steemit မှာ သိုင်းအကြောင်းတွေရေးတင်လာတာဖတ်ရတော့ ကျမလဲရေးချင်တင်ဘို့စဉ်းစားလာခဲ့ပေမယ့် စိတ်ကူးကမရဘူးဖြစ်နေတယ်
တိုက်ဆိုင်လာတော့လည်း သိပ်စဉ်းစားဘို့ မလိုဘဲ အလိုလိုရေးစရာက တွေ့လာခဲ့ပါရော
ကျမမောင်လေးရဲ့ photo လေးတွေကို အရင်က ကျမတင်ဘူးပါတယ်
သူ့ကိုကရာတေးသင်တန်းတက်ခိုင်းထားတာတနှစ်လောက်ရှိပါတော့မယ်
ကျမကလဲမနှစ်ကအဆောင်မှာစာသင်ရတော့မောင်လေးနဲ့သိပ်မတွေ့ရပါဘူး သူ့ရဲ့ကရာတေးအဆင့်စာမေးပွဲအောင်တာလောက်သတိထားမိတာပေါ့
ကျမနဲ့အခုအိမ်မှာပြန်ဆုံကျမှ သူ့သင်တန်းအကြာင်းနဲ့သူ့ အခြေအနေရေရေလည်လည်သိရတာပါ
မောင်လေးက ခါးပတ်အပြာအဆင့်မှာပါ
ဒီနေ့ သူ့ ဆရာက အိမ်က ဝါးဒုတ်အရှည်တချောင်းနဲ့နံချပ်ကူတခု ယူလာဘို့ မှာတော့ ကျမတို့ သူ့ ကို ဝယ်ပေးရတာပေါ့
သူ့ကိုသင်တန်းပို့ပီးပြန်ကြိုလာကထဲက ကျမတို့ တအိမ်လုံးလဲ အညိမ်မနေရတော့တာပါ
သင်တန်းကဆရာသင်ပေးလိုက်တဲ့ ဝါးတုတ်ရှည်ကိုကိုင်ပီး ရှေ့တလှမ်းတိုးလိုက် ပါးစပ်ကလဲ အော်လိုက်နဲ့ သူ့တယောက်ထဲရှုပ်နေတော့ပါ အိမ်မှာက အမေကသစ်ခွပန်းတွေစိုက်ထားတော့ သူ့ အပင်တွေခိုင်းမိတော့မှာ နောက်ထဲသွားလေ့ကျင့်အော်ရင် သူကနောက်ကိုရောက်လာပြီးလေ့ကျင့်ပြန်ရော
နောက်ရောက်တော့ ကျမအဒေါ်က အိမ်တံခါးမှန်တွေကွဲလိမ့်မယ် ဒုတ်ကြီးတရမ်းရမ်းနဲ့အော်ပြန်ရော ဒါနဲ့ကျမတို့ ထိုင်နေတဲ့အိမ်အလည်ထဲ သူလာပြီးလေ့ကျင့်တာပေါ့
အိမ်ထဲမှာကအခန်းတွေရှိတော့ ကျမအဖိုးကအခန်းထဲကထွက်အလာ
သူက ပါးစပ်ကတအိအိအော်ပီး ဒုတ်ကိုရမ်းနေတာ သူ့ အရှိန်နဲ့သူဆိုတော့ အဖိုးကိုမမြင်ဘဲ ရမ်းထည့်လိုက်တာ ကျမအဖိုးကိုခိုင်းမိတာပေါ့ အဖိုးလဲသွားကို ချက်ချင်းပြေးထူရတာတမျိုး သူ့ ကိုရီရတာတမျိုးနဲ့ တအိမ်လုံးဆူညံကုန်တော့တာ
သူရဲ့ဒုတ်ရမ်းတဲ့ကရာတေးပညာကတော့ ပွဲဦးထွက်အဖိုးကို ပြလိုက်တာပါ
နောက်တနေ့ကျ သင်တန်းကို တခါသွားပို့ ပီး ကျမတိုလ့ပြန်ကြိုလာရင်း သူ့ကိုပြောရတာပေါ့ အဖိုးခါးနာနေတာနော် ဒုတ်ကြီးရမ်းပီးအိမ်မှာမကျင့်နဲ့အုံး အဆူခံရလိမ့်မယ်လို့ ပြောတော့ ဟုတ်တဲ့ သူပြန်ဖြေတာ မောင်လေးမှာက ကလေးဆိုတော့ သင်လိုက်တဲ့နည်းကလည်း ဒုတ်ကိုင် နံချပ်ကူကိုင်ရတာဆိုတော့ အတော်တက်ကြွနေတာပါ အိမ်ရောက်တော့သူခနနားပီး ဒုတ်မကိုင်ဘဲ နံချပ်ကူကြီးထုတ်ပီး ရမ်းတော့တာ ကျမကလဲ ကြည့်နေတော့ သူကလုပ်ပြတော့တာပညာကုန် သူသင်ခဲ့သမျှပေါ့
ဒီတခါသူကပါးစပ်က တအိအိမအော်ဘူး နံချပ်ကူရမ်းပြီး ဘယ်လိုရမ်းရတယ်ဆရာကပြောလိုက်တာ အရမ်းမတော်ရင် အချိန်အဆမှားရင် ကိုယ့်ကိုခိုင်းမိတတ်တယ် သူကပြောပြတာ
ကျမကလဲ သူရမ်းပြနေတောဟုတ်နေတော့ မောင်လေးကတော်လိုက်တာ ပြိုင်ပွဲတွေပါအောင်လေ့ကျင့်ပေါ့ အားပေးရတာ
သူကလဲ ဒီနေ့ သင်တန်းမှာ လူအသစ်လာအပ်တာ အဲ့ဒီအကိုကြီးက ကျမအသက်အရွယ်လောက်ရှိပြီ ခုမှစသင်မှာဆိုတော့ သားကခါးပတ်အပြာဆိုတော့ သားကိုအလေးပြုအရိုအသေပေးရတယ်ပေါ့သူကပြောပြတာ
ပါးစပ်ကလဲပြောရင်း နံချပ်ကူကလဲလေ့ကျင့်ရင်း သူ့ကိုဆရာကဒီတခါ စာမေးပွဲဖြေလို့ ခါးပတ်အညိုရောက်ရင် အငယ်တန်းပြိုင်ပွဲထည့်မှာ ဒါကြောင့်သားက လေ့ကျင့်နေတာဆိုပီး ပြောပြောနဲ့နံချပ်ကူကို ရမ်းပြလိုက်တာ အမေစိုက်ထားတဲ့သစ်ခွအိုးကိုထိပီး ဂွပ်ကနဲကွဲပီး သစ်ခွပင်ပြုတ်ကျပါလေရော လုပ်ပြန်ပီလားဟဆိုပီး အိမ်ထဲက အမေအဖေထွက်လာပြီးအော်တော့ပေါ့ မောင်လေးကအိမ်နောက်ထဲထွက်ပြေး ကျမကလဲရီ ဆူညံနေပြန်ရော
ဒါကတော့ကျမမောင်လေးရဲ့ နံချပ်ကူပညာပေါ့
အဖိုးကလဲအခန်းထဲနေ ကလေးကိုဒီသင်တန်းပို့ တာ မင်းအစလုပ်တာဆိုပီး ကျမအဖေကိုဆူပါတယ်
ကျမအမေကလဲ ကျမအဖေကို ရှင်တို့ သားအဖကြောင့် သူ့အဖေ(ကျမအဖိုး)ခါးကျိုးတော့မလိုအော်ပြန်ရော
ကျမအဖေကလည်း ကျမကြည့်နေပါရက်နဲ့ ကလေးကိုမပြောလို့ဆိုပြီး ကျမကိုထပ်ဆူပါတယ် ကျမကလဲ ဘယ်ရမလဲ မောင်လေးကိုထပ်ဆူတာပေါ့ အေးအေးဆေးဆေးမလေ့ကျင့်ဘဲ ပါးစပ်ကစကားတွေပြောနေတာကိုးလို့ ဆူတာပေါ့
အဲ့ဒီမှာကျမမောင်လေး ဟိုကြည့်ဒီကြည့်လုပပီး ကျမမွေးထားတဲ့ခွေးဆီကိုမပြောမဆိုနဲ့ နံချပ်ကူနဲ့လှမ်းပစ်လိုက်တာ ကျမခွေးလေးခေါင်းမှန်သွားတာ အော်လိုက်တာ တဂိမ်ဂိမ်နဲ့ပေါ့
ရီလဲရီကြတော့ပေါ့တအိမ်လုံး ပြောလိုက်ရီလိုက်နဲ့ဆူညံကုန်ပါရော
ကျမမောင်လေးရဲ့ ကရာတေးသင်တန်းကသင်ပေးလိုက်တဲ့ ဝါးဒုတ်ရှည်နဲ့ နံချပ်ကူပညာကတော့ စာဖတ်သူများသိလောက်ပါပြီ ကြိုတင်ကာကွယ်ထားဘို့ တော့လိုလိမ့်မယ်ထင်ပါတယ်နော်
steemit myanmar group က အကိုတွေရဲ့သိုင်းပြိုင်ပွဲတွေထဲ ဝင်ပြိုင်ဘို့ စာရင်းပေးရန်သာလိုပါတော့တယ်
steemit friends များအားလုံး အောင်မြင်ပါစေလို့ဆုတောင်းရင်း မင်္ဂလာပါလို့  နှုတ်ဆက်ပါတယ်ရှင်