မင်္ဂလာပါ MSC မှ အကိုအမများရှင် ။
B Pyae ရဲ့အမှားစီးရီးလေးကို ဆက်ရေးပြီး တင်အုံးမယ်နော် ။ သီးခံဖတ်ပေးကြပါလို့  တောင်းပန်ပါသည် ။
ပုဂံကကျောင်းမှာ မတည်းဘဲ B Pyaeတို့ က ညောင်ဦးက Hotel မှာတည်းတော့ wifi သုံးလို့ ရတော့ အဆင်ပြေသွားတယ်ပေါ့ ။
ဒီအဆင်ပြေမှုက ခနပါဘဲ ။ တနာရီလောက်ကြာကြာသုံးပီးတော့ လိုင်းကမကောင်းတော့ဘူး ။ အဲဒါနဲ့B Pyae လုပ်နေတဲ့ Airdrop ကို မနေ့ကအသင့်ဝယ်ထားတဲ့ bill 2000 ရဲ့mb ကို သုံးရတော့တာပေါ့ ။
Airdrop ကလည်း B Pyaeတို့ တရွာလုံးမှာခေတ်စားနေတဲ့စီးပွားရေးဆိုတော့ B Pyae လဲလုပ်ချင်တာပေါ့ ။ လုပ်တဲ့ aurdropတွေကလည်းစုံလွန်းလို့  မမှတ်မိအောင်ပါဘဲ ။
ပုဂံမှာမြင်သမျှရိုက်လာတဲ့ပုံတွေလည်းတင် ဒါတင်အားမရသေးဘူး google က အရက်ပုလင်းတွေလည်း download ဆွဲနဲ့ ဇွဲနဲ့လုပ်လာလိုက်တာ အဝိုင်းလည်သွားမှရပ်တော့တာပါဘဲ ။ တေည်သေးတာပေါ့ အရက်ပုလင်းပုံ၂၀ဒေါင်းပြီးသွားလို့ ။
မနေ့ ကလိုဘဲ ထုံးစံအတိုင်း ဘေစစ်လိုက်ပါတယ် ။ ဟိုက် ! လုပ်ချလိုက်ပြန်ပီ oredoo က ။ bonus လဲကုန် ဝယ်ထားတဲ့ mb က လက်ကျန်20 mb တဲ့ ။ ဒါကြောင့်အဝိုင်းက လည်နေတာပါလားနော် ။
မှားပြန်ပြီ ဒီနေ့ လည်းပေါ့ ။ Airdrop လုပ်တာ လက်ရှိမှာ မသေချာသေးတဲ့ coin ကို ရင်တမမနဲ့မျှော်နေရတဲ့အလုပ်မှန်းသိရက်နဲ့ လုပ်မိတဲ့အမှား ။ လက်ရှိမှာက ကုန်လိုက်တဲ့ bill ။ ရတဲ့အခါမှ အမြတ်ပေါ့လေ ။
နောက်အမှားတခုက လက်ရှိရနေတဲ့ steemit ကျ ဈေးကျလို့  အရနည်းတယ် B Pyae စိတ်ထဲတွေးပြီး အရင်လို မရေးဖြစ်တော့ တပြားမှမရ ။ ရေးနေရင် လက်ရှိဝင်နေအုံးမှာကို မရေးမိလေခြင်းဆိုတဲ့ နောင်တရမိတာပေါ့ ။
B Pyae အမှားတွေကလဲ လက်ရှိရနေတာလဲ မရေးတင်တော့ မရတဲ့အပြင် လက်ရှိမသေချာသေးတဲ့ဟာလုပ်မိတော့ လက်ရှိမှာ ဘာမှမရတာတွေဘဲ များနေတော့တာပေါ့လေ ။
နောက်ထပ်အမှား အမှားတွေကို ဆက်ရန်ကျန်နေပါသေးတယ် ။ နောက်မှထပ်ရေးတင်ပါ့မယ်ရှင့် ။ MSC မှ အကိုအမများ ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာကြပါစေ ။ လိုအင်ဆန္ဒများ ပြည့်ဝပြီး အောင်မြင်ကြပါစေလို့  ဆုတောင်းလိုက်ပါတယ် ။
MSC 021