
*ဗုဒ္ဓံသရဏံ ဂစ္ဆာမိ…
*ဓမ္မံသရဏံ ဂစ္ဆာမိ…
*သံဃံသရဏံဂစ္ဆာမိပါဘုရား…။
ဗုဒ္ဓမြတ်စွာဘုရားအား ရည်သန်မျှော်မှန်းလျက်
ဘုရားရှင်၏ မဟာဂရုဏာဂုဏ် ကိုအာရုံပြုလျက်
တို့များ ဝေနေယျသတ္တဝါများအပေါ်မေတ္တာတော်ထားပီးတရားရေအေး အမြိုက်ဆေးများ မနားမနေဟောကြားတော်မူခဲ့သည်ကို အောက်မေ့သတိရလျက် လက်ဆယ်ဖြာမိုး ဦးတင်၍ ရှိခိုးဖူးမျော် ပူဇော်ကန်တော့လိုက်ရပါ၏ ဘုရား…။
အေး…လူ့အသားစားလူဘီလူး ဗောဓိသာရ ငါဟာကြောက်ရွံ့နေလို့ ငိုကျစရာ မျက်ရည်အလျဉ်းငါ့မှာမရှိဘူး…ငါဟာ ရဲဝံ့တယ် တည်ကြည်တယ် သစ္စာရှိတယ် ပေးထားတဲ့ကတိကို အသက်နဲ့လည်းပီးစောင့်ထိမ်းတည်ကြည်တဲ့သူဖြစ်တယ်…တစ်ခုငါစိတ်မကောင်းဖြစ်မိတာက ရေကြည်တော်မဆက်သခင် ငါဘုရင်နန်းတော်ကိုပြန်အလာ စောင့်နေကြတဲ့ က္ကသပဘုရားရှင်လက်ထက်က ဟောတော်မူခဲ့တဲ့ တရားဂါထာတော်(၃)ပုဒ်ကို ဟောပြောပေးမယ့် ပုဏ္ဏားကြီးတွေကို ငါအရောက်ပြန်လာပီး တရားတော်တွေကို နာယူမယ်ဆိုပီးကတိပေးထားခဲ့တာပဲ …ခုတော့အဲ့ဒီသစ္စာအတွက် ငါစိတ်မကောင်းမိတာတစ်ခုပဲရှိတယ်ဆိုပီး ဘုရားအလောင်းလေးဟာ ပြောပြတာပေါ့…###
ပါချူပ်ဆရာတော်ကြီးတရားများမှ
**photo by facebook
-
Hive account@sheinthu(MSC-026)