
ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံဂစ္ဆာမိပါဘုရား…။
ဗုဒ္ဓမြတ်စွာဘုရားအား ရည်သန်မျှော်မှန်းလျက်
ဘုရားရှင်၏ မဟာဂရုဏာဂုဏ် ကိုအာရုံပြုလျက်
တို့များ ဝေနေယျသတ္တဝါများအပေါ်မေတ္တာတော်ထားပီးတရားရေအေိးမြိုက်ဆေးများ မနားမနေဟောကြားတော်မူခဲ့သည်ကို အောက်မေ့သတိရလျက် လက်ဆယ်ဖြာမိုး ဦးတင်၍ ရှစ်ခိုးဖူးမျော် ပူဇော်ကန်တော့လိုက်ရပါ၏ ဘုရား…။
အေး…မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို တခါက သီရိလင်္ကာနိုင်ငံ ဓမ္မစေတီပေါ်မှာ နေ့တိုင်းနေ့တိုင်းလာရောက်ပီး ဂုဏ်တော်တွေကိုထုံမွမ်းပွားများခဲ့တဲ့ ကာလရက္ခိတဗုဒ္ဓ ဆိုတဲ့ရဟန်းကြီးဟာ မာရ်နတ်ရဲ့ ဖန်ဆင်းပြပေးတဲ့ဘုရားရုပ်ပွားပုံတော် ကိုမြင်ပီး ဂုဏ်တော်တွေပွားများပီး ဖြစ်ပေါ်လာတဲ့ပီတိတရားတွေကို သတိလေးနဲ့လိုက်မှတ်ပီး ပွားများလိုက်တဲ့အတွင်းမှာပဲ ရဟန္တာကိုယ်တော်မြတ်ကြီး ဖြစ်ခဲ့ဖူးတဲ့ သမိုင်းရှိတယ်…##
ပါချူပ်ဆရာတော်ြ ကီးတရားများမှ
**photo by facebook
-@sheinthu(MSC-026)