ဘာမှနားမလည်ဘဲ ဘယ်သူတွေဘာလုပ်လုပ် ဘာမှမစဉ်းစားဘဲ ဘာတွေလုပ်မိတယ်ဆိုတာကို ဘာမှမမှတ်မိတော့တဲ့အထိဖြစ်ခဲ့ရပါတယ် ။ ဘာအလုပ်ကို လုပ်လုပ် online အလုပ်ဆိုအရှုံးနဲ့စခဲ့ရတာများလာတဲ့ကျမအတွက်တော့ ဘာမှမလုပ်ရဲတော့အောင် ကြောက်လာမိပါတယ် ။
ဘာမှမလုပ်လို့ အခုအခြေအနေမှာရပေမယ့် ဘာမှမလေ့လာဘဲက နေလို့ မရပြန်တော့ ဘာဘဲဖြစ်ဖြစ်နောင်တချိန်မှာ စိတ်ပါလာရင် ဒီ online ငွေရှာတာနဲ့ပတ်သက်ပြီး လူလိမ်မခံရလေအောင် သိထားတတ်ထားဘို့ အတွက်ကလိုပါတယ် ။
ပြောနေရင်းကနေ ဒီနက်မနက်ကစပြီး MSC group ထဲမှာ sbd ဈေးတွေတက်ပြီး steem ဈေးတွေကျနေပြီ ဝယ်ထားကြပါ စုထားကြပါဆိုတဲ့ အမျိုးတွေရဲ့ သတိပေးတဲ့စာတွေက တတိန်တိန်နဲ့ noti တက်လာလေတော့ ဘာမှမစဉ်းစားဘဲ ရှိတဲ့ sbdလေး 10 ကို steem လေးဝယ်လိုက်တာ 21 ရခဲ့တာပေါ့ ။ ခါတိုင်းဈေးထက် တဝက်နီးပါးဈေးကျသွားတော့ steem လေးပိုရတော့ ပျော်တာပေါ့နော့ ။ စုရဆောင်းရတာ မလွယ်လှပါဘူး ။
Steem လေးစုထားမိပြန်တော့လဲ လောဘကမနေနိုင်ဘူးလေ ။ ဈေးတက်ပါစေဆိုပြီး ဆုတောင်းရတာလည်း အကြိမ်ကြိမ်ပေါ့ ။ စာမေးပွဲဖြေပြီးလို့  အောင်စာရင်းထွက်လာရင် အောင်ပါစေလို့  ဆုတောင်းမိတာထက် အကြိမ်ရေပိုများတာ ကိုယ့်ဘာကိုယ်လဲ သတိမိပါတယ် ။
လောဘက ဒါနဲ့တင်မပြီးသေးဘူးလေ ကိုယ့်အစ်မအကောင့်ထဲ sbd နဲ့ steem ရှိလေမလားဆိုပြီး သူ့ အကောင့် wallet ထဲဝင် ချောင်းရသေးတာလေ ။ အဲ့လိုချောင်းမိပြန်တော့ လောဘကထပ်တက်မိလာပြန်တယ် ။ steem နဲ့ sbd အရေအတွက်ကိုမြင်ပြီး ငါ့အကောင့်ထဲများနဲနဲလေးဖြစ်ဖြစ် သူမသိအောင်လွှဲထားရမလားဆိုပြီး ဘတ်ကီးရိုက်ချင်သေးတာ ခ်ခ် ။
နောက်ဆုံးတွေးမိတာက အကုန်လွှဲထားလိုက်မယ်ပေါ့ ။ သူမေးရင် ကိုယ်က သူ့ ထက်အချိန်ပိုအားနေလို့  ပိုရလာအောင် trade ပေးမယ်ဆိုပြီးပြောလိုက်မယ် တွေးမိပြန်ရော ။ ဒီညတော့ ဘာဘဲဖြစ်ဖြစ် အဲ့ဒီအကြံကို အကောင်အထည်ဖော်မှဖြစ်တော့မယ် ။ လွယ်တော့ မလွယ်ဘူးလေ ရိုးသားစွာဝန်ခံတတ်ရတာပေါ့ ။
ဖေ့စ်ဘုတ်လေးဖွင့်ပြီး newfeed မှာ steem ဈေးလေးနားစွင့်ရင်း ဘယ်သူကဘာ coin လေးတွေဝယ်ထားကြနော် ဈေးတက်ဘို့ ရှိတယ်နော်ဆိုပြီး သူတို့ ချပေးသမျှ links တွေထဲဝင် ဘာမှမသိသေးလဲ အကောင့်ဖွင့်ပြီး ထုံးစံမပျက်အောင် ဝင်စပ်စုလိုက်ပါအုံးမယ်လေ ။
ခုအချိန်ကြည့်တော့ ည၆နာရီဆိုတော့ ထမင်းစားထားတော့မယ် ။ စားပြီးရင် လိုင်းပေါ်ကသူငယ်ချင်းတွေတချို့ကို ဖုန်းဘေလ်တို့  sbd တို့  steemတို့ နဲ့ တခြားဘာဘာညာညာလေးတွေချေးထားတာ အကြွေးလိုက်တောင်းမယ် ။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ကတော့ ဟုတ်နေတာပေါ့နော့ ။
steemit မှာ promotion တင်ဘို့ ကလည်း ဘာရေးရမှန်းကို မစဉ်းစားတတ်တော့လို့  မတင်ဖြစ်တာ ၃ရက်လောက်ရှိနေပြီ ။ မတင်ဖြစ်တော့ အရင်းမစိုက်ရဘဲ အလကားရတဲ့ sbd နဲ့ steem လဲဘယ်ရမလဲလေ ။ ကျောင်းကလဲတက်င်္သေးတာ ။ ကျောင်းတက်ချိန်ပြီးတော့ သင်တန်းကတက်ရပြန်တာလေ ။ ဒီကြားထဲ ရတဲ့အချိန်လေးကို chat box မှာက စကားပြောရတာကြောင့် တနေ့ မှာ ၂၄နာရီဘဲရှိတဲ့အချိန်က မလုံလောက်သလိုထင်မိတာပေါ့နော် ။
ဒီလိုနဲ့ဘဲ ဘယ်တိုင်းပြည်ကစမှန်းမသိတဲ့ ဘယ်လူမျိုးတွေလုပ်ကြတဲ့ ဘယ် online ငွေကြေးတွေကို ဘယ်လိုဝယ်စုရင် ဘယ်လိုကြီးပွားမလဲဆိုပြီး ဘာတွေတွေးမိပြီး ဘယ်လိုစိတ်ကူးယဉ်လုပ်မိနေမှန်းကို မသိတော့တာပါ ။ အဲ့တော့ ကျမစဉ်းစားမိတာချရေးကြည့်တာ steemit post တပုဒ်ရနေပြီဆိုတော့ တင်လိုက်ပါအုံးမယ်လေ ။ မသိဘူး တင်မယ် ။
steemit သူငယ်ချင်းများ မင်္ဂလာပါရှင် ။
ကျမလို ဘာတွေလုပ်နေကြတယ်ဆိုတာလဲ ဖြစ်နိုင်ရင် ပြောပြပါလား ။
ဘယ်သူတွေဆီက ဘာပညာတွေလေ့လာလို့  ဘယ်လောက်ထိနားလည်နေပြီဆိုလဲ ဘာဘဲဖြစ်ဖြစ် ဆွေးနွေးကြမယ်လေ ။
MSC 021