စောင်ပါးလေးကို ခင်းပြီး
ပန်ကာခလုတ်ကို တောက်ကနဲဖွင့်လိုက်ချိန်
သူ့ကိုပါ နွေးထွေးစေချင်တာ…
ကွက်ကြားဆောင်းလေး သိမယ်ထင်ရဲ့။
အရှေ့နဲ့ အနောက်
ဝေးကွာခြင်းတွေ ခလောက်ဆန်တော့
သူချမ်းရင် ကိုယ်လည်းအေးချင်
သူပူရင် ကိုယ်လည်းအိုက်ချင်။
သူ့ဖက်က ဆောင်းတစ်ခြမ်းဟာ
ကြားလေတွေ သွေးလွန်းတော့
မေတ္တာခြုံလို့ သူလုံနိုင်ပါ့မလား။
ဝေးကွာခြင်းဟာ ရောဂါမပျောက်တဲ့ဆေးခါးကြီး။
အေးစက်ချမ်းမြခဲ့လေသော မင်းဘေးကနှင်းတွေ
ကိုယ်ငွေ့နဲ့နွေးထွေးပေးနိုင်ဖို့
အဘယ်အမည်ရှိနတ်ဆိုးတို့ တားဆီးပိတ်ဆို့ခဲ့လေသလဲ။
မနီးစပ်ရတဲ့ နှစ်ကိုယ်တူဆောင်းအတွက်
ပန်ကာခလုတ်ထက်က ကိုယ့်လက်လေးကို
လိပ်ပြာမလုံဘူး။
သူ…… နွေးထွေးပါစေတော့ ဆောင်း
#MSU-250
photo crd-google