Psycho ကဘယ်လောက်ထိ အရေးပါလဲဆိုရင် Psycho နဲ့လူတစ်ယောက်ကိုအသားထိ စရာမလိုပဲသေအောင်လုပ်နိုင်တဲ့ အထိ
စွမ်းတယ်! ဥပမာ ပေါ့ ခုခလေးမုဒိန်းကျင့်တဲ့ကောင်တစ်ကောင်
မိရင် ဘာလုပ်မလဲ ဝိုင်းသတ်မလား! ဝိုင်းသတ်ရင်တစ်ခါပဲ
သေမယ်! သေဒဏ်လဲ မပေးနဲ့ တစ်ခါပဲသေမယ်!
သူ့ကိုခေါ် ရန်ကုန်ဆို ရန်ကုန် တစ်မြု့်လုံး ပတ်!
ကားတစ်စီးပေါ် တင်ပီး လည်ပင်းမှ မုဒိန်းကောင်ဆိုပီးစာချိတ်ထား
ရုပ်သံကနေ လွှင့်သူ့ပုံနဲ့ ဖြစ်နိုင်ရင် တစ်နိုင်ငံလုံးသိအောင်
ကြော်ငြာပေး! အဲ့လိုတစ်လလောက်လုပ်ပီး! မဖမ်းထားနဲ့
လွှတ်ပေးလိုက်! သူလျှောက်သွားပါစေ! သူဘာလုပ်မလဲ
ထမင်းဝယ်စားမလား? မုဒိန်းကောင်ဆိုပီး ဘယ်သူမှ ရောင်းမှာ
မဟုတ်ဖူး၊ အလုပ်သွားလုပ်မလား ဘယ်သူမှ မခန့်ဖူး!
သူငယ်ချင်းမိတ်ဆွေ တွေအကူအညီတောင်းမလား?
အရမ်းခင်ရင် တစ်ခေါက်နှစ်ခေါက်တော့အကူအညီပေးမယ်
နောက်ပိုင်းကျရင် မုဒိန်းကောင်နဲ့ပတ်သက် ရင် သူတိုလဲ
သိက္ခာကျလို့ဆိုပီးဘာမှကူညီပေးမှာမဟုတ်ဖူး! အဲ့တော့
အဲ့မုဒိန်းကောင်ဘာလုပ်မလဲ တောင်းစားမလား?
တောင်းစားရင်လဲ ပိုက်ဆံထည့်ဖို့နေနေသာသာဝိုင်းတောင်
ရိုက်သတ်ကြအုံးမယ်! ဒီတော့ နောက်ဆုံးဘာလုပ်မလဲ?
တောထဲသွား သစ်ဥသစ်ဖုစားပေါ့ ကျားကိုက်တော့လဲသေပေါ့..
နောက်ဆုံး လူ့လောကနဲ့အဆက်ပြတ်ပီးစိတ်ဓာတ်တွေကျ
ပီးကိုယ့်ကိုကိုယ်သတ်သေသွားလိမ့်မယ်! ဒါက. Psycho က
တကယ်စွမ်းတယ်! လျှော့တွက်လို့မရဖူးဆိုတာ ပြောချင်တာ!
နောက်တစ်ခု က သိစိတ်နဲ့မသိစိတ် လူတစ်ယောက်မှာ စိတ်
နှစ်မျိုးရှိတယ် ! သိစိတ်ကတော့ သာမာန် ပဲ
မသိစိတ်ကတော့ အရမ်းကိုစွမ်းတယ်! မသိစိတ်အကြောင်း
ဖတ်ချင်ရင် စိတ်ပညာနဲ့ပတ်သက်တဲံ့စာအုပ်တွေမှာ ဖတ်လို့ရတယ်
လူတစ်ယောက်ကိုကိုယ့်ရဲ့သိစိတ်က ခိုင်းနေတာ မဟုတ်ဖူး..
မသိစိတ်က ခိုင်းနေတာ! ဥပမာ ကလေးတစ်ယောက်ကို
လူမှန်းသိတတ်စ အရွယ်ကတည်းက စကားနားလည်တဲ့
အရွယ်ကတည်းကနေ စပီး မင်းကအသုံးမကျတဲ့ကောင်ဆိုပီး
နေ့တိုင်းနေ့စဉ် ရက်ဆက်ပြောပေးကြည့် အဲ့ကလေးကြီးလာရင်
တကယ်အသုံးမကျတဲ့ကောင်ဖြစ်ကိုဖြစ်စေရမယ်!
ဒါကဘာလဲဆိုတော့ သိစိတ်က တော့သာမန်အတိုင်း
နားထောင်လိုက်တာပဲ...ကလေးရဲ့မသိစိတ်ကနေ မှတ်သွားပီ
အဲ့ကလေးကိုတကယ်အသုံးမကျတဲ့ ကောင်ဖြစ်အောင်
ခိုင်းလိုက်တာပဲ! မြန်မာစကားပုံလိုပေါ့ ဥပါဒါန်ကြောင့်
ဥပဒ်ရောက်တယ်ဆိုတာမျိုး ၊ ကိုယ်က ကားတိုက်ခံရမယ် ဆိုပီး
စိတ်ထဲခနခနတွေးနေရင် တကယ်ကားလာတဲ့အချိန်မှာမှ
ကားလမ်း ဖြတ်ကူးမိတာမျိုးတို့ဘာတို့ဖြစ်ကိုဖြစ်တယ်!
ဘာလဲဆိုတော့ မသိစိတ်က သူ့ကိုခိုင်းလိုက်တာ!
အန္တာရာယ်အရမ်းများတယ်! မသိစိတ်ကိုအသုံးချနိုင်ရင်
ကောင်းကျိုးတွေရန်ုင်သလို အသုံးမချတတ်ရင် ဆိုးကျိုးတွေ
ဖြစ်နိုင်တယ် ! စာရှည်နေမှာစိုးလို့ ဒီလောက်ပဲဗျာ ,
ဘာရယ်တော့ မဟုတ်ဖူး နောက်ပိုင်း Steemit ထဲ ဝင်ရွ
မာမို့ စာရေးလေ့ကျင့်နေတာ အားတော့မအားဘူး!
တစ်ခုရှိသေးတယ် တခြားလူနဲ့ Psycho ချင်းပြိုင်ရင်
ကျွန်တော်နိုင်ရင် နိုင်မယ် ကျွန်တော့်ရဲ့စကီနဲ့တော့ မယှဉ်နိုင်ဖူး...
တစ်ခါတစ်လေ ကိုယ်တောင်ရူးချင်ချင်ဖြစ်တယ်
အဲ့လောက်တောင်စွမ်းသဗျာ!
ဒါကြောင့်လဲ နှစ်ချို့ဂူအောင်းခဲ့တာ! 😁😁😁
ခုထိလဲ မနိုင်သေးဖူး! ရှုံးနေဆဲပဲ!
ရှူံးလဲကျေနပ်တယ်လေ
ချစ်လို့အရှုံးပေးထားတာပဲဟာကို😚😚😚
##Credit:S.M.O