စတီးမစ်ဆိုတဲ့ ဆိုရှယ် network ထဲကို တစ်ယောက်စကား တစ်ယောက်နားနဲ့ သိလာရပြီး ဝင်ရောက်ပါဝင် လာခဲ့တာ အခုဆိုရင် ၆ လကျော်ဆိုတဲ့အချိန်ကို ရောက်လာပါပြီ။ ရောက်ခါစကတည်းက စတီးမစ်အကြောင်းကို ဂဃနဏ သေသေချာချာ မသိသေးတဲ့ အချိန်မှာကတည်းက လေးစားအားကျရတဲ့ ပြဘ်တွင်းပြည်ပက စီနီယာ မန်ဘာဝင်တွေကို ကြည့်ပြီး သူတို့ရဲ့ စိတ်နေစိတ်ထားတွေဟာ အတ္တဟိတထက် ပရဟိတဘက်ကို ပိုအလေးသာတာမို့လို့ ဒီအဖွဲ့အစည်းကို အရမ်းသဘောကျနေခဲ့ရပါတယ်။
ဒါကြောင့်မို့လဲ ထဲထဲဝင်ဝင် ပါဝင်ချင်ခဲ့တဲ့အတွက် စတီးမစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အသေအချာ သိအောင် လေ့လာရတာလည်း စမ်းတဝါးဝါးမို့ အတော်လေးခက်ခဲပါတယ်။စစချင်းတုန်းက ဒီလို လွယ်ကု ရိုးရှင်းတဲ့introduce-yourself-post
အတွက်တောင် စရေးဖို့တစ်ပတ်လောက် အားယူခဲ့ရပါတယ်။
အဲ့ဒီ့အချိန်မှာပဲ MSC group အကြောင်းကို facebook ကနေစသိခဲ့လို့ မန်ဘာဝင်ဖြစ်ချင်တာနဲ့ အပူကပ်စရာလူ လိုက်ရှာကြည့်ခဲ့ပါတယ်။ အဲ့ဒီ့မှာ မိတ်ဆွေထဲက ကိုဒွန့်ကိုသွားတွေ့တယ်။ ကိုဒွန်ကတော့ အားပေးတယ်။
ကိုဒွန်ကပဲ စည်းကမ်းချက်တွေရှင်းပြတယ်။ ကိုယ်မသိသေးတဲ့ စတီးမစ်က အကြောင်းတွေကို သေချာရှင်းပြပေးခဲ့လို့ အတော်လေး အဆင်ပြေခဲ့ပါတယ်။ mood ဝင်မှ စာရေးတတ်တဲ့ ကိုယ် စာရေးတာတွေကျဲနေပြီဆိုရင်လည်း စေတနာထားပြီး တိုက်တွန်းခဲ့လို့ အားထည့်ရေးဖြစ်ခဲ့တာတွေလည်းရှိလို့ ကိုဒွန်ရေ ကျေးဇူးပါရှင်။ စတီးမစ်မှာ consistency ရှိအောင် အမြဲပို့စ်တင်နိုင်တဲ့ skill ကိုလည်း လေးစားရပါတယ်။ ကိုယ်ကတော့ စာရေးဖို့ mood မဝင်ရတာနဲ့ time management ညံ့လို့ မရေးနိုင်တဲ့ရက်တွေနဲ့ ခုထိ ခြောက်လသာကျော်လာတယ် ထင်သလောက်ခရီးပေါက်အောင် မလုပ်နိုင်ခဲ့ပါဘူး။
ဒါတောင် တခါတလေ steempowergroup1 ရဲ့ contest တွေမှာ ဝင်ရေးကြည့်ခဲ့ဖူးတာလေးတွေကို MSC leader ကြီးနဲ့ အခြားသော စီနီယာ အစ်ကိုအစ်မတွေဆီက ချီးမြှင့်တဲ့ upvote လေးတွေကြောင့်သာ ဒီနေ့ ဒီအခြေအနေလေးရောက်နေရတာမို့လို့ သည်ုလည်း ကျေးဇူးတင်ရမယ့်အထဲမှာ ထိပ်ဆုံးက ပါပါတယ်။ အဲ့လိုနဲ့ တပိန်ပိန် တလိန်လိန်နဲ့ ခရီးဆက်လာရင်း ကိုဒွန်ကပဲ သတင်းကောင်းကို ယူဆောင်လာပေးပါတယ်။ အဲ့ဒါကတော့ MSC member ဖြစ်ပီဆိုတဲ့သတင်းပါပဲ။
Crd-img-src
MSC ထဲရောက်ပြီဆိုတာနဲ့ ဘာကိုစခံစားမိသလဲဆိုတော့ အုပ်စုထဲဝင်ခွင့်ရသွားတဲ့ သင်းကွဲငှက်တစ်ကောင်လိုပါပဲ။အရမ်းကို နွေးထွေးစွာ ကြိုဆိုခဲ့ကြလို့လဲ တစ်ယောက်တည်း လေဆန်ကို ပျံသန်းနေရတဲ့ အချိန်နဲ့မတူတော့ဘဲ အုပ်စုနဲ့အတူတူ လေဟုန်စီးလိုက် ရှေ့က အားစိုက်ပျံသန်းရင်း လမ်းဖောက်သွားကြတဲ့ Leader များ ၊ စီနီယာများနောက်က အသာလေး မျှောလိုက်သွားလိုက် ရတဲ့ V-shape ပျံသန်းမှုထဲက ကြိုးကြာငှက်တစ်ကောင်လို သက်တောင့်သက်သာ ရှိလှပါတယ်။ တစ်ခုတော့ရှိတာပေါ့လေ အုပ်စုနဲ့ဆိုတော့ အုပ်စုစည်းကမ်းတော့ လိုက်နာသွားဖို့တော့ အရေးကြီးတာပေါ့။
Crd-img-src
စတီးမစ်သုံးစွဲသူတွေကို ငါးတွေနဲ့ ခိုင်းနှိုင်းကြသလို ခု ကိုယ်က ငှက်လေးတွေ အုပ်စုဖွဲ့ပျံသန်းနေတာ မြင်ပြီး ငှက်အုပ်စုနဲ့ ခိုင်းနှိုင်းမိနေပြန်ပါဘီ။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ စကားပုံလေးတောင် ရှိသေးတယ် မဟုတ်လား။
မြန်မြန်ရောက်ချင်ရင် တစ်ယောက်တည်းသွားပါ။ ဝေးဝေးရောက်ချင်ရင်တော့ အုပ်စုနဲ့သွားပါ ဆိုသလိုပေါ့။ ကိုယ်တို့တွေဟာ ရောက်နိုင်သမျှ ဝေးဝေးကို သွားကြမယ့် MSC ဆိုတဲ့ လှေတစ်စင်းတည်းကို စီးကြတဲ့ စတီးမစ် ခရီးသည်များပဲ ဖြစ်ကြတယ်မဟုတ်လား။ ဒါကြောင့် ဒီ MSC ဆိုတဲ့ လှေကြီးနဲ့အတူ တက်ကုန်ဖွင့် ရွက်စုံလွှင့်ကာ လိုရာပန်းတိုင် ကို အရောက်လှမ်းကြပါစို့လို့ ဒီနေရာကနေ ဆန္ဒပြုလိုက်ပါတယိ။
Crd-img-src