zawgi;
မဂၤလာပါ ခင္ဗ်။
#photo from google
(moehlaing)
*****-----*****-----*****-----*****-----
unicode;
မင်္ဂလာပါ ခင်ဗျ။
ဒီနေ့တော့ မိတ်ဆွေတို့ကို ''Multi-coin Wallet သို့မဟုတ် Coinomi'' အကြောင်းလေးမျှဝေပေးချင်ပါတယ် ခင်ဗျ။
''Coinomi Wallet'' Pcloud Link;
https://my.pcloud.com/publink/show?code=XZODp77ZxRURyySUwcmg6MJ25zIn95M716dV
''Coinomi Wallet ဟာ ''Multi-coin Wallet'' ဖြစ်ပြီး ''Coin'' အမျိုးအစား တော်တော်များများကို ''Support'' ပေးပါတယ်။
''Coinomi Wallet'' က ''Support'' ပေးတဲ့ ''Coin'' တွေကတော့ Bitcoinအပါအဝင် စုစုပေါင်း ''Coin'' အမျိုးအစား ၇၅ မျိုးရှိပါတယ်။
ဒါ့ကြောင့် ''Coinomi Wallet'' တစ်ခုရှိရုံနဲ့ ကျွန်တော်တို့ အသုံးများတဲ့ ''Coin'' တွေဖြစ်တဲ့ Bitcoin(btc),Litecoin(ltc),Dogecoin(Doge),Ethereum(eth) အစရှိတဲ့ ''Coin'' မျိုးစုံကို အလွယ်တကူ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။
''Coinomi Wallet'' ရဲ့ အသုံးဝင်တဲ့ နောက်ထပ်အချက်တစ်ချက်ကတော့ ''Wallet'' ထဲမှာတင် မတူညီတဲ့ ''Coin'' အမျိုးအစားတစ်ခုနဲ့ တစ်ခု သင့်တင့်တဲ့ ''Exchange fee'' ပေးပြီး လှဲလှယ်လို့ ရတဲ့ အချက်ဖြစ်ပါတယ်။
ဒါ့ကြောင့် မိတ်ဆွေဟာ ''Online'' ငွေရှာသူတစ်ယောက်ဖြစ်တယ်ဆိုရင် ''Faucet'' တွေကနေ ''Claim'' ပြီးရလာမယ့် ''Coin'' တွေကို ''Exmo'' , ''Bittrex'' , ''Btc-e'' စတဲ့ ''Exchanger Sites'' တွေကို သွားစရာမလိုပဲ ''Coinomi Wallet'' ထဲမှာတင် မိမိကြိုက်နှစ်သက်တဲ့ ''Coin'' အမျိုးအစားတစ်ခုနဲ့ အလွယ်တကူ ''Exchange'' ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
''Coinomi Wallet'' ရဲ့ နောက်ထပ်အားသာချက်တစ်ခုက ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုပဲ ဖြစ်ပါတယ်။
''Coinomi Wallet'' အသုံးပြုဖို့အတွက် ကျွန်တော်တို့ဟာ ကိုယ်ရေးအချက်အလက်တွေနဲ့ ''Register'' ပြုလုပ်ဖို့ လုံးဝ မလိုအပ်ပါဘူး။
''Coinomi Wallet'' ကို အသုံးပြုရတာပါ လုံးဝ ''Anonymus'' ဖြစ်ပါတယ်။''Coinomi Wallet'' ဟာ ကျွန်တော်တို့ရဲ့ ''Ip Address'' တွေကို လျှို့ဝှက်ပေးထားပြီး ကျွန်တော်တို့ရဲ့ ''Transactions''(ငွေလွှဲပြောင်းမှု) တွေကိုလည်း ''Tracking''မလုပ်ဘူး(ခြေရာမခံဘူး) လို့လည်း ပြောထားပါတယ်။
ဒါ့ကြောင့် ''Coinomi Wallet'' အသုံးပြုခြင်းအားဖြင့် ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်လွှဲပြောင်းပေးလိုက်တယ် ဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။
#photo from google
နောက်ထပ် ''Coinomi Wallet''ရဲ့ အားသာချက်တစ်ခုဟာ ''Coinomi Wallet App'' ဟာ Application Size သေးငယ်တဲ့အတွက် Space နည်းတဲ့ Mobile Phone တွေမှာတောင် အဆင်ပြေပြေ ချောချောမွေ့မွေ့ အသုံးပြုနိုင်တဲ့ အချက်ဖြစ်ပါတယ်။ဒါ့အပြင် ''Power Comsumtion(ပါဝါ သုံးစွဲမှု) နဲ့ Data Usage(ဒေတာ သုံးစွဲမှု) " ကို အနည်းဆုံးဖြစ်အောင် ပြုလုပ်ထားတယ်လို့လည်း သိရပါတယ် ခင်ဗျ။
လောလောဆယ်တော့ ''Coinomi Wallet App'' ကို ''Android OS'' မှာပဲ အသုံးပြုနိုင်မှာဖြစ်ပြီး ''IOS'' မှာတော့ အသုံးပြုနိုင်မှာ မဟုတ်သေးပါဘူး။ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ''Android Smart Phone'' သုံးစွဲသူများတဲ့ အတွက် ကျွန်တော်တို့အတွက်ကတော့ အဆင်ပြေပါတယ် ခင်ဗျ။
ဒါ့အပြင် ''Coinomi Wallet'' ကို ''Web'' ကနေတဆင့် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး ခင်ဗျ။
''Coinomi Wallet'' ရဲ့ နောက်ထပ် ကောင်းတဲ့ အချက်တစ်ချက်က အမျိုးအစားမတူတ ဲ့''Coin'' အချင်းချင်း ''Transfer'' လုပ်လို့ရတဲ့အချက် ဖြစ်ပါတယ်။နဲနဲနားရှုပ်သွားလား မသိဘူး။ဥပမာပြောရရင် ကျွန်တော့ရဲ့ ''Coinomi Walket''ထဲမှာ ''doge'' ရှိတယ် ဆိုပါစို့။ဒါပေမယ့် ကျွန်တော်က ''Coinbase Wallet'' ထဲကို ''eth'' ပို့ချင်တယ်ဆိုရင် ''Coinbase Wallet'' ထဲက ''eth address'' ကို ''Coinomi Wallet'' ထဲက ''doge'' တိုက်ရိုက်ပို့ပေးလို့ရပါတယ်။''doge to eth'' change ပေးစရာ မလိုတော့ဘူးပေါ့ဗျာ။
နောက်ထပ်အရေးကြီးဆုံး အချက်ကတော့ ''Coinomi Wallet'' ဟာ လုံခြုံမှုရှိသလားဆိုတဲ့ အချက်ဖြစ်ပါတယ်။
ကျွန်တော်ဟာ နည်းပညာသမားမဟုတ်တဲ့အတွက် သိပ်အများကြီးတော့ မသိပါဘူး။
ကျွန်တော်သိသလောက် ပြောရရင်တော့ ''Coinomi Wallet'' မှာ''Word'' 18 လုံးပါတဲ့ ''Passphrase or Recovery Phrase'' က အလွန်အရေးပါ ပါတယ်။''Passphrase'' ဟာ ''Coinomi Wallet'' ရဲ့ Master Key'' ပါပဲ။အဲဒီ ''Passphrase'' ရှိနေသရွေ့ ကျွန်တော်တို့ ''Wallet'' ထဲက ''Coin'' တွေ မဆုံးရှုံးနိုင်ပါဘူး။''Passphrase'' ကို မေ့သွားရင် ဒါမှမဟုတ် ပျောက်သွားရင် ဒါမှမဟုတ် တခြားသူတစ်ယောက်ယောက်လက်ထဲရောက်သွားရင်တော့ ''Wallet'' ထဲက ''Coin'' တွေ ''ပလုံစွပ်'' သွားနိုင်ပါတယ်။ဒါ့ကြောင့် ''Coinomi Wallet'' ကို အသုံးပြုမယ်ဆိုရင် ''Passphrase'' ကို အထူးလုံခြုံအောင် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။''Passphrase'' ကို ''Screen Shot'' ရိုက်ပြီးလည်း မမှတ်ပါနဲ့။''Phone'' ထဲက ''Note App'' ထဲမှာလည်း ရေးပြီး မှတ်မထားပါနဲ့။အပြင်က စာအုပ်တစ်အုပ်ထဲမှာ ရေးမှတ်ထားပြီး လုံခြုံစိတ်ချရတဲ့ ''Cloud Storage'' တစ်ခုမှာ ''Upload'' တင်ပြီး မှတ်ထားသင့်ပါတယ်။
''Google'' ခေါက်ပြီး ''Review'' တွေလိုက်ကြည့်တော့လည်း ''Coinomi Wallet'' ကို ''Security'' အားနည်းတယ်လို့ ဝေဖန်ထားတာ မတွေ့ရပါဘူး။
''Coinomi Wallet'' ကို ကျွန်တော်သုံးလာတဲ့ ကာလတစ်လျှောက်လုံးမှာလည်း ဘာပြသနာမှ မရှိခဲ့ပါဘူး။ဒါကတော့ ကျွန်တော်သုံးခဲ့တဲ့ ''Coinomi Wallet'' ရဲ့ ''Passphrase'' ပဲဖြစ်ပါတယ်။
''bachelor video garment unlock shoe inform emotion west priority bag cloth unveil neutral attract train bonus social bachelor''
မိတ်ဆွေတို့ ကျွန်တော့ရဲ့ ''Passphrase'' ထည့်ကြည့်မယ်ဆိုရင် ကျွန်တော့ ''Wallet'' ထဲက ''Transcations'' တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
ဟုတ်ကဲ့။စာလည်းတော်တော်ရှည်သွားပြီ ခင်ဗျ။
ကျွန်တော်ရဲ့ Post ကို ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ။
မိတ်ဆွေများအားလုံး ကျမ်းမာ ချမ်းသာပြီး မင်္ဂလာရှိတဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေ ခင်ဗျ။
ချစ်ခင်လေးစားစွာဖြင့်-----
(moehlaing)
*****-----*****-----*****-----*****-----