This is the translation of previous post : https://steemit.com/myanmar/@sawlwin/plan-to-support-myanmar-newbies
မင်္ဂလာပါ မြန်မာစတီးမစ် မိတ်ဆွေတို့
ကျွန်တော်က မာတင်လူသာကင်းဂျူနီယာ မဟုတ်ပါဘူး ... ဒါပေမယ့် ခင်ဗျားတို့ အားလုံးလိုပဲ ကျွန်တော့်မှာလည်း အိပ်မက်တစ်ခုရှိပါတယ် ...
အဲဒါကတော့ မြန်မာလူသစ်တွေကို အထောက်အကူပေးဖို့ သူတို့ရဲ့စာတွေကို ထိုက်တန်သလို ဆုလာဘ်ရရှိစေဖို့ ဖြစ်ပါတယ် ...
ဒါကြောင့် အကောင်းဆုံးကြိုးစားခဲ့ပါတယ် ... အောက်ပါ မိတ်ဆွေတွေရဲ့အထောက်အကူကိုလည်း ရယူပြီး ကျွန်တော်တို့ဘက်ကနေ အထောက်အကူပေးနိုင်မယ့် အစီအစဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ် ... ဒီလိုနဲ့ ဆိုတဲ့ ဘုံအကောင့်ဖြစ်ပေါ်လာပြီး ဒီလူ ၁၀ဦးရဲ့အားနဲ့ ရှေ့ဆက်ခဲ့ပါတယ် ...
အကောင့်အတွက် ရန်ပုံငွေကို ကိုယ်စီအချိုးကျ ကျခံပြီး အကောင့်ရဲ့ sp ကို တိုးပွားအောင် ကြံစည်ခဲ့ပါတယ် ... စာတွေကို နေ့စဉ်ရေးသားခဲ့တယ် ... အကောင့်ကို အလှည့်ကျတာဝန်ယူခဲ့ပါတယ် ... sp အမြန်တိုးအောင် ရဲ့ ဘုတွေကို အသုံးပြုခဲ့တယ် ... အဲဒီတုန်းက သူတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို မသိသေးပါဘူး ... upvote အများကြီးရတာကိုသာ သိခဲ့ပါတယ် ... ဒါကြောင့် ဘလက်လစ်စာရင်းအသွင်းခံခဲ့ရပြီး ကျွန်တော်တို့ရဲ့ခြေလှမ်းတွေ ရပ်တန့်သွားခဲ့ရပါတယ် ... သိတဲ့အတိုင်းပဲ ကျွန်တော်တို့ကို အထောက်အပံ့ပေးတဲ့သူ မရှိပါဘူး ... အိပ်မက်သာ ကြီးကြီးကျယ်ကျယ်မက်ပေမယ့် ကိုယ့်ဘာသာ ကြိုးစားရတာပါ ... ဘုပြီး sp တိုးအောင် လုပ်ဖို့သာ ရွေးချယ်စရာ ရှိခဲ့ပါတယ် ...
Image credit - original source
အဲဒီနောက် နောက်ထပ်အဖွဲ့ဝင်ဖြစ်တဲ့ လည်း ပူးပေါင်းလာပြီး ကျွန်တော်တို့ရဲ့လမ်းကြောင်းကို ပြောင်းလဲဖြစ်ပါတယ် ... မြန်မာစတီးမစ်လောကသားတွေကို စတီးမစ်ပေါ်က စည်းကမ်းတွေအကြောင်း နားလည်သွားအောင် ကူညီမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ် ...
ရဲ့ abuse guide နဲ့
ရဲ့ tos ကို အခြေခံပြီး စည်းကမ်းတွေ ထုတ်ခဲ့တယ် ... ပြီးတော့ မြန်မာလူသစ်တွေကို ပရိုမိုးရှင်းပေးဖို့ ကြေညာခဲ့ပါတယ် ... သူတို့ကို အထောက်အပံ့ပေးဖို့ ကျွန်တော်တို့မှာ sp အလုံအလောက် မရှိပါဘူး ... ဒါပေမယ့် စတီးမစ်ပလက်ဖောင်းအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေမယ်လို့ မျှော်လင့်ခဲ့ကြပါတယ် ... ဒါကတော့ ကျွန်တော်တို့ရဲ့ ကြေညာချက်ပါ ...
အခု ပရိုပေးနေတာ ၁၆ ရက် ပြီးသွားပါပြီ ... ကျွန်တော်တို့ရဲ့ဦးတည်ချက်ကို ထပ်မံပြောင်းလဲဖို့ အစီအစဉ်တစ်ခုလည်း ရှိနေပြီး ပြောရမှာတောင် စိတ်လှုပ်ရှားလာပြီဗျာ ... ဒါကတော့ ပေမှီတန်းမှီတဲ့စာတွေကို ရေးသူတွေကို ဆုလာဘ်ပေးဖို့ ဖြစ်ပါတယ် ... ကျွန်တော်တို့ဟာ ငါးသေးလေးတွေပါ .... ဒါပေမယ့် ပျားတွေလို စုဖွဲ့ပြီး ကျွန်တော်တို့ရဲ့ ပျားရည်ကို ပေးစွမ်းပါမယ် ... $0.01 တန်ဖိုးရှိတဲ့ ကျွန်တော်တို့ရဲ့ ဗုတ်တွေကို စုလိုက်ရင် ပိုပြီး ပေးနိုင်တော့မှာ ဖြစ်ပါတယ် ... ဒါကြောင့် steemauto ရဲ့ curation trail ကို အသုံးပြုဖို့ စီစဉ်ထားပါတယ် ... အခုလို အသုံးဝင်တဲ့ ပရောဂျက်ကို ဖန်တီးပေးတဲ့အတွက် ကို ကျေးဇူးတင်ပါတယ် ...
ကျွန်တော်တို့ရဲ့ဦးတည်ချက်
- မနက်ဆယ်နာရီမထိုးခင် post တစ်ခုကို နေ့စဉ်တင်ပါမယ်။
- sp100 အောက် လျော့နည်းတဲ့ မြန်မာစတီးမစ်လောကသားတွေ လူသစ်တွေက မိမိတို့ရဲ့ post link ကို အဲဒီအောက်မှာ မနက် ၁၀နာရီကနေ ညနေ၅နာရီ အတွင်း လာရောက်မန့်ထားရပါမယ်။
- အဲဒီထဲက စည်းကမ်းနဲ့ ညီညွတ်တဲ့ ပေမှီဒေါက်မှီစာတွေကို ရွေးချယ်ပါ့မယ်။
- နောက်တစ်နေ့မှာ ဆုရသူ ၃ဦးကို ကြေညာပေးပြီး $0.2 ၀န်းကျင် တန်တဲ့ ဗုတ်ကို ရရှိမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ရည်မှန်းချက်
- မြန်မာလူသစ်တွေကို စတီးမစ်ရဲ့စည်းကမ်းတွေ နားလည်သွားစေဖို့
- သူတို့ရဲ့စာကောင်းတွေကို ထိုက်သင့်တဲ့ပမာဏ ရရှိစေဖို့
- သူတို့ကို အထောက်အကူပေးဖို့
ဘာကို ပေမှီဒေါက်မှီတဲ့စာလို့ သတ်မှတ်တာပါလဲ?
ကျွန်တော်တို့အားလုံးဟာ စာရေးဆရာတွေ မဟုတ်ပါဘူး ... ဒါပေမယ့် စတီးမစ်မှာ စာတွေ ရေးနေကြတယ် ... အချို့က ငွေအတွက် ... အချို့က ဘုဖို့အတွက် .. အချို့က ပျော်လို့ ရေးတာ ဖြစ်ပေမယ့် ကျွန်တော်တို့ရဲ့စာတွေဟာ စတီးမစ်ရဲ့စည်းကမ်းနဲ့ ကိုက်ညီရပါမယ် ...
- ဒါကြောင့်ပဲ ဆုရသူရဲ့စာဟာ
ရဲ့ မူလစည်းကမ်းနဲ့ ညီညွတ်ရပါမယ်။
- စာတွေမှာ စာရေးသူရဲ့အားထုတ်ထားမှု ပေါ်လွင်ရပါမယ်။
- မြန်မာစာကို ဆီလျော်စွာ အသုံးပြုထားရပါမယ်။
- အကိုးအကားရှိရင်လည်း ဘယ်ကလဲဆိုတာ ထည့်သွင်းထားရပါမယ် ... သို့သော်လည်း စာတစ်ပုဒ်လုံးကတော့ စာရေးသူရဲ့အာဘော်သာလျှင် ဖြစ်ရပါမယ်။
သေချာပြောနိုင်တာကတော့ ဒီအစီအစဉ်ဟာ မကြာမီဖြစ်ပေါ်လာတော့မယ်ဆိုတာပါ ... လောလောဆယ် စီစဉ်နေပြီ ဖြစ်ပါတယ် ...
ဒါဟာ မြန်မာအဖွဲ့အစည်းတိုးတက်အောင် အနည်းငယ်ထောက်ပံ့ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ် ...
ဒါ့အပြင် ကိုယ့်အဖွဲ့အစည်းကို တိုးတက်စေချင်သူ မည်သူမဆို ဒီအကြံအစည်ကို ယူသုံးနိုင်ပါတယ် ...
ခင်ဗျားတို့အတွက် အသုံးဝင်မယ်ဆိုရင် ၀မ်းသာနေပါမယ် ...
MSC 176