photo#facebook search
မြန်မာနိုင်ငံရဲ့မိုးရာသီနောက်ဆုံးလဟာ သီတင်းကျွတ်လဖြစ်ပါတယ် သီတင်းကျွတ်လမှာတော့ ကျောင်းပိတ်ရက်တပတ် ဆယ်ရက်ပိတ်ကြပီး သီတင်းကျွတ်လပြည့်နေ့မှာ မီးထွန်းပွဲတော်ကျင်းပလေ့ရှိပါတယ်
ဗုဒ္ဓဘာသာကိုးကွယ်သူအားလုံးရဲ့ ဂေါတမဘုရားရှင်ရဲ့ တရားထူး တရားဦးကို စတင်နာကြားရသော သီတင်းကျွတ်လပြည့်နေ့ကို နေ့ ထူးနေ့မြတ်အဖြစ်သတ်မှတ်ပီး ဓမ္မစင်္ကြာနေ့ ဟုလည်းခေါ်ဆိုကြပါတယ် ရုံးများလည်းပိတ်ရက်အဖြစ်သတ်မှတ်ပေးပါတယ်
မြန်မာနိုင်ငံမှာရှိသော ဗုဒ္ဓဘာသာများဟာ ဝါဆိုလပြည့်နေ့မှစ၍ တော်သတင်းလနှင့်သီသတင်းကျွတ်လပြည့်နေ့ထိနေ့ရက်များကိုပေါင်း၍ ဝါတွင်း၃လဟု ခေါ်ဆိုကြပါသေးတယ်
ထိုလများတွင် တရားစခန်းများဝင်ပီး တရားအားထုပ်ကျင့်ကြံကြပါတယ်
ဘုန်းကြီးများကလည်း မိမိတို့ ရောက်ရာနေရာကကျောင်းများကနေ ဝါဆိုကြရပါတယ်သီတင်းကျွတ်လပြည့်ပီးနောက်တနေ့ သီတင်းကျွတ်လပြည့်ကျော်၁ရက်ကစပီး ဝါကျွတ်တယ်လို့ ဆိုပါတယ်
ဝါဆိုလပြည့်နေ့ မှစ၍ ဝါဝင်သည်ဟုခေါ်ပါတယ်
ထို့ ကြောင့် ဝါလကင်းလွတ် သတင်းကျွတ်ဟုလည်း ခေါ်ဆိုကြပါတယ်
ဝါကျွတ်ရက်ရောက်မှသာ တရားစခန်းမှတရားအားထုတ်သော ယောဂီအားလုံးရော ဘုန်းကြီးများရော ဝါထွက်ပီး မိမိတို့ နေထိုင်ရာသို့ ပြန်ကြပါတယ်
photo# facebook search
သီတင်းကျွတ်လပြည့်နေ့ညတွင်
ဘုရားများတွင် ဆီမီးပူဇော်ခြင်း
အိမ်များလမ်းများတွင်လည်း ဆီးမီးအလှထွန်းခြင်း
စေတီပုထိုးဘုရားများတွင် မိမိပူဇော်သော ဖယောင်းတိုင်အရေအတွက်အပေါ်မူတည်ပြီး ဆီမီးတထောင် ဆီမီးတသောင်း စသည့်ဖြင့်အမည်တပ်၍ ဘုရားကို ရှီခိုးပူဇော်ကြပါတယ်
ဆီမီးခွက်များတွင် လောင်စာဆီထည့်ပီးလည်း တချို့က မီးပူဇော်ကြပါတယ်
ဝါဆိုလပြည့်နေ့မှာ မိဘဆွေမျိုးဆရာသမားနှင့် လေးစားထိုက်သူများအားလုံးကို ကန်တော့ကြပါတယ်
အသက်ကြီးသောအဖိုးအဖွားများကို အလှူရှင်များစုပေါင်းပြီး သက်ကြီးပူဇော်ပွဲများကျင်းပကာ လှူဒါန်းရှိခိုးကြပါတယ်
ငါးလွှတ်ခြင်း ငှက်လွှတ်ခြင်း တိရိစ္ဆာန်များကိုဘေးမဲ့လွှတ်ခြင်းဖြင့် ကုသိုလ်ယူကြပါတယ်
photo# facebook search
ကျမကတော့ မုန့် ဘိုးပေးထားသောပက်ဆံများကိုစုပြီး မိဘ၂ပါးကို ကန်တော့ရန် စိတ်ကူးပီး ကန်တော့ဘို့ ပစ္စည်းလဲဝယ်ပြီးပါပီ
ကျမကန်တော့တိုင်း မိဘများကမုန့် ဘိုးပြန်ပေးခြင်းနှင့် ကျမကိုဆုတောင်းပေးခြင်းများလုပ်တတ်တာကို သိနေတဲ့ကျမက
မိဘများပြန်ပေးသောမုန့် ဘိုးနှင့် ကျမကျန်နေသောပက်ဆံကိုပေါင်းပြီး
ဆွေမျိုးဆရာသမားများကို ထပ်မံကန်တော့ရန်ရည်ရွယ်ထားမိတာပေါ့
မိဘများက ကျမကန်တော့လို့  ကျမကို "" သမီးလေး ကျန်းမာချမ်းသာပါစေ လူချစ်လူခင်ပေါပီး ပညာတတ်ကြီးဖြစ်ပါစေ လိုရာမှန်သမျှလည်းရပါစေကွယ် "" ဟုဆုတောင်းပေးတဲ့အသံကြောင့် ကျမအလွန်ဝမ်းသာပီတိဖြစ်မိတာပေါ့
သီတင်းကျွတ်လပြည့်နေ့ညမှာတော့ မောင်လေးနဲ့အတူအိမ်မှာ မီးအလှဆင် ဆီးမီးထွန်းရန်အတွက်ရယ် ရပ်ကွက်ဓမ္မာရုံဘုရားမှာ ဆီမီးတထောင်ကပ်လှူပူဇော်မှာပါ ဆီမီးတထောင်ပူဇော်ရာတွင် ငြိမ်းသွားတတ်သောဖယောင်းတိုင်များကို မီးခြစ်တလုံးဖြင့် မီးပြန်လည်ထွန်းညှိပေးရတာလည်း အလုအယက်နဲ့ ပျော်စရာပေါ့
ဗုဒ္ဓဘာသာမဟုတ်သောလူများကလည်း မီးအလှဆင်ထွန်းကြပါတယ်
မြန်မာတနိုင်ငံလုံးရှိအိမ်များ ဈေးဆိုင်ငယ်မှအစ ကုန်တိုက်ကြီးများအဆုံး
သီတင်းကျွတ်မီးထွန်းပွဲပြုလုပ်သောအနေဖြင့် မီးပုံးများ လျှပ်စစ်မီးအလှများဖြင့် ပုံစံအမျိုးမျိုးအလှဆင်ကာ ဆင်နွှဲကြပါတယ်
photo# facebook search
သီတင်းကျွတ်လပြည့်နေ့ဟာ ကျမအတွက် မုန့် ဘိုးလဲရ ကုသိုလ်လဲရတဲ့ အမှတ်တရ ပျော်ရွှင်စရာနေ့ တခုပါ steemit friends များလည်း သီတင်းကျွတ်လပြည့်နေ့မှာ ဆီးမီးပူဇော်ခြင်း မိဘဆရာနှင့်ဘိုးဘွားများအားရိုသေကန်တော့ခြင်းများဖြင့် ကုသိုလ်ယူပြီး ဆီးမီးအလှများထွန်းခြင်းဖြင့် ပျော်ရွှင်နိုင်ကြပါစေ
မင်္ဂလာအပေါင်းနဲ့ပြည့်ဝကြပါစေလို့ တောင်းဆုပြုပါတယ်ရှင်
ကျမရေးပြတာကိုဖတ်ပီး လိုအပ်မှုရှိရင်လည်း လမ်းပြကူညီပါလို့  ပြောပါရစေရှင်