https://steemit.com/myanmar/@suhlaing/asangeyappaty-aem-03f358db374a7
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-2-a9490b46ab631
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-8ef4cd60ca2f
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-7fbc908e0990d
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-5-cdc16bf4a4bd8
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-6-1f639b0c9dfb3
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-7-ad8eccc034d
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-8-db3425530bd15
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-8-db3425530bd15
https://steemit.com/myanmar/@suhlaing/asangeyappaty-aem-f88840fa9c118
ညဘက် မိသားစုတွေ ထမင်းစားသောက်ပြီးတော့ အိမ်ရှေ့ ကွပ်ပြစ်လေးတွ ဝိုင်းထိုင်ကာ စကားပြောကျသည်။ အဖေနှင့် အမေက မလွန်း အလုပ်ကိစ္စအကြောင်း မေးမြန်းရာ မလွန်းက သေချာရှင်းပြလိုက်သည်။ ကိုယ့်သမီးလေး ပင်ပင်ပန်းပန်းနှင့် အလုပ်မလုပ်ရဟု သိရသော အခါ မိဘများမှာ တစ်မျိုး စိတ်ချမ်းသာရသည်။ မလွန်းကိုလည်း အလုပ်ကို စေတနာထားရန်နှင့် လိမ်မာရန် ဆုံးမကျသည်။ မိဘများ၏ အရိပ်အခြေကိုကြည့်ပြီး မလွန်းက စကားစလိုက်သည်။ မိမိတွင် ချစ်သူရှိကြောင်းနှင့် ထို ချစ်သူနှင့် လက်ထပ်ချင်ကြောင်း ပြောလိုက်ရာ မိဘများက ခဏတော့ တွေဝေသွားကာ ယခုလောလောဆယ်တော့ ငယ်ရွယ်သေးသောကြောင့် လက်ထပ်ဖို့ စောလွန်းသေးကြောင်းနှင့် မလွန်း ချစ်ခင်နှစ်သက်လျှင် သဘောတူပါကြောင်း ပြောဆိုကျပါသည်။
မလွန်း ရင်မှာ အပျော်လေးများနှင့် ချစ်သူကို တွေ့ချင်လှပါပြီ။ တညတာသည် ကုန်ခဲလွန်းလေစွဟု စိတ်မှာထင်မိသည်။ တိတ်ဆိတ်နေသော ညလယ်တွင် ခြေသံကို ဖွဖွနင်းကာ လသာသော အိမ်ရှေ့ ကွပ်ပျစ်ဆီသို့ ထွက်လာခဲ့သည်။ အိပ်၍ မပျော်မည့် အတူတူ ချစ်သူအကြောင်း စိတ်ကူးယဉ်မည်ပေါ့။ အိမ်ရှေ့ရောက်သောအခါ လရောင်ဖြင့် ကွပ်ပျစ်ပေါ်တွင် အမေ ထိုင်နေသည်ကို မြင်တွေ့လိုက်ရသည်။ အမေ မအိပ်သေးဘူးပေါ့။ ဘာလို့များပါလိမ့်ဟု မလွန်းစဉ်းစားနေမိသည်။ မလွမ်းခြေသံကြားတော့ အမေကလှည့်ကြည့်ကာ မနက် ခရီးသွားရမှာမို့ အိပ်တော့လေ သမီးဟု လှည့်ပြောပါသည်။ မလွန်းလည်း အမေ့နားတိုးကပ်သွားကာ အမေ့ပေါင်ပေါ် ခေါင်းအုံးရင်း ကွပ်ပျစ်ပေါ်လှချလိုက်ကာ အမေ ဘာတွေတွေးနေသလဲ မေးမိပါသည်။
ရီဝေနေတဲ့ အမေ့မျက်လုံးတွေကို မလွန်းမော့ကြည့်ရင်း ရင်ထဲ တစ်မျိုးကြီး ခံစားလိုက်ရသည်။ အမေ ဘာအခက်အခဲရှိလည်း သမီးကို ပြောပြပါလို့ မလွန်း မေးလိုက်တော့ အမေက သမီးကလေး စိတ်ခုမည်စိုး၍ ပြောမထွက်ခဲ့တာ ဖြစ်ကြောင်း သမီးသည် လူမျိုးခြား ဘာသာခြားကို ချစ်သက်ဝင်နေပါသောကြောင့် မိဘများအနေနှင့် တားမြစ်ချင်သော်လည်း လိမ်မာသော သမီးလေးအတွက် မလွန်း ခံစားရမည်ကို မကြည့်ရက်သောကြောင့်သာ ခွင့်ပြုပေးရကြောင်းနှင့် လူမျိုးတူ ဘာသာတူကို ရွေးချယ်စေချင်ကြောင်း ပြောပါသည်။ မလွန်းလည်း အမေ့ လက်နှစ်ဖက်ကို ဆုတ်ကိုင်ရင်း စိတ်မပူစေလိုကြောင်းနှင့် ထိုသူသည် လူကောင်းတစ်ဦး ဖြစ်ကြောင်း မိမိ အပေါ်တွင်လည်း လွန်စွာချစ်ခင်ကြောင်းနှင့် မိခင်နှင့် ဖခင်တို့ မြင်လျှင်လည်း ချစ်ခင်ကျမည်ဖြစ်ကြောင်း ဖျောင်းဖျ ပြောဆိုပါသည်။ မလွန်း၏ နှစ်သိမ့်မှုသည် မိခင်တစ်ဦးက သားသမီး အပေါ်ထားရှိသော စိုးရိမ်သောက စိတ်ကို မတားဆီးနိုင်ပေ။ အမေသည် နှုတ်ဆိတ်သွားကာ အိမ်တော့မည်ဖြစ်ကြောင်း နှင့် မလွန်းကိုလည်း အိပ်ရန် မှာကြားပြီး အခန်းကျဉ်းကလေးထဲ ဝင်သွားလေသည်။
နောက်နေ့ နံနက်တွင် မလွန်းသည် ခပ်စောစောပင် ရွာမှ ထွက်လာလေသည်။ မိဘများက ကျန်းမာရေး ဂရုစိုက်ရန် အထပ်ထပ်မှာကြားလိုက်လေသည်။ မလွန်းထံ ဆက်သွယ်ရမည့် လိပ်စာနှင့်တကွ ဖုန်းနံပါတ်များကိုလည်း ပေးခဲ့လိုက်ပြီး မကြာခဏဖုန်းခေါ်ရန် မှာကြားခဲ့လေသည်။ ဆိုင်ပြောင်းမည့် ကိစ္စကိုတော့ မလွန်း မပြောခဲ့ရပေ။ ချစ်သူ အကြောင်းပြောလိုက်သည်နှင့် စိုးရိမ်ပူပန်စိတ်များသော အမေ့ကို သောက ထပ်မပေးလို၍ ဖြစ်သည်။ ယခုနေထိုင်သည့် နေရာကိုလည်း မိဘများသိသည်မှ မဟုတ်တာလေဟု တွေးမိရင်း မပြောဖြစ်ခဲ့ပါ။ ဘယ်နေရာ နေနေ မထူးဟု တွေးမိသည်။ ပိုက်ဆံပိုရတော့ မိသားစုအား ပိုထောက်ပံ့နိုင်သည် မဟုတ်ပါလား။