UK ငွေကြေးအာဏာပိုင်အဖွဲ့အစည်း(FCA)မှ cryptocurrency အပေါ်သုံးသပ်ချက်တစ်ရပ်အား UK၏ဘဏ္ဍာရေးအခြေအနေနှင့် အင်္ဂလန်ဘဏ်(BOE)တို့၏သုံးသပ်ချက်များနှင့်အတူ ယခုဘဏ္ဍာရေးနှစ်တွင်ထုတ်ပြန်မည်ဖြစ်ကြောင်း Financial Conduct Authority(FCA)၏ ၂၀၁၈/၂၀၁၉ ခုနှစ် business plan များအရသိရှိရပါတယ်။မတ်လနှောင်းပိုင်းတွင် UKဘဏ္ဍာရေးအဖွဲ့အစည်းမှ cryptocurrency နှင့်ပတ်သက်၍ အထူးလုပ်ငန်းအဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပြီး Bank of England(BOE)နှင့် FCA တို့ဖြင့်ပူးပေါင်း၍ cryptocurrency အပေါ်တရားဝင်ဥပဒေချမှတ်နိုင်ရန်နှင့် crypto နည်းပညာအားအထောက်အကူပေးနိုင်ရန် နည်းလမ်းများရှာဖွေနေကြောင်းကြေညာခဲ့ပါတယ်။
"Cross-sector Priority"ဟူသော ခေါင်းစဉ်အောက်တွင် FCA မှ financial technology(fintech)အပေါ် မည်သို့ချဉ်းကပ်မည်ဖြစ်ကြောင်း၊မည်သို့သော ဆန်းသစ်ပြောင်းလဲခြင်းများက ကမ္ဘာ့ဈေးကွက်ကို ပြောင်းလဲစေမည်ဖြစ်ကြောင်း ၎င်းတို့၏ အစီအစဉ်များကို အသေးစိတ်ဖော်ပြထားခဲ့ပါတယ်။ဆက်လက်၍ FCA မှ ဈေးကွက်အတွင်းသို့ အသစ်ဝင်ရောက်လာသည့်အရေအတွက်များနှင့် အမှန်တကယ်အသုံးဝင်သည့် နည်းပညာအသစ်များကိုဖော်ပြခဲ့ပါတယ်။
ဥရောပနိုင်ငံများအကြားတွင်တော့ cryptocurrency များအပေါ်မည်ကဲ့သို့ ဥပဒေများချမှတ်ဖော်ဆောင်မည်ဟူသော မေးခွန်းများစွာထွက်ပေါ်နေဆဲဖြစ်ပါတယ်။Bank of England အကြီးအကဲများကတော့ crypto ecosystem အား လက်ရှိသမာရိုးကျစီးပွားစနစ်များကဲ့သို့ တသတ်မတ်တည်း ထိန်းညှိသွားသင့်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ဥရောပဘဏ်လုပ်ငန်းများဆိုင်ရာအကြီးအကဲကတော့ ဘဏ်များနှင့်ငွေကြေးအဖွဲ့အစည်းများမှ crypto ရောင်းဝယ်မှုများအားတားမြစ်ပိတ်ပင်ခြင်းဟာ တရားဝင်ဥပဒေချမှတ်ထိန်းချုပ်ခြင်းထက် ပိုမိုလွယ်ကူနိုင်ကြောင်း ပြီးခဲ့သော G-20အစည်းအဝေးတွင်ပြောကြားခဲ့ပါတယ်။
#sayrchan
Img Ref: www.verifiedtopics.com