ချီတာဆိုတဲ့ Bot ကတော့ အတော်ဆိုးတဲ့ကောင်ဗျ။ ဟိုးအရင် Steemit စတင်သုံးစွဲစဉ်က Copy, Paste ပို့စ်တွေကြောင့် ချီတာ ထိတာခံရဖူးတယ်။ အဲ့တာက ခံနိုင်သေးတယ်။ အော် … ငါအမှားလုပ်မိလို့ပေါ့။ ခုလည်း ရံဖန်ရံခါ ချီတာက လာလာ မန့်သေးတယ်။ မင်းပို့စ်ကို ဟိုမှာ တွေ့တယ် ဘာညာသာသကာနဲ့။ အံမယ် … သူ့ညွှန်းလိုက်တဲ့ Content လင့်တွေကလည်း ကြည့်လိုက်ရင် Sex Page ပို့စ်တွေ ဖြစ်လို ဖြစ်တဲ့။ တော်တော် ပေါက်တတ်ကရ နိုင်တဲ့အကောင်။ သူပေါက်တတ်ကရနိုင်တာ ဘာမှမဖြစ်ဘူးဆိုပေမယ့် နိုင်ငံတကာ အသိုင်း အဝိုင်းမှာ အရှက်ရစရာ ဖြစ်သွားမှာကိုပဲစိုးတယ်။ ဘာလို့ဆို ကိုယ်တွေက မြန်မာလိုရေးတယ်။ ဆိုတော့ မြန်မာမဟုတ်တဲ့အသိုင်းအဝိုင်းက ဘာရေးမှန်း သိမှာမဟုတ်ဘူး။ မသိဘဲနဲ့ ကိုယ်တွေကို အထင်သေးသွားမှာလည်း မလိုလားဘူး။
အရေးထဲ ညစ်နေပါတယ်ဆိုနေမှ ချီတာက လာရှုပ်တာမြင်လိုက်ရတော့ စိတ်ကသိကအောက်ဖြစ်ပြီး ကုလားမနိုင် ချီတာမဲပြီး ဤပို့စ်ကို ရေးလိုက်တာ။ ဟဲ ဟဲ ဟဲ ...