ကျနော်၏ရေတိုရည်းမှန်းချက်
လူတိုင်းဘဝမှာ ဖြစ်ချင်တဲ့ဆန္ဒတေ ရှိကြစမြဲပါ..
တစ်ချို့ဆို ဖြစ်ချင်တဲ့ဆန္ဒတေ ကို မြို့သိပ့်ထားကြရ
တယ်လေ ဘဝရဲ့ အကျိုးပေးအခြေ အနေရပေါ့
ကျွန်တော် လဲထိုနည်းတူပါပဲ ကျွန်တော်အတွက်
မရှိမဖြစ်လိုအပ်တဲ့ ဖုန်းကောင်းလေးတစ်လုံးတော့
လိုအပ်နေတာ ကြပါပီ ဒီနေ့ကမ္ဘာကြီးက တိုးတက်နေ
ပီလေ ဖုန်းကောင်းတစ်လုံး ရှိပီဆိုတာနဲ့ ကိုဖြစ်ချင်တဲ့
အရာတွေ တစ်ဝက်လောက် ကိစ္စ ပြီးစေလို့လေ
တစ်ချို့ လုပ်ငန်းရှင် တွေဆို ဖုန်းလေးတစ်ချင်ခေါ်
လေ လိုင်းထဲကနေ ကိုယ့်ရဲ့ လုပ်ဆောင်ဖွယ်ကိစ္စအဝဝကိုလုပ်ဆောင်နေကြတာမို့လို့လေ..
ဟုတ်တယ်ပေါ့ ဖုန်းကောင်းတစ်လုံးဟာ ၂၁ရာစု
လူငယ်လေးတစ်ယောက်အတွက် မရှိမဖြစ်ပဲလေ
အဲတာလေးရှိကာမှပဲ ကိုယ်လေ့လာချင်တဲ့ အရာတေ
အင်တာနက်ပေါ်ကနေ လေ့လာလို့ရတယ်
စီပွားရေးလူမှူရေး ကျန်းမာရေး ဗဟုသုတ အထွေထွေကို ဖုန်းတစ်လုံး အင်တာနက် ကောင်းကောင်းရှိပီဆိုရင်
အကုန် သိနိုင်ပီလေ....အင်တာနက်ကလဲ ဒီနေ့မြန်မာ
ပြည်နေရာရာတော်တော်များများကို ချိတ်ဆက် သူံးပြု
နိုင်ပီလေ..ဆက်သွယ်ရေးကုမ္ပဏီသုံးခု အပြိုင်အဆိုင်
ကြောင့်အင်တာနက် တန်သင့် ကောင်းနိုင်ပြီ
တစ်နေ့က ပဲ နောက်ဆက်သွယ်ရေးကုမ္ပဏီတစ်ခု
ပေါ်လာပီလေ...အင်တာနက်တော့ လုံလုံငှငှ သုံးကြရ
တော့မည်ထင်ပါရဲ့....တစ်နေ့ခေတ် မှာဆိုရင်
လူငယ်တွေ ကိုယ်ရဲ့ ဝါသနာ အရ အလုပ်တွေကြိုး
စားသွားကြမည်ဆိုလျင် အောင်မြင်မှူက မိမိနဲ့ လက်
တစ်ကမ်းသာ ရှိပါသည်။ မိမိတွင် အောင်မြင်ချင်တဲ့
စိတ်ရှိဖို့သာလိုပါသည်။အွန်လိုင်းတွင် မိမိလေ့လာချင်
သည့်အကြောင်းအရာ ဘာသာရပ်အလိုက် တော်တော်
များများ အွန်လိုင်းစာသင်ခန်းများ ရှိကြလေပြီ။
ဤသို့နှင့်............................
စာရေးသူသည်လည်း စတီးမစ်နဲ့ စတင်တွေ့ရှိခဲ့လေပြီ
သို့သော် မိမိ စတီမစ်မှာ အောင်မြင်နေပီလားဆိုတော့
နိုးပါ.........အကြောင်းမူကား မိမိနောက်မှ စတီးမစ်ရေး
ကြသော အကိုအမများသည်ပင် နောက် ကားကျော်
တက်သွားကြလေပြီ သူတို့၌ တော်တော်များများ
ဝင်ငွေ ရနေကြလေပြိီး ကျွန်ူပ်မူကား ယခုနှစ်လတာ
ကာလအတွင်းမှာ စတီမစ်ကရသော ငွေဆိုပြီး မရခဲ့ဖူး
သေးပါတစ်ခါမှ လည်းမထုတ်ရသေးပါ
ရလာသမျှကို မူးစု မတ်စု စုတုံး စုဆဲ စုလတ္တံ့ကာလ
သာဖြစ်ပေသည်။ရလာတဲ့ SBD လေးတွေကို သူများ
စကားနားယောင် ရမ်းသန်းလိုက်လုပ် power up
ဆိုလို့ လိုက်ပြီး ပါဝါ up နေရသည်။
သို့သော်မိမိ Estimated account Value သည်
ဒီနေ့မှတွင်20$ပြည့်ခဲ့ဖူလေ့သည် စတီးတွေ ဈေးကျ
နေသော်ကြောင့် ကိုယ့်အကောင့်ငွေလေး
လျော့သွားပြီဆိုလျင် မိမိ ကိုယ်ကို စိတ်ထဲတွင် နမြှောတသဖြစ်မိသည် ငါဒိလောက်ရပြီလို့ အားတက်မလို့ရှိတုန်း
စတီးမစ်းဈေးကျလို့ Account Value လျော့ကြသွား
တာမြင်ရလျင် "ဟင် ဟယ်" မေ့လုတက်ခမန်းပင်
ဒါနက်ကွိုင် ပညာရှင်များက စတီမစ်တန်ဖိုး 40$
ရှိလာမည်ဟု ခန့်မှန်းပြောဆိုသော စကားကြားရသောအခါ မိမိအနေ့ဖြင့် အားရှိလာသည်။
ဒါကြောင့် ထင်းခွေ ရင် ရေခပ်ဆိုသလို
ဘုရားလဲ ဘူး လိပ်ဥ လည်းတူး
စတီမစ်က ရလာတဲ့ ငွေ ဖြင့် ဖုန်းတစ်လုံးဝယ်ချင်
ပေသည်။ဖုန်းကောင်းတစ်လုံးပေါ့လေ..
ဒါပေါ့ ကျနော်ရဲ့ ရေတို ရည်မှန်းချက်သည်။
စတီးမစ်က ရတဲ့ ငွေဖြင့် ဖုန်းကောင်းတစ်လုံး ဝယ်နိုင်ရ
မည်။ဝယ်နိုင်အောင်လဲ ကြိုစားသွားမည်ဟု ကတိပြု
ပါသည်။ ယနေ့ မိဘတွေဆီ လက်ဖြန့်တောင်းနေသော
လူငယ်စရင်းထဲ တွင် အပါ မခံနိုင်ပါ။
ကိုယ့်ခြေ ကိုယ့်လက် လူလားမြောက်သော အရွယ်
ရောက်ရှိလာလေပြီ။ ထိုကြောင့်
ကျနော်၏ ရေတို ရည်မှန်းချက်သည် စတီးမစ်ကရသော
Steem/SBD ဖြင့် ဖုန်းကောင်းတစ်လုံး
ဝယ်နိုင်အောင် ကြိုစားသွားပါမည်။....
မိမိ၏ လက်တလော ဖြစ်ချင်တဲ့ ဆန္ဒကို ဖွင့်ချလိုက်ခြင်း
ဖြစ်ပေသည် အရှက်မရှိသော သူဟုလည်းမြင်နိုင်ပါ
သည် လူတိုင်းကိုယ်ဖြစ်ချင်တဲ့ဆန္ဒ လိုအပ်ချင်တဲ့ရာ
တော့ရှိကြသောကြောင့်ပင်...........📝
ဆက်လက်ကြိုးစားပါအုံးမည် ။..............။
I ❤ Steemit
https://steemit.com/@smallbutterfly