ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ
သူငယ်ချင်းရေ
ဖြစ်ချင်တာတွေဖြစ်မလာတဲ့အခါ
ဖြစ်နိုင်တာနဲ့ ပျော်အောင်နေပါ
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကိုပဲ ဦးစားပေးမှာမလို့လေ
သူငယ်ချင်းရေ
ယုံကြည်မှုတွေ ဖြိုချခံရတဲ့အခါ
ကိုယ့်ယုံကြည်မှုကိုယ် အသစ်ပြန်လည်တည်ဆောက်ပါ
သူငယ်ချင်းရေ
တကယ်လို့များ ကိုယ့်ဝေဒနာ
ရှည်ကြာစွာ ကြုံတွေ့ရတဲ့အခါ
ဒါ တစ်ခါက ငါပြုမိတဲ့ ဝဋ်ကြွေး
ပြန်လည်ပေးဆပ်ရခြင်းလို့
မှတ်သားခံယူ စိတ်လေးဖြေပါ
အတိတ်က ရှေးကုသလိုလ် ကံဝဋ်ကြွေးရှိခဲ့လို
ယခုပစ္စုပ္ပန်မျက်မှောက်မှာ ဝဋ်ကြွေးဆပ်ရတာပါ
သူငယ်ချင်းရေ
ဘဝတစ်ကွေ့မှာ တခဏတွေ့
မင်းတို့ငါတို့ အချစ်အမုန်းတွေချေ
သံသရာဝဋ် ပြေလေအောင်
အပြုံးလေးဆောင် ဒီလူ့ဘောင်မှာ
အမုန်းရှောင်ရင်း နေတတ်အောင်နေ
နေနိုင်အောင်ကြိုးစား လမ်းမမှားစေနဲ့လေ။
သူငယ်ချင်းရေ့
ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ ဖြစ်သင်တာ
တွေနဲ့နေသားကြနေရအုံးမှာပဲလေ