Bitcoin ဆိုတာ အင်တာနက်ထဲမှာ အသုံးပြုတဲ့ ဒီဂျစ်တယ် ငွေကြေး တစ်ခုဖြစ်ပါတယ်။
အလွယ်ပြောရရင် ကစားကွင်းတွေမှာ အသုံးပြုကစားရတဲ့ ဂိမ်းစက်တွေ ကို ကစားတော့မယ်ဆိုရင် အကြွေစေ့လေးတွေ လဲပြီးမှ ကစားရပါ တယ်။ ဒီလိုပဲ အင်တာနက်ထဲမှာ ပစ္စည်း တစ်ခုခုကို ဝယ်တော့မယ် ဆိုရင် ကြားခံ ငွေကြေးအဖြစ် Bitcoin ကို အသုံးပြုကြပါတယ်။ ၂၀၀၉ ခုနှစ်လောက်မှာ Bitcoin စတင် ပေါ်ပေါက်ခဲ့ပြီး ၂၀၁၁ နောက်ပိုင်းမှာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ရောင်းဝယ်ဖောက်ကားမှုတွေ ကို Bitcoin အသုံးပြုပေးချေခဲ့ကြရာ Bitcoin ကို အသုံးပြုဖို့အတွက် လူတော်တော် များ များက စိုးရိမ် မကင်းဖြစ်နေကြပါတယ်။
သို့သော်လည်း Bitcoin ကို အင်တာနက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနေတာကြောင့် ဒီဂျစ်တယ် ငွေကြေးအဖြစ် တည်ရပ်လျက် ရှိနေပါတယ်။
အင်တာနက်ပေါ်မှာ Bitcoin ကို ထိန်းချုပ်ထားတဲ့ ဘဏ်၊ ငွေကြေးဆိုင် ရာ ဗဟို အဖွဲ့အစည်းဆိုတာ မရှိပါဘူး။ ဒါကြောင့် Bitcoin ဟာ တရားဝင်လား၊ တရားမဝင်ဘူးလားဆိုတာ အငြင်းပွားစရာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ နိုင်ငံ တော်တော်များမှာ အသုံးပြုလျက် ရှိနေပါ တယ်။
Bitcoin ဟာ Cryptocurrency ဖြစ်ပါတယ်။ Bitcoin လိုပဲအခြားသော Cryptocurrency တွေလည်းရှိပါသေးတယ်။ Bitcoin ဟာ Encryption လို့ခေါ်တဲ့ လျှို့ဝှက် Key ကို အသုံးပြုပြီး အွန်လိုင်းပေါ်မှာ လူတစ်ဦးမှ အခြား လူ တစ်စီသို့ ငွေလွှဲပြောင်းပေးပို့တဲ့ စနစ်ကို အသုံးပြု ပါတယ်။ အွန်လိုင်းပေါ်မှာ Bitcoin ဖြင့်ရောင်းတဲ့ ပစ္စည်းတစ်ခုခုကို ဝယ်တော့မယ် ဆိုရင် မိမိပိုင်ဆိုင်တဲ့ ငွေကြေးကို ကို Bitcoin အဖြစ် ပြောင်း ရမှာဖြစ်ပါ တယ်။ ငွေကြေးနဲ့ ဒိလိုရောင်းဝယ်တဲ့အခါမှာ ပုံမှန်ရောင်းဝယ် သည့် စနစ်များ ကဲ့သို့ဖြစ်ပေမယ့် Bitcoin ဖြင့် ဝယ်မယ်ဆိုရင်တော့ ဘဏ်၊ ငွေးကြေးဆိုင်ရာ ကြားခံအဖွဲ့အစည်းတွေမပါတဲ့အတွက် ပိုမို သက်သာ တဲ့ ဈေး နှုန်းနဲ့ ရရှိမှာဖြစ်ပါတယ်။
Bitcoin ကိုလဲလှယ်နိုင်တဲ့ ငွေကြေးဈေနှုန်းဟာလည်း အခြား ငွေကြေး ဈေျးနှုန်းများကဲ့သို့ အမြဲပြောင်းလဲနေပါတယ်။