Twitter နှင့် Payment Company Square ၏ CEO Jack Dorsey မှ Bitcoin အပေါ်၎င်း၏ယုံကြည်ချက်အားထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင်ထုတ်ဝေခဲ့သော The Times သတင်းစာတွင် Twitter CEO Jack Dorsey နင့်အင်တာဗျူးတစ်ခုအား ဝေဝေဆာဆာရေးသားလာခဲ့ပါတယ်။ယင်းအင်တာဗျူးတွင် Jack Dorsey မှ မိမိသည် crypto investor တစ်ဦးပင်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ယင်းမှ cryptocurrency သည် US အားလွှမ်းမိုးအနိုင်ရသွားမည်ဟု ယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။Dollar ၏ ကမ္ဘာသုံးငွေကြေးဟူသော နေရာအား cryptocurrency များမှ လာမည့်စုနှစ်အတွင်း အစားထိုးဝင်ရောက်လာလိမ့်မည်ဟု၍လည်း ဟောကိန်းထုတ်ခဲ့ပါတယ်။စွန့်ဦးစီးပွားရေးပညာရှင် Jack Dorsey ၏စကားများမှာ "ကမ္ဘာကြီးတွင် အခြေခံအားဖြင့် Dollar ဟူသော ဘုံငွေကြေးတစ်မျိုးရှိသကဲ့သို့ internet တွင်လည်း ဘုံငွေကြေး တစ်မျိုးရှိလာပါလိမ့်မယ်။ကျွန်တော့်အနေနဲ့ကတော့ ဒါက Bitcoin ပဲဖြစ်ပါလိမ့်မယ်။" ဟူ၍ပြောခဲ့ကြောင်းရေးသားဖော်ပြခဲ့ပါတယ်။
ထပ်မံ၍ Bitcoin ၏လက်ရှိရင်ဆိုင်နေရသော အခက်အခဲတစ်ရပ်ဖြစ်သည့် ငွေလွှဲပို့မှု နှေးကွေးခြင်းနှင့် ငွေလွှဲခနှုန်းမြင့်မားနေခြင်းတို့နှင့် ပါတ်သက်၍မည်သို့ပင် ဝေဖန်ပြစ်တင်မှုများရှိနေစေကာမူ အဆုံးတွင် ယင်းအတွက်အကောင်းဆုံးအဖြေတစ်ရပ်ထွက်လာလိမ့်မည် ဟုပြောကြားခဲ့ပါသေးတယ်။လူတွေဘယ်လောက်ပဲပြောနေပါစေ ထိုစကားများကိုပျောက်ကွယ်သွားစေမည့် နည်းပညာအသစ်များ Blockchain နည်းပညာအပေါ်တွင်ရှိနေပြီဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။အမှန်တကယ်ပင် Dorsey မှာ ၎င်း၏ပြောစကားများအတိုင်း Bitcoin ၏ transaction time မြန်ဆန်လာစေရေးနှင့် fees သက်သာစေရေးတို့အတွက် ဆောင်ရွက်လျက်ရှိသော Lightning Network Project တွင် ဒေါ်လာ ၂.၅သန်းကို ရင်းနှီးမြှုပ်နှံခဲ့ကြောင်း Coindesk ၏ သတင်းများအရသိရှိရပေသည်။ယခုအခါတွင် Lightning Network သည် beta version အနေဖြင့်
စတင်စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ပြီး ကနဦးအနေဖြင့် Bitcoin,Litecoin,Vertcoin တို့သည် lightning network အားအသုံးပြုနိုင်ရန် ပထမဦးစားပေးဆောင်ရွက်နေသော cryptos များအဖြစ်တွေ့ရှိရပါတယ်။
Square's Trail ၏ နိုဝင်ဘာလမှထုတ်ပြန်ချက်အရ ယခုအခါတွင် United State ၏ Wyoming state တွင် Bitcoin ရောင်းဝယ်မှုအားစတင်ဝန်ဆောင်မှုပေး စမ်းသပ်နေပြီဖြစ်ကြောင်းသိရှိရသည်။ထပ်မံ၍ New York အထိတိုးချဲ့ရန်အတွက် တရားဝင် "BitLicense" ရရှိရေးကြိုးပမ်းဆောင်ရွက်နေပြီဖြစ်ကြောင်းသိရှိရပါတယ်။
မည်သို့ပင်ဆိုစေ The Times၏ အင်တာဗျူးသည် Twitter မှ cryptoနှင့်ပတ်သက်သည်များကို ပိတ်ပင်မည်ဟူသော ကောလဟလများအား တစ်ခန်းရပ်သွားစေပြီဖြစ်ပေသည်။
#sayrchan (MSO-48)
Img Ref: www.google.com