ဆံပင်ရှည်ရှည်ကောင်မလေးတွေကိုပဲ ချစ်တယ်
ဆံပင်ရှည်ရှည်.. အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး.. ဆိုတဲ့သီချင်းကို ကြားဖူးကြတယ်ဟုတ်။
ကိုယ်တွေကတော့ ဆံပင်ရှည်ခရေဇီဆိုတော့ ဆံပင်ရှည်တဲ့ကောင်မလေးတွေနဲ့ တွဲရတဲ့ ကောင်းကွက်တွေကိုချည်း ပြောရမှာပေါ့နော့်။ :D
(၁) ဆံပင်ရှည်ထားဖို့ဆိုတာ မလွယ်ဘူး၊ နှစ်အရှည်ကြီးစောင့်ရတယ်။ ရှိတဲ့ ဆံပင်အရှည်ကိုလည်း နေ့တိုင်း ဖြီးရတယ်၊ သန့်ရှင်းရေး လုပ်ရတယ်။ ဆိုတော့ တော်တော်စိတ်ရှည်မှ ဖြစ်မယ့်ကိစ္စ။ ဒီတော့ ဆံပင်ကိုတောင် ဒီလောက် စိတ်ရှည်မှတော့ ကိုယ့်ကိုလည်း စိတ်ရှည်မှာ အသေအချာပဲ။ (လို့ .. တွေးလို့ရတယ်)
(၂) ဆံပင်ကို တစ်ပတ်လျှိုလေးထုံးပြီး ရှေ့ဘက်ကို ပြန်ချထားတဲ့ပုံစံလေးက မခို့တရို့နဲ့။ ဒီလိုပုံစံလေးကို ဆံပင်တိုတိုကောင်မလေးတွေ ဘယ်လိုက်တုလို့ရမတုန်း။ :D
(၃) ကိုယ့်သူငယ်ချင်းတွေကြားထဲဆိုရင်လည်း မျက်နှာအရမ်းပွင့်။ သားရီး မင်းကောင်မလေးက ကျက်သရေ ရှိလိုက်တာကွာလို့ အပြောခံရတာချည်းပဲ။ XD
(၄) အိမ်ကို ခေါ်သွားရင်လည်း အမေကြည်၊ အဖေကြည်တဲ့ အဖိုးတန်လေး။ (ဟဲ.. ဟဲ)
ကဲ.. ဆံပင်ရှည်ကောင်မလေးတွေနဲ့ ချစ်သူဖြစ်ရတဲ့ တခြားအားသာချက်တွေရော ဘာရှိသေးတုန်း
Crd by
Photo by google image
SMT 5