Goldman sachs investment groupသည် crypto trader တစ်ဦးဖြစ်သူ Justin Schmidt အား digital assets market အားဦးဆောင်ရန်ငှားရမ်းခဲ့ကြောင်းသိရှိရပါတယ်။Goldman sachs company ဟာ ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် crypto market များမှ အကျိုးအမြတ်ရှာဖွေနိုင်ရန်နဲ့ တရားဝင်သတ်မှတ်ရန် အလားအလာရှိတဲ့ digital assets market လောကကိုဦးဆောင်ရန်အတွက် ယခုလိုငှားရမ်းခဲ့တာဖြစ်ပါတယ်။Goldman Sachs ကုမ္ပဏီဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု အများအပြားရရှိထားပြီး ယင်းကုမ္ပဏီဝန်ထမ်းဟောင်းများဟာလည်း ယခုအခါတွင် banking & financial services နယ်ပယ်အတော်များများတွင် ဦးဆောင်သူများအဖြစ်ဆောင်ရွက်နေကြောင်းတွေ့နိုင်ပါတယ်။
အသက်အရွယ်အားဖြင့် ၃၈နှစ်ရှိပြီဖြစ်သော Justin ဟာ New York banking & securities အပိုင်းမှာ ဒုတိယဥက္ကဌအနေနဲ့ ထမ်းဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ထို့အပြင် quantitative trading firms များဖြစ်တဲ့ Seven Eight Capital LLC နဲ့ WorldQuant LLC company တို့တွင်လည်း လုပ်ကိုင်ခဲ့ဖူးပ့တယ်။၎င်းရဲ့ LinkedIn profile အရ Massschusetts institute of Technology မှ computer science နဲ့ ကျောင်းပြီးထားကြောင်းသိရပါတယ်။စီးပွားရေးသတင်းဌာနတစ်ခုဖြစ်တဲ့ Tearsheet သတင်းစာအရ ပြီးခဲ့တဲ့ တနလာင်္နေ့က ငှားရမ်းခန့်အပ်ခဲ့ကြောင်းသိရပါတယ်။
Goldman Sachs companyဟာ ၎င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံသူများကို crypto trading မှ အကျိုးအမြတ်များရရှိရန် လမ်းညွှန်မှုများဆောင်ရွက်ပေးခဲ့ပြီး Cboe Global Markets Inc နဲ့ CME Group တို့မှကြီးမှူးဆောင်ရွက်တဲ့ Bitcoin Futures event မှာပါဝင်ခဲ့တဲ့ ပထမဦးဆုံး Wall Streets ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ထို့အပြင် Goldman Sachs မှ digital currencies marketဖော်ဆောင်ရန်အတွက် trading desks များစတင်နေပြီဖြစ်ကြောင်း နီးစပ်သူအသိုင်းအဝိုင်းများရဲ့ပြောကြားချက်များအရသိရပါတယ်။
#sayrchan
Img Ref:www.google.com