အရာရာတိုင်းမှာတော့ မင်းဟာမတော်နိုင်ဘူး။
ဒါပေမယ့် မင်းဟာသန်မာဖို့လိုတယ်။
လဲကျတိုင်းပြန်ထရမှာပဲ။
ဝမ်းနည်းနေလို့မရဘူး။
မင်းချစ်ရတဲ့သူက မင်းကိုထားချင်ထားခဲ့မှာပဲ။
တစ်ခါတစ်လေလည်း အသည်းကွဲချင်ကွဲမှာပဲ။
မင်းဟာ ခပ်တုံးတုံးတစ်ယောက်လည်း ဖြစ်ချင်ဖြစ်မယ်။
မင်းရုပ်က ဆိုးချင်ဆိုးနေပါလိမ့်မယ်။
မင်းဟာ ဆင်းရဲချင်ဆင်းရဲနေလိမ့်မယ်။