ကျွန်တော်တို့ မြန်မာလူမျိုးများသည် အလှူအတန်းနဲ့ ပက်သက်လာလျှင် အလွန်ရက်ရောကြသည်က များလေသည်။ သို့ရာတွင် တစ်ဦးတစ်ယောက်တည်း မတတ်နိုင်သည့် အလှူ များလည်း ရှိပေရာ အများနဲ့ စုပေါင်းလှူဒါန်းရသော အလှူများကို ဖန်တီး၍ အလှူ ဖြစ်မြှောက်အောင် လှူဒါန်းခဲ့ ကြရသည်လည်းရှိပေသည်။
အဘယ်ကဲ့သို စုပေါင်းလှူဒါန်းကြသနည်းဟု ဥပမာပြရသော် မြန်မာလူမျိုးများမှာ ဆယ့်နှစ်လ ရာသီပွဲတော်များ အသီးသီး ရှိကြသည်ကို အားလုံးအသိပင်ဖြစ်ပေမည်။ ထိုကဲ့သို့ လရာသီအလိုက် ပွဲတော်များ ကျင်းပရာတွင် မြန်မာလူမျိုးတို့၏ အဓိကဦးစားပေးသည် ဘုရား ကျောင်းကန်များနှင့် ဘုန်းကြီးကျောင်းအစ ရှိသော ဘာသာရေးဆိုင်ရာများကို အဓိက လှူဒါန်းကြသော ပွဲများသာဖြစ်ကြလေသည်။
အစောက တင်ပြခဲ့သလိုပင် အလှူအတန်းနဲ့ ပါတ်သက်လာလျှင် လက်မနှေးကြသော်လည်း တစ်ဦးတစ်ယောက်တည်း မတတ်စွမ်းနိုင်သည့် အလှူမျိုးများလည်း ရှိပေရာ အလှူဒါန ဖြစ်မြောက်စေရန်အတွက် အများနဲ့ စုပေါင်း ၍ လှူဒါန်းခဲ့ကြရပေသည်။
မည်ကဲ့သို့ စုပေါင်းလှူဒါန်းခဲ့ ကြသနည်းဟုဆိုသော် ဥပမာ မြန်မာနိုင်ငံတွင် ဘာသာသနာအဓွန့်ရှည် တည်တံ့ရန်အတွက် မြတ်စွာဘုရှားရှင်၏သားတော်များဖြစ်သော ရဟန်းသံဃာများ သည် သာသနာ့ဝန်ကို ထမ်းဆောင်လျက်ရှိပေသည်။ ဘုရားရှင်၏သားတော်များ ဖြစ်သောရဟန်းသံဃာများ၏ ဆွမ်းကွမ်း ကိစ္စသည် ကျွန်တော်တို့ ၏တာဝန်ပင်ဖြစ်ပေသည်။ ရဟန်းသံဃာတို့၏ဆွမ်းကွမ်းပြည့်စုံရန်အတွက် တစ်ဦးတစ်ယောက်တည်း မတတ်နိုင်သည့်အခါ မျိုးများတွင် စုပေါင်း၍ လောင်းလှူခဲ့ရပေသည်။
စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူပွဲ ဟုခေါ်သော အလှူမျိုးကို စာဖတ်သူ ကြုံဖူးပေလိမ့်မည်။ ထိုအလှူကို စုပေါင်းဘုံ ဆွမ်းဆန်စိမ်း လောင်းလှူ ပွဲ ဟု ခေါ်ပေသည်။ ထို့အတူ ဝါတွင်းကာလ သီတင်းသုံးကြသော သံဃာတော် အရှင်သူမြတ်တို့အား ဝါလကင်းလွတ်၍ သီတင်းကျွတ် အခါသမယသို့ ရောက်ရှိသောအခါတွင်လည်း ဗုဓ္ဒဘာသာဝင်တို့၏ထုံးတမ်းအစဉ်လာအတိုင်း ကထိန်သင်္ကန်း အစရှိသည်တို့ကို လှူဒါန်းသော ကထိန်ပွဲများ ကျင်းပ၍ လှူဒါန်းကြပေသည်။ ထိုကထိန်အလှူတွင်လည်း တစ်ဦးတစ်ယောက်တည်း မတတ်နိုင်သည့်အခါ စုပေါင်း၍လှူဒါန်းရသော ဘုံကထိန်ဟူ၍ အများနဲ့ စုပေါင်းကာ အလှူ ဖြစ်မြောက်စေရန် လှူဒါန်းခဲ့ ကြပေသည်။
အထက်တွင် ဆိုခဲ့သည်များသည် တစ်ဦးတစ်ယောက်တည်း မတတ်နိုင်သည်များကို ဘုံ ဟူသော အမည်ခေါ်တွင်စေ၍ အများနဲ့စုပေါင်းလုပ်ကြခြင်းများကို အဓိပ္ပါယ်ပေါ်လွင်စေ၍ တင်ပြခြင်းဖြစ်ပါသည်။
ယနေ့ ကျွန်တော်တို့ Steemit ဆိုသော ဆိုရှယ်မီဒီယာကို လျှောက်လှမ်းရာဝယ် အနာဂါတ်ကို မျှော်မှန်း၍ ရင်းနှီးမြုပ်နှံမှု ပြုလုပ်သင့်သည်ဟု ကျွန်တော်တို့မြင်မိပါသည်။ သို့သော် တစ်ဦးတစ်ယောက်တည်းမတတ်နိုင်သည့်အတွက် ကျွန်တော်တို့ စိတ်တူ ကိုယ်တူ သူငယ်ချင်းများ စုပေါင်း၍ steem 10 ဆီထည့်ကာ ဘုံအကောင့်တစ်ခု အဖြစ် ဖွင့်လှစ်ခဲ့ပါသည်။ ဤနေရာတွင် ဘုံ ဟူ၍ မြင်သာစေလို၍ ရှေ့ မှာ ဥပမာပြု၍ ထင်သာမြင်သာ ရှိစေရန်သာတင်ပြခြင်း ဖြစ်ပါသည်။ ဘုံ ဟူသောစကားသည် အမှန်တကယ်တော့ ကျွန်တော်တို့ သာမန်လူများအတွက် မထိုက်တန်သေးသော စကားလုံးသာ ဖြစ်ပါ၍ အနှီစကားလုံးအား သုံးစွဲမိခြင်းအတွက် ခွင့်လွှတ်ကြစေလိုပါသည်။
ကျွန်တော်တို့ ယခု ဘုံအကောင့်ကို စိတ်တူကိုယ်တူ သူငယ်ချင်းများ စုပေါင်း၍ အဆုံးရှုံးခံ ဖွင့်လစ်ထားခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘုံအကောင့် အောင်မြင်ခဲ့သော် မြန်မာ Steemit မိသားစု အတွက် တစ်တပ်တစ်အားဖြစ်စေရန် ရည်ရွယ်ချက်ထားပါသည်။
တစ်ဦးတစ်ယောက်တည်း 100 steem မတတ်နိုင်၍ စိတ်တူ ကိုယ်တူ ဆယ်ဦး စုပေါင်းကာ တည်ဆောက်ထားသော ဘုံ အကောင့်သာဖြစ်ပါတယ်။ ဆုံးရှုံးမှု ရှိခဲ့လျှင် အဆုံးရှုံး ခံနိုင်သည့် ပမာဏသာ ထည့်ဝင်ထားကြ၍ ကျွန်တော်တို့အရှုံးခံနိုင်ပါသည် ။ အောင်မြင်ခဲ့သည်ရှိသော် အများအတွက် ရည်ရွယ်ပါသည်။ ကျွန်တော့်တို့ ထိုကဲ့သို့ ရည်ရွယ်ကာ ဖွင့်လှစ်ထားသော အကောင့်ဖြစ်၍ ဘုံ ဟူသော အသုံးအနှုံးကို ယူကာ ဘုံအကောင့်ဟု သုံးနှုန်းခွင့် ပြုပါရန် မေတ္တာ ရပ်ခံလိုက်ရပါသည်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။