စည်ကားလာပြီဖြစ်သော MSC promotion နှင့် ထို ပရိုမိုးရှင်းပိုစ့်များတွင် comments တွေလည်းဝေဆာလာခဲ့ပြန်ပါပြီ ။
ဒါဟာ MSC ရဲ့ leader ဖြစ်သော အကိုကြီးရဲ့ မန်ဘာတွေအပေါ်စေတနာမှုက ပေါ်လွင်သလို မန်ဘာများကလည်း လီဒါကို ချစ်ခင်လေးစားတာဟာလည်း အပြန်အလှန် ပေါ်လွင်လာတာကို ပြသခြင်းပါဘဲ ။
ပီးခဲ့သော Sunday က MSC Members အားလုံးနှင်လ meeting လုပ်ရင်း ဆွေးနွေးတင်ပြခြင်းများကလည်း စည်းလုံးညီညွတ်စေတယ်လို့  B Pyae ထင်မိပါတယ် ။
မန်ဘာများ တဦးနဲ့တဦးဟာ မိမိအလှည့်ကျတဲ့ promotion ရက်ကို post ရေးတင်ကြ ကျရာအုပ်စုတွင်သာ အများစုက vote / comment ပေးကြနဲ့ ဘာရယ်တော့မဟုတ် သီးသန့်နေလာကြသလို ဖြစ်နေခဲ့တာ လအတော်ကြာခဲ့ကြပါတယ် ။
Leader ကလည်း မိမိစီးပွားရေးလုပ်ငန်းတဖက်နဲ့ဆိုတော့ မအားလပ်တာနဲ့ကြုံကြိုက်သွားပြီး MSC promotion ကို မြင်သာမြင် အချိန်မအားလပ်တော့ မပြောနိုင်အားခဲ့ပါ ။ အခုအပတ်မှာတော့ အချိန်အားတာနဲ့အမျှ MSC အပေါ်ကို ကျစ်လစ်သိပ်သည်း စည်းကမ်းပိုမိုရှိစေရန် ရည်ရွယ်လျှက် လိုအပ်တာများကို ပြင်ဆင်ပြောင်းလဲရင်း မန်ဘာများကိုလည်း လှိုက်လှဲပျုငှာစွာ အားပေးစကားဆိုပါတော့တယ် ။
အပြန်အလှန် အလေးထားကြရင်းဖြင့် MSC promotion လေးပြန်လည်စည်ကားခဲ့ပြီး အခုဆိုရင် မန်ဘာအချင်းချင်းပိုမိုရင်းနှီးပြီး ချစ်ခင်လာတာဟာ လက်တွေ့ပါဘဲ ။
ဘယ်အသင်းအဖွဲ့မှာဖြစ်ဖြစ် ခေါင်းဆောင်းတယောက်ပီသဘို့ နဲ့ မှန်ကန်တည်ကြည်ပြီး အသင်းအတွက် တိုးတက်ရာ တိုးတက်ကြောင်း နည်းလမ်းကောင်းများကို လမ်းပြပေးနိုင်သူ ခေါင်းဆောင်ကောင်းတယောက် ရှိသင့်ပါတယ် ။
photo # credit
ဤသို့ သော ခေါင်းဆောင်ကောင်းတယောက်ရှိသော B Pyae တို့ ၏ MSC သည်ကား တိုးတက်ရန် မခက်ခဲတော့ပါ ။ B Pyae တို့ ကသာ ကြိုးစားရေးသားကြဘို့ ဘဲလိုအပ်တာကြောင့် ရှေ့ဆက်ရမယ့်ပန်းတိုင်ကို အောင်မြင်စွာ အတူလက်တွဲလျှောက်လှမ်းကြပါစို့ လို့  တိုက်တွန်းချင်ပါတယ်ရှင် ။
MSC 021