ဘဝမှာ သင်ပျော်ရွှင်ရဖို့ သင့်ကိုချစ်ပီးအားပေးနှစ်သိမ့် ပေးနိုင်တဲ့ သူငယ်ချင်းကောင်း ဆိုတာရှိဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းတွေက သင့်ဆီကိုလာမယ် သင့်ရဲ့ဘဝထဲမှာ နေထိုင်မယ် ဒါပေမယ့် အဲဒီ သူငယ်ချင်းသံယောဇဉ်က ဘယ်လောာက်ထိ ခိုင်မြဲသလဲ သင့်ကို သူငယ်ချင်းအဖြစ် ဘယ်အချိန်ထိ လက်ခံသလဲဆိုတာ ပိုအရေးကြီးတယ်။ သင့်အပေါ် ဂရုစိုက်မှု သေးသေးကြီးကြီး လေးကနေလည်း သူငယ်ချင်းကောင်း ဟုတ်မဟုတ်သိနိုင်ပါတယ်။
သူငယ်ချင်းကောင်းဆိုတာ
-သင့်ဘက်မှာရှိမယ်၊ ဘာပဲ့ဖြစ်ဖြစ် သင့်ကို မဝေဖန်အပြစ်မတင်ဘူး။
-သင့်ကိုမသိမ်ငယ်စေဘူး။ သင့်ရဲ့ခံစားချက်တွေကိုလည်း မထိခိုက်ဘူးလေ။
ကြင်နာတတ်ပြီး သင့်ကိုလည်းလေးစားတယ်။သင့်ပျော်ရွင်ဖို့ အဖော်ပြုပေးနိုင်တယ်။ သစ္စာရှိတယ်။
ယု့ကြည်အားကိုးရပြီး သင်နားထောင်ဖို့ ခက်ခဲလည်း အမှန်တရားကိုပြောဖို့ ဆန္ဒရှိတယ်။ သင်နဲ့အတူတူရယ်ပေးတယ်။
သင့်ကိုပြုံးပျော်စေတယ်။ သင့်အတွက် နားထောင်ကောင်းသူတစ်ယောက်ပေါ့။သင်ငိုနေတဲ့အချိန် အားပေးနှစ်သိမ့်တတ်သူမျိုးကို ခေါ်ပါတယ်။
ဒီနည်းလမ်းအတိုင်းသာ သင့်ပတ်ဝန်းကျင်က လူတွေအပေါ်မှာ ပြုမူမယ်ဆိုရင် သင်လည်း သူတို့အတွက် သူငယ်ချင်းကောင်းဖြစ်လာနိုင်ပါတယ်။
နားထောင်ပေးပါ...
သူငယ်ချင်းရဲ့ အမြင်ကနေ အခြေအနေတရပ်ကို နားလည်အောင် ကြိုးစားပါ။ ပြသနာရဲ့အဓိက အကြောင်းအရင်းကို သိရဖို့ မေးခွန်းတွေ မေးပေးသင့်ပါတယ်။ ဒါမဲ့အဓိကလုပ်ရမှာက နားထောင်ပေးဖို့ပါဘဲ့။ မေးခွန်းအားလုံးအတွက် အဖြေရှိနေစရာလည်းမလိုဘူး။ သင့်သူငယ်ချင်းက အကြံညဏ်လိုအပ်နေတယ်လို့လဲ မယူဆလိုက်ပါနဲ့။ သူတို့ဟာသူတို့ ဖြေရှင်းနိုင်တဲ့အရာတခုကို ပြောနေတာလည်းဖြစ်နိုင်ပါတယ်။
အချက်အလက်ရယူပါ
တကယ်လို့ သင်သူငယ်ချင်းမှာ ဆေးဝါး ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာပြသနာတခုခု ရှိနေမယ်ဆိုရင် ထောက်ပံဖို့အကောင်းဆုံးနည်းလမ်းက ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ ချို့ယွင်းချက်ကို ဖော်ထုတ်အဖြေရှာဖို့ပါဘဲ့။ သူဘယ်သွားသွား ဘာလုပ်လုပ် ဂရုစိုက်ပေးပါ။ အဆက်အသွယ်မပြတ်ပါစေနဲ့။
ဘာတွေလိုအပ်လဲမေးပါ
သင်သာ တစ်စုံတစ်ယောက်အတွက် စိုးရိမ်စိတ်ဖြစ်နေမယ်ဆိုရင် သူ့အနားရှိနေပေးချင်ပြီး ဘာတွေလိုအပ်နေလဲဆိုတာ မေးမိမှာပါ။ ဒါဆို ဘာက သူ့အတွက် အကူအညီဖြစ်စေလဲ ဘာကအနောင့်အယှဉ်ဖြစ်စေလဲ ဆိုတာသင်သိလာနိုင်ပါတယ်။
ရုပ်ပိုင်းဆိုင်ရာအရ ဂရုစိုက်မှုပြပါ
သူငယ်ချင်း ပိုက်ဖက်ခြင်းသည်လည်း သင်ဘယ်လောက်ဂရုစိုက်လဲဆိုတာ ပြသဖို့နည်းလမ်းကောင်းတစ်ခုပါဘဲ့။ တစ်ယောက်တည်း အထီးကျန်နေချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်းဟာလည်း သက်တောင့်သက်သာဖြစ်စေပါတယ်။
အဆက်အသွယ်မပြတ်ပါစေနဲ့
သင့်အိမ် အနီးအနားမှာ မနေဘူးဆိုရင်တောင်မှ ပုံမှန်အဆက်သွယ်ရှိနေစေဖို့ social media တွေ texts,emails,phone calls တွေပြုလုပ်ပြီး သင်ဟာသူတို့အတွက် ရှိနေပေးတယ်လို့သိအောင် ပုံမှန်အားစိုက်ဆက်သွယ်ပေးပါနော်။
သင်ဘယ်လိုခံစားနေရလဲဖွင့်ပြောပါ
သင့်မှာတခုခု စိုးရိမ်စရာတခုခု စိတ်ရှုပ်ထွေးစရာတခုခုရှိရင်လည်း ဖွင့်ပြောတိုင်ပင်ပါ။ ဒါမှသင့် အပေါ်ယုံကြည်မှု တစ်ယောက်နဲ့တစ်ယောက်ပေါ် ယုံကြည်မှုရော တိုးလာစေပါတယ်။
ဖုန်းအဆက်အသွယ်မပြတ်ပါစေနဲ့
သင့်သူငယ်ချင်းက အန္တရာယ်ကျရောက်နေလား လုံခြုံမှုရှိလားဆိုတာ သင့်ကိုအကူအညီလာမတောင်းသော်လည်း ဖုန်းအဆက်အသွယ်လေးတော့ မပြတ်ပါစေနဲ့နော်။သူငယ်ချင်းကောင်းဆိုတာ သင်သာအန္တရာယ်ကျရောက် နေပါက ရှေ့ကနေမားမားမတ်မတ် ရပ်တည်ပေးမဲ့ လူစားမျိုးတွေပါ။