မနေ့တုန်းကတည်းက ထိုင်းမှာ ဂူထဲ ပျောက်ဆုံးနေတဲ့ ဘောလုံးသမား ကလေး ၁၃ ယောက်လုံးကို အသက်ရှင်လျှက်ပြန်ရှာတွေ့တယ်ဆိုလို့ အရမ်းအရမ်းကို ၀မ်းသာရပါတယ်။ တကယ်ကို ကြံ့ခိုင်တဲ့ ကလေးတွေပါပဲ ၁၀ ရက်လုံးလုံး မှောင်ပိန်းနေတဲ့အထဲမှာ အစားအစာ အနည်းငယ်လေးနဲ့ စည်းစည်းလုံးလုံး တောင့်ခံကြတာ တကယ်ကို ချီးကျူးစရာကောင်းပါတယ်။ သူတို့လေးတွေကို မတွေ့ခင်ကလည်း အားလုံးသိကြတဲ့အတိုင်း ထူးဆန်းတဲ့ ဂူကြီးအကြောင်း ၊ အိပ်မက်တွေအကြောင်း ၊ မိုင်းဖုန်းဆရာတော် မေတ္တာသွားပို့ပြီး နောက်၂ရက်နေရင် ခလေးတွေကို ပြန်တွေ့မယ်ဆိုတဲ့အကြောင်းတွေနဲ့ အတော်လေးကို အာရုံစိုက်ခဲ့ရတဲ့ သတင်းပါပဲ။ ခလေးတွေရဲ့ မိဘတွေလည်း ဘယ်လောက်တောင် ပျော်နေမလဲနော်။ သူတို့လေးတွေ အန္တရာယ်ကင်းကင်းနဲ့ ဂူအပြင်ဘက်ကို ထွက်လာနိုင်ပါစေလို့ ဆက်ဆုတောင်းပေးပါတယ်။ ခလေးတွေ အားလုံး အာဟာရ နည်းနည်းနဲ့ အသက်ဆက်ခဲ့ရလို့ တော်တော်လေးကို ပိန်လှီနေတာကို စိတ်မကောင်းစရာတွေ့ရပါတယ်။
Crd-src
နောက်ပြီး မြန်မာဖေ့စ်ဘွတ်user တွေရဲ့ အဲ့ဒီ့ခလေးတွေ ပြန်တွေ့ရှိမှုအပေါ် အမျိုးမျိုး ဝေဖန်သုံးသပ်ချက်တွေ ထွက်လာတာ မနည်းမနောပါပဲ။ လုပ်ဇာတ်ကြီးပါကွာလို့ ပြောကြတဲ့သူတွေလည်း မနည်းမနော။ Toll post တွေလည်းမနည်းမနောနဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ facebook ပေါ်မှာ အုံလိုက်ကျင်းလိုက် ပေါနေကြသလိုပဲ ခံစားရပါတယ်။ ခုရေးတဲ့ပို့စ်သာ facebookထဲရောက်သွားရင် ကျွန်တော်တော့ ဆဲခံရတော့မှာပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်timeline ကိုယ့် wall မှာ ကိုယ့်စိတ်ကြိုက် ရေးကြ share ကြတာမို့ ဘာမှ အထွေအထူးပြောစရာမရှိပါဘူး ။ သို့သော်လည်းပဲ ထိုင်းနိုင်ငံရဲ့ ခလေးတွေ ပြန်တွေ့ပြီဆိုတဲ့ ပို့စ်အောက်မှာ မြန်မာတွေအများအပြားရဲ့ ကောမန့်တွေက မုဒိတာ မပွားနိုင်တဲ့သူတွေ များနေသလားလို့ပါ။
Crd-img-src
နိုင်ငံနဲ့ချီပြီး အပြစ်ပြောတတ်ပါလား ဆိုတဲ့ ပုံစံကြီးကို သူများရှေ့မှာ ခဏခဏ ချပြကြသလိုပဲ ခံစားမိပါတယ်။ မယ်ပြိုင်ပွဲတွေဆိုရင်လည်းသက်ဆိုင်ရာ လူမှုကွန်ယက် စာမျက်နှာတွေမှာ မြန်မာတွေက ထိပ်ဆုံးက ဆဲပြီးသား။ တိုင်းပြည်တွင်းမှာ တစ်ခုခုပြဿနာ တက်ပြီလားဟေ့ ဆိုတာနဲ့ ဘယ်သူ့လက်ညှိုးထိုးရပါ့မလဲပဲ ချောင်းနေကြသလားတောင် ထင်ရပါတယ်။ ဟိုလူ့ကြောင့် ၊ ဒီလူ့ကြောင့် ၊ အစိုးရကြောင့် ၊ စည်ပင်ကြောင့် နဲ့ လက်ညှိုးတွေ ထိုးလိုက်ကြတာ ထိုးလိုက်ကြတာဟာ ပြဿနာကို အဖြေရှာဖို့ ဖြေရှင်းဖို့ထက် လက်ညှိုးထိုး အပစ်တင်ဖို့သာ အားသန်နေကြပါတယ်။ ဒါဟာ နိုင်ငံနဲ့ချီပြီး ဖြစ်နေတဲ့ အမူအကျင့်ဆိုးကြီးပါ ။
အကြောင်းအရာတစ်ခုခုဆို ကိုယ်နဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် အပစ်တင်မယ် ဝေဖန်မယ်။ လေကန်မယ်။ အဲ့ဒီ့လူတွေကိုကြည့်ုလိုက်ရင် ကိုယ့်တာဝန်ကြ ကိုယ်မယူချင်ကြဘူး။ ကိုယ့်အမှိုက်ကို ကိုယ်မပစ်ချင်ဘူး ၊ ကိုယ်ချထားတဲ့အမှိုက်ကြောင့် ပတ်ဝန်းကျင်ညစ်ပတ်နေတာကို အစိုးရက အလုပ်မလုပ်လို့ စည်ပင်က အမှိုက်လာမသိမ်းလို့ နဲ့ အပြစ်တင်တတ်ကြပြီး အမှိုက်ပုံထဲကနေ ထိုင်စောင့်နေတတ်ကြပါသေးတယ်။ ခုခေတ်စားနေတဲ့စကားနဲ့ ပြောရရင် so stupid people တွေပါပဲ။
အနီးစပ်ဆုံး ဥပမာ ပေးရရင် ကျွန်တော်တို့ ရန်ကုန်မှာ အထပ်မြင့်တိုက်တွေရဲ့ လှေခါးတွေမှာ ကွမ်းတံတွေး ထွေးတဲ့ကိစ္စကိုပဲ ချဉ်းကပ်ကြည့်ရအောင်။ ကျွန်တော်တို့နေခဲ့တဲ့ တိုက်ခန်းက လေးလွှာမှာ ရှိတော့ လှေခါးအဆစ်အချိုးပေါင်း ၈ခု တက်မှ ရောက်တာပေါ့။ ဒီတော့ အဲ့ဒီ့လှေခါးအဆစ်တိုင်း အဆစ်တိုင်းမှာ ကွမ်းတံတွေး အမှိုက်တွေကို မြင်ရပါတယ်။ ခုအောက်က ပုံထဲကထက်ကို အခြေအနေဆိုးပါတယ်။
အဲ့ဒီ့တိုက်ခန်းကို ပြောင်းလာခါစ ကျွန်တော် စိတ်တွေ အရမ်းကို ညစ်ပါတယ်။ စဉ်းစားကြည့်လေ ရန်ကုန်တိုက်ခန်းတွေရဲ့ လှေခါးတွေဟာ ကျဉ်းတဲ့အပြင် မတ်ကလည်း မတ်စောက်သေးတယ်။ မောမောနဲ့ အပြင်ကနေ ပြန်လာပြီး အသက်ပုံမှန်ရှူပြီး တက်မယ်ဆိုရင်တောင် ကိုယ့်အခန်းရောက်ရင် ဟိုက်နေပြီ။ သို့သော်လည်း အနှီအမျိုးကောင်းသား တို့ရဲ့ အညစ်အကြေးပေါင်းများစွာ ပါဝင်တဲ့ ကွမ်းတံတွေးတွေနဲ့ အနံ့အသက်ဆိုးတွေကြောင့် လှေခါးတက်ရင် အသက်အောင့်ပြီးတက်ရပါတယ်။ အဲ့ဒီ့ ဒုက္ခကို မခံစားနိုင်တဲ့အဆုံး ကျွန်တော် ဘာလုပ်ရလဲဆိုတော့ လက်အိပ်တွေစွပ် နှာခေါင်းစီးတွေ စီးပြီး ၊ ဂေါ်ပြားရယ်၊ တံမြက်စည်းရ၊ယ် ရေပုံးရယ်၊ brushတစ်ခုရယ်၊ ဆပ်ပြာရည်ဗူးရယ် နဲ့ ဆင်းရတော့တာပေါ့။ ပထမဦးဆုံး ဖုန်တွေ အမှိုက်တွေကို တံမြက်စည်းနဲ့ လှည်း၊ ဂေါ်နဲ့ကျုံးပြီး အမှိုက်အိပ် ထဲ ထည့်တယ်။ နောက်တစ်ဆင့် နံရံမှာ ကပ်ညှိနေတဲ့ ကွမ်းတံတွေးတွေကို ဆပ်ပြာရည်နဲ့ ပက်ပြီး brush နဲ့လိုက်တိုက်တယ် ရေအနည်းငယ်လောင်းဆေးတယ်။ ကျလာတဲ့ရေတွေကို ဂေါ်ပြားနဲ့ ပြန်ကျုံးရတယ်။ အဲ့လို အထပ်တိုင်း အထပ်တိုင်းကို အပင်ပမ်းခံပြီး သန့်ရှင်းရေးလုပ်လိုက်တော့ နည်းနည်းတော့ အနံ့အသက်ကောင်းသွားတာပေါ့။
အဲ့ဒီ့တုန်းက ဓါတ်ပုံမရိုက်ထားလိုက်ရတော့ အနီးစပ်ဆုံး ပုံလေးတွေ ရှာတင်လိုက်ပါတယ်။😄😄😄
အထပ်အားလုံးပြီးသွားတော့ လူလည်း အတော်ပြိုင်းထွက်နေပြီ ၊ ကိုယ်က နဂိုကမှ အမောမခံနိုင်တဲ့သူ ၊ ချွေးတွေနဲ့ ဖုန်တွေနဲ့ လုံးပြီး တစ်ကိုယ်လုံးလည်း ယားယံနေပြီဆိုတော့ ကိုယ့်တိုက်ခန်းထဲ ပြန်ဝင်ပြီး အမြန်ရေချိုးပစ်ရတယ်။ ရေချိုးပြီးတော့ ကိုယ်သန့်ရှင်းရေးလုပ်ထားတာလေး ပြန်ဆင်းကြည့်ပါဦးမယ်လေ ဆိုပြီး တိုက်ခန်းကအထွက် မြင်လိုက်ရတဲ့ မြင်ကွင်းက လူသတ်ချင်စိတ်တောင် ပေါက်သွားပါတယ်။ တကယ်ပါဗျာ..။ ခုပဲ သန့်ရှင်းရေးလုပ်ထားလို့ သန့်ပြန့်နေတဲ့ နံရံမှာ လတ်လတ်ဆတ်ဆတ် ကွမ်းတံတွေးကွက်ကြီးက သန့်ရှင်းရေးလုပ်ခဲ့တဲ့ ကျွန်တော့်ကို ဟဟreact လာပေးနေသလိုပဲ။ ဘယ်လိုကို ယုတ်မာကြတာလဲဗျာလို့သာ ရေရွတ်နိုင်တော့ပါတယ်။ ကျွန်တော် တော်တော်လေးကို စိတ်မသက်မသာဖြစ်ရတာ ဖြစ်ရတာဆိုတာ ဖျားတောင်ဖျားရတဲ့အထိပါပဲ။
😖😖😖😖😖🤦♀️🤦♀️🤦♀️🤦♀️
ကျွန်တော့်အဖြစ်လိုပဲ ဆရာချစ်ဦးညိုလည်း ဖြစ်ခဲ့ဖူးတယ်ထင်ပါရဲ့ ၊ သူ့ရဲ့ဟောပြောပွဲ တစ်ခုမှာထည့်ပြောခဲ့တာလေး အမှတ်ရပါတယ်။ သူလည်း သူ့တိုက်ခန်းရှေ့မှာ ကွမ်းတံတွေးတွေ တွေ့တွေ့နေလို့ သန့်ရှင်းရေးလုပ်ပြီး စာလေးကပ်ခဲ့သတဲ့။ ဒီနေရာတွင် ခွေးများသာ ကွမ်းတံတွေး ထွေးကြသည် လို့ ကပ်ခဲ့ပါတယ် နောက်နေ့လည်းရောက်ရော ကွမ်းတံတွေးကွက်ကြီးနဲ့ ဆရာချစ်ဦးညို ကပ်ခဲ့တဲ့စာလေးအောက်မှာ ထပ်ရေးပေးသွားသေးတယ်တဲ့။ ရေးသွားတာက ပုံခွေး ဟူသတဲ့။ ခွေးဖြစ်ခံပြီးကို ကွမ်းစားတာပါလားနော်။ ကွမ်းစားတာကိုတော့ မပြောလိုပါဘူး ကောင်းတာမကောင်းတာ ကိုယ်ပဲ ခံရမှာမို့ ကိုယ့်ရွေးချယ်ချက်ပါပဲ။ သို့သော်လည်းပဲ ကိုယ့်ပါးစပ်ထဲက ကိုယ်ကြိုက်လို့ စားတဲ့ ကွမ်းတံတွေးကိုတောင် ကိုယ်တာဝန်မယူတတ်ရင်တော့ ဘယ်လို လုပ်ကြမလဲဗျာ။ နိုင်ငံတော်က ဒီလိုလူတွေဆီက အမှိုက်သရိုက်နဲ့ အညစ်အကြေးတွေက လွဲလို့ ဘာတွေများ မျှော်လင့်လို့ရပါ့ဦးတော့မလဲ။ ဒါဟာ ပုံကြီးချဲ့တယ်လို့ ဆိုချင်ဆိုကြပါလိမ့်မယ်။ သို့သော်လည်း အမှိုက်ကစ ပြသဒ်မီးလောင် ဆိုသလို ဒီလို အသေးအဖွဲ အခြေခံအမူအကျင့်တွေကို မပြင်ဘဲ ဘယ်လိုမှ နေချင့်စဖွယ် လူ့ပတ်ဝန်းကျင်ကို ရမလာနိုင်ပါဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အနေစည်းကမ်း ၊ အပြောစည်းကမ်းလေးတွေ ရှိပြီး၊ ကိုယ့်တာဝန်ကိုယ်ယူ ၊ ကိုယ့်အလုပ်ကို ကိုယ်လေးလေးစားစား လုပ်တတ်တဲ့ နိုင်ငံတကာက အတုယူရတဲ့ ဂျပန်လူမျိုးတွေလို ဖြစ်လာမည့်နေ့လေး ရှိနိုင်ပါ့ဦးမလားဗျာ.. ။
Is it Possible??
One day our country to become Like this
Crd-img-src
😓😓😓😓