လက်တွဲဖော်
ဘ၀အစုံစုံ ၊ ရှိထားကြုံပြီး
ဖိုးသူတော်အလဲ ၊ မထူတွဲနိုင်လည်း
ကူတွဲပေးမယ့် တောင်ဝှေးလေးပဲ ဖြစ်ပေးပါ ...
ကျောင်းကန်ဘုရား၊ တရားတက်လည်း
ဆေးပေးမီးယူ ၊ ၀တ်အထိုထိုကို
ပေးနိုင်သလောက်ပဲ ၊ ပြုပေးပါ ...
ဘယ်လိုဘယ်ပုံ ၊ ကြုံရပြန်လည်း
ကိစ္စတိုင်းမှာ သင်နှင့်သင့်အပေါ်
ဦးစားပေးခွင့်ပြုပေးပါ ...
ကိစ္စတိုင်းမှာ မခွဲမခွာ
အေးအတူပူအမျှ ဒီဘ၀မှာဖြင့်
ကံချင်းနှစ်ခု ယှဉ်တွဲပြုရင်း
ကျိုးပေးသမှု ရှိခွင့်ပေးပါ ...
Images Credit - Google
P.S. This is to whom it may concern.