လွဲပြီဆိုမှတော့ လွဲကိုလွဲတာပါဘဲ ……
လွဲပါတယ်ဆိုမှ လွဲကိုလွဲတယ်ပြောနေရတယ် ……
မြန်မာစကားကလဲ ပြောရတာခက်သား ။
ဒီအလွဲကို ဘယ်ကစ ပြောရပါ့ ? B Pyae နဲ့ တစုံတယောက် စကားများရာက စတယ်ပေါ့ ။ သူကအူတိုတတ်တော့ ရန်ဖြစ်ရင်အနိုင်လိုချင်တဲ့ B Pyae က သူစိတ်တိုအောင် သူမြင်အောင် တခုခုကိုလုပ်ပြတိုင်း အောင်မြင်ခဲ့တာချည်းပါ ။ ဒီတခါတော့လွဲတာပေါ့နော် ။
credit # photo google search
ထုံးစံအတိုင်း ကိုယ်က သူငယ်ချင်းတွေနဲ့အပြင်ထွက် ဓာတ်ပုံတွေရိုက်ပြီး Steemit တင်လိုက်ရင် သူက အူတွေတိုပြီး ဘယ်လောက်ရန်ဖြစ်ဖြစ် ကိုယ့်ကိုပြန်လာခေါ်နေကျဆိုတော့ B Pyae လဲ လုပ်ပြတာပေါ့ ။
ကိုယ်ထင်သလို ဒီတခါတော့ သူကမဟုတ် ။ B Pyae ကို သူထင်တာက
- သူတောင်ပျော်သေးတာ ငါလဲဘာလို့ မပျော်ရမှာလဲ ?
- သူတောင်မခေါ်ဘဲနေနိုင်သေးတာ ငါလဲနေမယ်
- ငါဘာလို့  ပြန်ခေါ်ရမှာလဲ ? စတဲ့ ကိုယ်ထင်တာနဲ့ ဆန့် ကျင်ဘက်တွေဖြစ်ပြီး ခါတိုင်းလိုမဟုတ်တော့ဘဲ အခြေအနေတွေက တင်းမာလာတော့တာပါ ။
သူ့ရဲ့အထင်ကိုfb မှာသူတင်တာ ကိုယ်ကတွေ့တော့ ကိုယ်ကလည်း ဒေါသပိုဖြစ်ပြီး တကယ့်ရန်သူတွေလိုဖြစ်တော့တဲ့အထိပါဘဲ ။ ကိုရီးယားဇာတ်လမ်းတွဲထဲကလို ပြောရမယ်ဆို ဓာတ်လှေခါးအဝင်အထွက်လွဲသလို လွဲချိန်တန်လို့  လွဲရတယ်ပေါ့ ။
နောက်တခုက B Pyae ရေးတင်ထားတဲ့ အလန်းဇယားစိတ်ကူးယဉ်တဲ့စာဟာ အဆက်တွေနဲ့ ရေးထားပြီးသားပါ ။ ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် မတင်ခဲ့ရဘူး ။ စိတ်ကူးရေးထားတဲ့နောက်အပိုင်းတွေမှာ တစုံတယောက်ပါနေပါတယ် ။ အဲ့ဒီတစုံတယောက်က အခု B Pyae နဲ့က စိတ်ကူးထဲကလို မဟုတ်တော့တဲ့အတွက် အပိုင်းဆက်တွေတင်ဘို့ လည်း လွဲခဲ့ရပါတယ် ။
ခုလိုရေးသားလိုက်လို့  တစုံတယောက်ဖတ်မိခဲ့လို့  B Pyae ကိုဆက်တင်ဘို့ လာပြောရင်လဲ လက်မခံပါဘူး ။ သူလက်ခံအောင်ရေးသားခြင်းမျိုးမဟုတ်ပါဘူး ။ B Pyae ရဲ့ နေ့စဉ်ဖြစ်တဲ့ life ကို MSC ကလည်း copy မတင်ရတဲ့အတွက် Own အစစ်ကို ရေးသားခြင်းဖြစ်တဲ့အတွက် လွဲတဲ့အလွဲကို ဦးတည်ရေးသားခြင်းပါ ။
credit # photo google search
B Pyae နဲ့ အလွဲလေးများကိုဖတ်ပေးတဲ့အတွက် ကျေးဇူးပါရှင် ။ MSC အကိုအမများ မင်္ဂလာပါ ။
MSC 021