အစိုးရများရဲ့အာရုံစိုက်မှုများမရှိခင်အချိန်က ခင်ဗျားတို့ ကျွန်တော်တို့ဟာ Cryptocurrency အပေါ်စိတ်ဝင်စားဖို့ရန် ခက်ခဲကောင်းခက်ခဲကြပါလိမ့်မယ်။ဒါပေမယ့် ယခုအခါနိုင်ငံအသီးသီးမှ အစိုးရများအနေနဲ့ exchange နှင့်initial coin offering(ICO) များစသော cryptoနှင့် ပါတ်သက်သမျှအရာအားလုံးကို မူဝါဒများရေးဆွဲချမှတ်ရန် ကြိုးပမ်းနေကြပေပြီဖြစ်ပါသည်။ထို့အပြင် မည်သည့် coin/tokens များဟာ တရားဝင်အဖြစ်ပေါ်ပေါက်လာမလဲ၊Bitcoin ကဲ့သို့ကြီမားလာမလဲဆိုတာကို မျက်ခြေမပြတ်စောင့်ကြည့်နေကြရပြီဖြစ်ပါတယ်။စည်းမျဉ်းဥပဒေများကို တသတ်မတ်တည်း သတ်မှတ်ထုတ်ပြန်ရသေးခြင်းမရှိသေးဘဲ နိုင်ငံအလိုက်အမျိုးမျိုးဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။သို့ပေမယ့် ဒီတစ်ပါတ် အာဂျင်တီးနားနိုင်ငံမြို့တော် Buenos Ariesမှာပြုလုပ်ခဲ့တဲ့ G-20အစည်းအဝေးပြီးနောက်မှာတော့ အပြောင်းအလဲများစတင်မြင်တွေ့လာရဖို့ နီးစပ်လာပါတယ်။အာရှနိုင်ငံများမှ ငွေကြေးအာဏာပိုင်အဖွဲ့အစည်းများရဲ့ ထင်မြင်ချက်၊သဘောထားများကို အောက်တွင်အသေးစိတ်ဖော်ပြလိုက်ပါတယ်။
အာရှနိုင်ငံများအနေနဲ့ ဂျပန်နိုင်ငံဟာ crypto trading လောကရဲ့ အဓိက အင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး digital assets exchange များတရားဝင် လုပ်ပိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။စင်ကာပူ ဒုဝန်ကြီးချုပ်မှလည်း cryptocurrency ဟာ စမ်းသပ်ချက်တစ်ခုသာဖြစ်ပြီး မိမိအနေနဲ့ crypto trading များအားပိတ်ပင်သွားရန် မရှိကြောင်းပြောကြားသွားခဲ့ပါတယ်။ထိုင်ဝမ်အာဏာပိုင်များမှလည်း ဖိလစ်ပိုင်နိုင်ငံရဲ့ နှစ်ကုန်တွင်စတင်မယ့် စည်းမျဉ်းများအပေါ်စောင့်ကြည့်လေ့လာနေကြောင်း သိရှိရပါတယ်။တရုတ်နိုင်ငံသည် crypto trading ရဲ့ အဓိကကျတဲ့နိုင်ငံတစ်ခုဖြစ်ပေမယ့် crypto exchange များနှင့် ICOများကိုပိတ်ပင်တားမြစ်ထားပါတယ်။ဒါ့အပြင် Bitcoin minerများကိုလည်း လျှပ်စစ်သုံးစွဲမှုပိတ်ပင်ခဲ့ပါတယ်။