အေးစက်စက် အသိတွေနဲ့
ဝေးသွားမှန်းမသိ ဝေးသွားခဲ့တာများ
ဆန့် ကျင်ဘက်မျဉ်းပြိုင်နှစ်ကြောင်းလို
စထွက်တုန်းခန ဆုံကြတာများလားကွယ် …………
လို့  စာရွက်ခေါက်လေးကို ဖတ်ပြီးချိန်မှာတော့ ရင်ထဲမှာ ဟာတာတာနဲ့ လွမ်းမိသလိုလို သတိရမိသလိုလို ရှိလာတာကြောင့် စာတစ်စောင်ရေးပေးပြီး အဆက်ဖြတ်သွားတဲ့သူ့ ကို ရည်ရွယ်ပြီး ဤစာသားလေးရေးမိလိုက်ပါတယ် ။
မေ့လျော့နေပေမယ့် တိုက်ဆိုင်မှုရှိလာတဲ့အခါ ပတ်သက်ခဲ့သမျှတွေဟာ အသစ်ပြန်တွေးမိသလို ဖြစ်နေပါတယ် ။ သူနဲ့ကျမရဲ့ သတိရစရာလေးတွေကိုလည်း ပြန်မြင်ယောင်မိလာပါတယ် ။ စိတ်ညစ်စရာတွေတော့ ပြန်မစဉ်းစားချင်တော့လို့  ရေးမပြတော့ဘူးနော် ။
သူနဲ့ပတ်သက်တဲ့ ကျမပျော်ရွှင်ခဲ့ရတာတွေကို ပြန်စဉ်းစားမိပါတယ် ။ ကျမစိတ်ကောက်တိုင်း မနေတတ်ဘူး စိတ်ကောက်ပြေပါတော့ အကြိမ်ကြိမ်ပြောနေတတ်တဲ့ ဖုန်းထဲက သူ့ အသံရယ်
facebook messenger chat box ထဲမှာ ရေးထားခဲ့တဲ့ သူ့ စာလေးတွေကို မြင်ပြီး စိတ်ကောက်ပြေခဲ့ရတာလေ ။
စိတ်ကောက်တတ်တဲ့ကျမကလည်း အကျင့်က မကောင်းဘူးရယ် ။ အဲ့ဒီအချိန်က တကယ်လဲ မခေါ်ဘဲမနေနိုင်ခဲ့ပါဘူး ။ ဒါပေမယ့် သူနဲ့ကျမ အမြဲတွေ့နေကျလိုလို စိတ်ကူးယဉ်ခဲ့ရသော နေရာလေးတခုဖြစ်တဲ့ ကျမတို့ စကားပြောနေကျ chat box ကို သူစာပို့ လို့ မရအောင် ဘလော့တာမျိုးနဲ့ facebook account ကို unfriend လုပ်တာမျိုးတွေကို ကျမစိတ်ကောက်တိုင်း လုပ်တတ်ပါတယ် ။
သူက facebook messenger မှာစာပို့ မရတဲ့အခါနဲ့ ကျမအကောင့် မီးစိမ်းမမြင် active မဖြစ်ရင် ဖုန်းခေါ်မှာကိုလည်း ကျမကြိုသိနေတတ်တော့ ဖုန်းလေးလက်ထဲကိုင်ပြီး သူပြန်အချော့ကို စိတ်ကောက်ရင်း မျှော်နေမိရတာဟာ ကျမအလုပ်တခုပေါ့ ။ ကျမတွေးထားသလို သူဖုန်းခေါ်ပါတယ် ။ မိန်းကလေးဆိုတော့လည်း ကိုယ့်ချစ်သူအပေါ် ဆိုးချင် နွဲ့ချင် မိကြတာတော့ သဘာဝဘဲလေ ။
ကျမဖုန်းကို သူပထမတစ်ခါခေါ်ရင် ကျမက စိတ်ကောက်နေတော့ ချက်ချင်းမကိုင်ဘဲ နေတတ်ပြီး သူနောက်တခါ ထပ်မခေါ်တော့မှာကိုလည်း စိတ်ကပူရသေးတဲ့ ကျမအဖြစ်ကလဲ လွယ်တော့မလွယ်ပါ ။ ဒုတိယအကြိမ် သူပြန်ခေါ်တော့ ရင်ထဲမှာ ပျော်ရွှင်ကြည်နူးခဲ့ရပါတယ် ။
အဲ့ဒီအချိန်တုန်းကတော့ ကျမဟာ သူသိပ်ချစ်တဲ့သူတစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း စာရွက်ခေါက်ကလေးပေးပြီးချိန်မှာတော့ ကျမဟာ သူပြစ်သွားခဲ့သူတစ်ယောက် ဖြစ်နေခဲ့ပါပြီ ။ ပျော်စရာ ပြန်တွေးမိနေရင်းကို လက်ရှိ ကိုယ့်အဖြစ်လေးက ကြားဖြတ်ပြီး အတွေးထဲရောက်လာသေးတယ် ။
ကျမရဲ့ အတိတ်က ရင်ခုန်စရာ ပျော်စရာ အတွေးလဲ ပြတ်သွားတော့ ဆက်မတွေးတော့ဘဲ သူဘယ်တွေသွားပြီး ခုဆို ဘယ်သူနဲ့သူပျော်နေမလဲ ?
သူအဆင်ပြေပါရဲ့လား ? သိချင်နေမိသေးတဲ့ ကျမအဖြစ်ပါ ။
photo credit # facebook search
Steemit မှသူငယ်ချင်းများအားလုံး ချစ်သောသူနဲ့ ဝေးကွာရခြင်းမှ ကင်းလွတ်ကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ် ။ အရာရာ အောင်မြင်ကြပါစေရှင်……
MSC ( 021 )