
*ဗုဒ္ဓံသရဏံ ဂစ္ဆာမိ…
*ဓမ္မံသရဏံ ဂစ္ဆာမိ…
*သံဃံသရဏံဂစ္ဆာမိပါဘုရား…။
ဗုဒ္ဓမြတ်စွာဘုရားအား ရည်သန်မျှော်မှန်းလျက်
ဘုရားရှင်၏ မဟာဂရုဏာဂုဏ် ကိုအာရုံပြုလျက်
တို့များ ဝေနေယျသတ္တဝါများအပေါ်မေတ္တာတော်ထားပီးတရားရေအေး အမြိုက်ဆေးများ မနားမနေဟောကြားတော်မူခဲ့သည်ကို အောက်မေ့သတိရလျက် လက်ဆယ်ဖြာမိုး ဦးတင်၍ ရှိခိုးဖူးမျော် ပူဇော်ကန်တော့လိုက်ရပါ၏ ဘုရား…။
…ဒီလိုနဲ့ ဘုရားအလောင်းရှင်ဘုရင်လေးက ဘယ်လောက် ကတိသစ္စာတွေပဲပေးပေး လက်မခံလာတော့…နောက်ဆုံး ပြောတဲ့စကားလေးက အင်မတန် မှတ်သားစရာကောင်းတယ် အေး…ဗောဓိသာရ ဒီတစ်ခါငါပေးတဲ့ကတိကို မင်းလက်ခံသင့်တယ်ဆိုပီး ဘုရားအလောင်းလေးဟာ ငါတို့ရဲ့မင်းဆွေမင်းမျိုးတော်ဝင်အမျိုးတွေသာ ဆွေခုနစ်ဆက် မျိုးခုနှစ်ဆက်ထိပျက်သုဉ်းရင်သုဉ်းသွားမယ် ငါမင်းကိုပေးတဲ့ကတိကတော့ ပျက်မှာမဟုတ်ဘူး…လို့လည်းဆိုလိုက်ရော သူကိုယ်တိုင်မင်းဆွေမင်းမျိုးကဆင်းသက်လာတဲ့သူဆိုတော့ …ဒီစကားကိုကြားလိုက်တာနဲ့ပဲ သူကြက်သီးထသွားတယ်…အေးဒါဟာ သာမန်ဘုရင်တွေလုပ်ရိုးထုံးတမ်းအစဉ်အလာမဟုတ်ဘူး ဆိုပီးသူထပ်ခါထပ်ခါစဉ်းစားသွားပီး ခေါင်းငုံနေလိုက်သတဲ့…###
ပါချူပ်ဆရာတော်ကြီးတရားများမှ
**photo by facebook
-
Hive account@sheinthu(MSC-026)