ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei နည်းပညာကုမ္ပဏီဟာ blockchain platform ကိုအခြေခံထားတဲ့ applicationများအသုံးပြုလည်ပတ်စေမယ့် ဖုန်းအမျိုးအစားတစ်မျိုး ထုတ်လုပ်ရန်စဉ်းစားနေကြောင်း ကုမ္ပဏီနှင့် နီးစပ်သောအသိုင်းအဝိုင်းမှ ပြောဆိုမှုများအရသိရှိရပါတယ်။Shenzhenမှအမည်မဖော်လိုသူတစ်ဦးရဲ့ပြောပြချက်အရ တရုတ်Huawei ကုမ္ပဏီမှ Blockchain နည်းပညာသုံး applicationတွေအသုံးပြုရန်အတွက် Sirin OS ကို တရားဝင်ခွင့်ပြုမိန့်စောင့်နေကြောင်း၊၎င်း Sirin OS ဖြင့် Alphabet Inc ကုမ္ပဏီ၏ Andriod OS နှင့်တွဲဖက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။သို့သော်လည်း စမ်းသပ်ကာလသာ ရှိသေးကြောင်းမည်သည့်သဘောတူညီချက်မှမရရှိသေးကြောင်းလဲ သိရှိရပါသည်။
Huaweiနှင့် Sirin Lab ကိုယ်စားလှယ်များမှ ၎င်းတို့၏တွေ့ဆုံမှုများမှာ မှန်ကန်ကြောင်းပြောကြားခဲ့ပြီး မှတ်ချက်တစ်စုံတစ်ရာပြုလုပ်ရန် ငြင်းဆန်သွားခဲ့ပါတယ်။Huaweiရဲ့ ယခုအစီအစဉ်ဟာ smartphone ကုမ္ပဏီများထဲတွင် blockchain နည်းပညာကို ပထမဆုံးချဉ်းကပ်တဲ့ ကုမ္ပဏီအဖြစ်အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ယခု၂၀၁၈ ခုနှစ်တွင် ဆက်တိုက်ဈေးတွေ ကျဆင်းခဲ့သော်လည်း crypto marketသည် ပြီးခဲ့သော်၁၂လကာလတွင် ဒေါ်လာ ၃၅၀ ဘီလီယံအထိ ၁၅ဆမြင့်တက်ခဲ့ပါတယ်။Huawei နှင့် Sirin Lab ကုမ္ပဏီအကြီးအကဲများရဲ့ ပြီးခဲ့သော ဇန်နဝါရီလနှောင်းပိုင်းတွင်တွေ့ဆုံခဲ့သော တွေ့ဆုံမှုအပြီး ကုမ္ပဏီနှစ်ခုရဲ့ပူးပေါင်းဆောင်ရွက်မှုတစ်ခုကိုတွေ့မြင်ရတော့မယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။အထူးသဖြင့် blockchain နည်းပညာသုံးပစ္စည်များစွာ ထွက်ပေါ်လာမယ်လို့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။
Sirin Lab မှလည်း ၎င်းတို့၏ blockchainနည်းပညာအသုံးပြုထားတဲ့ Finney အမည်ရှိစမတ်ဖုန်းတစ်မျိုးအား $1000 ခန့်ဖြင့် ယခုဒုတိယနှစ်ဝက်တွင်ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။Preorder အနေဖြင့်လည်း အလုံးရေ ၂၅၀၀၀ကျော် လက်ခံထားရှိပြီးဖြစ်ကြောင်း Sirin Lab ရဲ့ပြောရေးဆိုခွင့်ရှိသူ Nimrod May မှပြောကြားသွားခဲ့ပါတယ်