ပြီးခဲ့သော မတ်လ ၁၃ရက် အင်္ဂါနေ့တွင် "Bitcoin is not the answer to a cashless society" ဆိုသောခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် တွင် ECB၏ အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Benoit Coeure နှင့် Bank of international settlements markets committe ၏ဥက္ကဌဖြစ်သူ Jacqueline Loh တို့မှ အနာဂါတ်မှာ digital ငွေကြေးများကို အသုံးပြုလာနိုင်သော်လည်း ယခုလူအများကြားတွင် ရေပန်းစားနေသော Bitcoin ကဲ့သို့ cryptocurrency များ မဖြစ်နိုင်ကြောင်း ရေးသားခဲ့ပါတယ်။သို့ပေသော်လည်း cryptocurrency သည်မိမိတို့၏ လက်ရှိ ဘဏ်လုပ်ငန်းစနစ်များ၏ လိုအပ်ချက်များကို မီးမောင်းထိုးပြနေသည်ကိုတော့ လက်ခံကြောင်းပြောကြားခဲ့ပါသည်။ယင်းလိုအပ်ချက်များနှင့်ပတ်သက်၍ ဗဟိုဘဏ်များအနေဖြင့် နိုင်ငံတကာငွေလွှဲပြောင်းမှု အခန်းကဏ္ဌများအားမဖြစ်မနေ တိုးတက်ပြောင်းလဲရမည်ဖြစ်ကြောင်း သို့မဟုတ်ပါက Bitcoin ၏ နိုင်ငံပိုင်ငွေကြေးများအပေါ် စိန်ခေါ်မှုသည် ယခုထက်မြင့်မားလာမည်ဟု အခိုင်အမာ ယုံကြည်ကြောင်းရေးသားထားခဲ့ပါသည်။ယခုဆောင်းပါးအပေါ်တွင် ဗဟိုဘဏ်များအနေဖြင့် cryptocurrency အပေါ်အခြေခံ၍ digitalငွေပေးခေမှုများပြုလုပ်ဖန်တီးလာရန် အလားအလာများနေကြောင်း Coindesk အယ်ဒီတာမှ ထောက်ပြရေးသားခဲ့သည်။ထို့အပြင် ငွေကြေးသုံးစွဲသူပြည်သူများ အနေဖြင့်လည်း digital ငွေပေးချေမှုများအား ယခုထက်ပိုမိုပြုလုပ်လာပါက ဗဟိုဘဏ်များအနေဖြင့် ကိုယ်ပိုင် digital ငွေကြေးများပြုလုပ်ဖန်တီးရန် တွန်းအားတစ်ရပ်ဖြစ်လာနိုင်ကြောင်းရေးသားခဲ့ပါသည်။
မည်သို့ပင်ဖြစ်စေ ဗဟိုဘဏ်များအနေဖြင့် ကိုယ်ပိုင် cryptocurrencyများပေါ်ထွန်းလာရန် အလားအလာများကြောင်းရေးသားထားခဲ့သည်။ထို့အပြင် တရုတ်ပြည်သူ့ဘဏ်ဥက္ကဌဖြစ်သူ Zhou Xiaochuan မှလည်း တစ်နေ့တွင် နိုင်ငံတိုင်း၌ နိုင်ငံပိုင် digital ငွေကြေးများ မလွဲမသွေပေါ်ထွက်လာမည်ဟု ပြီးခဲ့သောအပါတ်က မှတ်ချက်ပြုထားခဲ့သေးသည်။
#sayrchan(MSO-48)
Img Ref: Maltawinds.com