မကောင်းကွက်ကိုသာကြည့်မယ်ဆိုရင် လောကမှာပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ
ကျနော်တို့ လူ့အဖွဲ့အစည်း ဆိုင်ရာပတ်ဝန်းကျင်မှာ လူအမျိုးမျိုးစိတ်အထွေထွေနဲ့ တစ်ယောက်တစ်မျိုး မရိုးနိုင်အောင်ကို ရှိနေပါတယ်။ အဲဒီလူတွေကို သူငယ်ချင်းအနေနဲ့သော်လည်းကောင်း မိတ်ဆွေအနေနဲ့သော်လည်းကောင်းပေါင်းကြည့်ပါ။ တစ်ချိုက သင့်စိတ်နဲ့ကိုက်တဲ့သူရှိမယ်၊ တချို့က တစ်ခါပေါင်းပြီးလုံးဝကို လှည့်မကြည့်ချင်တော့လောက်အောင်ဖြစ်သွားတဲ့သူတွေရှိမယ်။
။
ဒါပေမယ့် စဉ်းစားကြည့်ပါ။ ဘာလို့ဒီလိုဖြစ်တာလဲ။ ဘာလို့ဆိုတော့ ကျနော်တို့အများစု ဟာ လူတစ်ယောက်နဲ့ ပေါင်းပြီးဆိုရင် ဒီလူတစ်ယောက်ရဲ့ မကောင်းကွက်ကိုဘဲ့ အရင်ကြည့် တတ်လို့ပါဘဲ့။သူက သင့်အပေါ်မှာ တောက်လျှောက်အကောင်းဘဲ့ လုပ်ပေမယ့် တချက်လေးအမှားလုပ်မိတာနဲ့ အရင်ကကောင်းဖူးသမျှတွေဟာ အလဟသဖြစ်သွားတယ်။ ကောင်းဖူးခဲ့တာတွေ တစ်ခုမှ မမှတ်မိတော့ပါဘူး။ ကျနော်အပါဝင်ပေါ့လေ။ ဒါဟာမကောင်းတဲ့ မိတ်ဆွေနည်းစေတဲ့ အမူအကျင့်တစ်ခု ဖြစ်တယ်။
လူတစ်ဦးနဲ့တွေတဲ့အခါ ကိုယ့်အဖို့ရော သူ့အဖို့ မနှစ်မျြို့ တဲ့အရာမျိုးတွေ ရှောင်ပါ။ ဥပမာ အများနဲ့ပြောတဲ့ စကားဝိုင်းတစ်ခုမှာ ကိုယ့်နဲ့ခင်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ငယ်ကျိုးငယ်နာ အကြောင်းတွေ အကုန်ထုတ်မပြောသင့်ဘူးပေါ့။ သူ့အတွက်လည်း အရှက်ရစေပြီး ကိုယ့်အတွက်လည်း ဘာအကျိုးမှမရှိဘူးလေ။နောက်ပြီးတော့ ကိုယ့်ကျေးဇူး ကိုမေ့ပစ်ရမယ်၊ သူများကျေးဇူးဆိုရင် မမေ့အောင်မှတ်ထားသင့်ပါတယ်။
ဒါကြောင့် ကျနော်တို့တစ်တွေဟာ လူတစ်ယောက်ရဲ့အပြစ် တစ်နည်းအားဖြင့် မကောင်းမှု ကို ကွက်ပြီးကြည့်လို့ မရပါဘူး။ ရှဥ့်လည်းလျောက်သာ ပျားလည်းစွဲသာဆိုသလို သူကရော ဘာလို့ဒီလိုလုပ်မိတာလဲ?? ကိုယ်ဆိုရင်ရော သူ့နေရာရောက်ရင် ဒီလိုလုပ်မိနိုင်တာဘဲ့လေ ဆိုပြီးသူ့နေရာကနေဝင်ခံစားပေးမယ် ဆိုရင် လောကကြီးမှာ ရန်သူဟူ၍ ရှိလာမည်ပင်မဟုတ်ပါ။
ကျနော့်တို့အလုပ်တွေမှာလည်း ကိုယ့်အပေါ်မကောင်းတဲ့ သူမျိုးတွေတွေ့နိုင်ပါတယ်။မန်နေဂျာက သင့်ကိုရုံးတက်တာ နောက်ကျလို့အော်ငေါက်ပေမယ့် နောက်နေ့ကျအကောင်းတိုင်းဘဲ့။အဲဒါကိုသင်က မနေ့ကအကြောင်းအရာကိုသာ စိတ်ထဲမှာ စွဲပြီးထားမယ်ဆိုရင် သင်ဘဲ့အရင်စိတ်ဆင်းရဲနေရပါတယ်။ မန်နေဂျာမနေ့တည်းကပြောပြီး ပြီးသွားတာကြာပြီလေ။ စိတ်ထဲမထားနဲ့တော့ပေါ့။ ဒါကဥပမာပေးတာပါ။
နောက်ပြီးကိုယ့်မှာ ရှိပြီးသားသူငယ်ချင်း မိတ်ဆွေ အစစ်အမှန်တွေကို လည်း တန်ဖိုးထားသင့်ပါတယ်။ ဘဝဆိုတာ သင့်အိမ်မှာ ပါတီပေးတာနဲ့ အတူတူပါဘဲ့။ သင်က လူအများကြီးကိုဖိတ်တယ်။တချို့ကစောစောပြန်သွားမယ်၊ တချို့ကတော့ သင်နဲ့အတူတူ ညနက်တဲ့အထိ ရှိနေမယ်။ သင့်နဲ့အတူတူရယ်ပေးမယ် ပျော်ရွင်မယ် ။ ရှေ့က သူတွေ ကျန်ခဲ့အမှိုက်တွေကို ဝိုင်းသိမ်းပေးမယ်။အဲဒီလိုလူမျိုးတွေဟာ သူငယ်ချင်းအစစ်တွေမို့ တန်ဖိုးထားသင့်ပါတယ်။
လောကကြီး မှာ လူတစ်ယောက် ရဲ့မကောင်းကွက်ကိုသာ ကြည့်မယ်ဆိုရင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်ပင်မရှိနိုင်ပါ။ ဘယ်နေရာမှာဘဲ့ မတွေ့နိုင်ပါ။ ကျနော်တို့ ဘာပဲ့လုပ်လုပ် ဘာပဲ့ပြောပြော အားလုံးအပေါ်မှာ မကောင်းကွက်လေးတွေကို မကြည့်ကြဘဲ့ လူအချင်းချင်း ချစ်ချစ်ခင်ခင်နဲ့ လောကကြီး အေးချမ်းဖို့ ကျနော်တို့အချင်းချင်း မေတ္တာထား ပြီး အမုန်းမပွားကြဖို့ ကြိုးစားကြစို့လား ခင်ဗျား။
Author -
MSC 148
PHOTO CREDIT GOOGLE.COM
အားပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။