူ - Zin Ko Lwin (playboy.lso)
photo credit to Naruto