အဖွဲ့အစည်းတစ်ခုဘဲ ဖြစ်ဖြစ် မိသားစု တစ်ခုမှာဘဲဖြစ်ဖြစ် အုပ်စု တစ်ခုမှာဘဲ ဖြစ်ဖြစ် လူ နှစ်ဦးထက်ပိုပြီဆိုတာနဲ့ သဘောထားကွဲလွဲတက်ကျတာ ကျမတို့ လူမျိုးတွေရဲ့ ထုံးစံလိုဖြစ်နေပါပြီ။ ငယ်စဉ်ကတည်းက အဖွဲ့အစည်းစိတ်ဓာတ် ပျိုးထောင်မှုအားနည်းတဲ့ ရလာဒ်လို့ မြင်မိပါတယ်။ ခေါင်းဆောင်ဘဲ ဖြစ်ဖြစ် နောက်လိုက်ဘဲဖြစ်ဖြစ် အားနည်းချက်တွေကိုယ်စီနဲ့ လျှောက်လှမ်းနေကျတဲ့ အဖွဲ့အစည်းတွေမှာ ဒီအားနည်းချက်ဟာ ပိုပြီး ထင်သာမြင်သာ ရှိလှပါတယ်။ ဒီဆောင်းပါးလေးကနေ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေရဲ့ သဘောထား အမူအကျင့် စံထားအပ်တဲ့ စိတ်ဓာတ်လေးတွေကို ဆွေးနွေးကြည့်ကျရအောင်ပါ။
ပထမဦးစွာ အမေစုရဲ့ စကားလေးတစ်ခွန်းနဲ့ စ လိုက်ကျရအောင်ပါ။ ''မြန်မာတွေ ဘာလုပ်လုပ် မတည့်ကျဘူး ကွဲကျတယ်ဆိုတာ တစ်ခုတည်းသော အကြောင်းကြောင့်ဘဲ ဘာလည်းဆိုတော့ နေရာတကာမှာ အရေးပါချင်ကျလို့ပါ''တဲ့။ ဒီစကားဟာ သိပ်မှန်တယ်လို့ ကျမ တော့ ထင်ပါတယ်။ ခေါင်းဆောင် လုပ်သူဘဲ ဖြစ်ဖြစ် ငယ်သားနောက်လိုက်လုပ်သူဘဲ ဖြစ်ဖြစ် နေရာဆိုတာကို အင်မတန် မက်ကျပါတယ်။ ကိုယ်ရထားတဲ့ ထိုင်ခုံ နေရာ ရာထူး တစ်နေရာစာလေးကနေ ရတဲ့ အခွင့်အရေးကို အမိအရဆုတ်ကိုင်ပြီး အရေးပါဖို့ ကြိုးစားကျပါတယ်။ တာဝန်ယူဖို့ တာဝန်ခံဖို့ထက် နေရာရဖို့ မျက်နှာရဖို့သာ အဓိက လုပ်ချင်ကျပါတယ်။ နေရာမရခင်က စိတ်ထားကောင်းတဲ့သူတွေတောင် ထိုင်ခုံလေးပေါ်ထိုင်လိုက်တာနဲ့ အောက်ကို ငုံ့ကြည့်တက်ပါပြီ။ အမြင့်မှာ ထိုင်တဲ့အတွက် အောက်ကို ငုံ့ကြည့်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ထိုင်ခုံပေါ်ကနေ အောက်က လူကို ငုံ့ကြည့်တဲ့ အကြည့်ဟာ အထင်သေးတဲ့ နိမ့်ချတဲ့ အကြည့်လား။ သနားကြင်နာ ငဲ့ညှာတဲ့ အကြည့်လား။ ဘယ်လို အကြည့်မျိုးနဲ့ ကြည့်မှာလည်းဆိုတာကတော့ ထိုင်ခုံပေါ်ကလူရဲ့ စာရိတ္တနဲ့သာ သက်ဆိုင်ပါတယ်။
ဒီတော့ ကျမ ဆောင်းပါးရဲ့ ရည်ရွယ်ချက် ၂ခု ဖြစ်တဲ့ နောက်လိုက် ငယ်သား အသင်းသားတွေ အနေနဲ့ ဘယ်လိုစိတ်ဓာတ်တွေ လိုက်နာကျင့်သုံး ထားရှိအပ်တယ်ဆိုတဲ့ ပထမ တစ်ချက်ကို ဆွေးနွေးလိုပါတယ်။ ဒီနေရာမှာ ဓမ္မဒူတ ဆရာတော်ရဲ့ စကားလေးတစ်ခွန်းကို ပြန်လည်မျှဝေချင်ပါတယ်။ '' ကိုယ်က နောက်လိုက်ပါ ပညာတက်ကို ဆရာတင်ထားမိတော့ လုပ်သမျှအားလုံးအောင်မြင်အောင် နောက်က လိုက်လုပ်ပေးရတယ်။ ကိုယ်က နောက်လိုက်ပါ ပညာရှိကို ဆရာတင်ထားမိတော့ စီမံသမျှအားလုံး ပြ
ဿ နာကင်းအောင် နောက်က ကာကွယ်ပေးရတယ်''။ ဆရာတော်ရဲ့ စကားဟာ တိုတိုတုတ်တုတ်နဲ့ အဓိပ္ပါယ်ကို ကွင်းကွင်းကွက်ကွက် မြင်သာစေပါတယ်။ အောက်လက်ငယ်သားရဲ့ အရေးပါပုံနဲ့ ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်လေးတွေကို ဖော်ပြထားပါတယ်။ အင်မတန် မှတ်သားထိုက်တဲ့ စကားပါဘဲ။
ဆက်ရန်...