မြှားသုံးစင်း နှင့် လေးတော်ရှင် ငပု
တခါတုန်းက ရွာတစ်ရွာမှာ ကိုပုဆိုတဲ့ ရိုးဖျင်းတဲ့ ဆင်းရဲသားလေးတစ်ယောက်ရှိသည်။ ထင်းခုတ်ရောင်းခြင်းဖြင့် အသက်မွေး၏။
သူရဲ့ အတိတ် ဘဝမှာ သိကြားမင်းကြီး နှင့် မိတ်ဆွေများဖြစ်ခဲ့ဖူးသည်။ ယခုဘဝ၌လည်း ကောင်းမှုကုသိုလ်များ တက်အားသရွေ့ ပါဝင်ဆောင်ရွက်သည်။ ရပ်ရွာ အလှူတန်းများတွင် လုပ်အားဖြင့် ပါဝင်ကုသိုလ်ယူလျက်ရှိသည်။
တနေ့တွင် မောင်ပုတစ်ယောက် ထင်းခုတ်ရန် တောထဲသို့ သွားလေ၏။ ထမင်းစားချိန်၌ ပါလာသော ထမင်းထုပ်ကို စားတော့မည်ကြံကာ ထမင်းထုပ်အားဖြည်လိုက်သည်။ အနားရှိ ခွေးလေးတစ်ကောင်က ဆာလောင်မွတ်သိမ့်သည့် ညှိးငယ်သောမျက်နှာဖြင့် အစာမျှော်နေတာကို မောင်ပုတွေ့ရ၏။ ထို့နောက် ထမင်းထုပ်ကို တဝက်ခွဲ၍ ကျွေးလေသည်။ ဆင်းရဲမွဲတေပေမယ့် စေတနာတော့မမွဲပေ။
ဒါကို ဘိုးတော် သိကြား သတိပြုမိ၍ တန်းခိုးတော်ဖြင့် မစ ချီးမြှင့်ရန် အကြံတော်ရ၏။ သိကြားမင်းကြီးသည် မောင်ပု ထင်းခုတ်ပြီးပြန်လာမည့်လမ်း၌ ရွှေထုပ်အား ချထားလေ၏။ ကံမကောင်းစွာဖြင့် မောင်ပုမမြင်။ အထက်သို့ငေးကာ ကျော်ခွသွားမိသည်။ တဖန် နောက်တစ်နေ့၌ အထက်သို့ငေးတတ်သော မောင်ပုမြင်စေရန် ရွှေထုပ်ကို ချိတ်ဆွဲထား၏။ ကိုမောင်ပု မမြင်ပြန်ဘူး အောက်သို့ငေးကာ သွားမိလေ၏။
သိကြားမင်းကြီးက
"တယ်...ခက်ပါလား ငပုရယ်
အောက်ထားတော့ ထက်မော့တယ်...
ထက်ချိတ်တော့ အောက်ငေးတယ်..."
"ကဲ...မဖြစ်ချေတော့ဘူး
ကိုယ်ထင်ပြအုံးမှပဲ"
"ဟဲ့...ငပု
ငါ...သိကြားပဲ
ငါကိုယ်တော်...
သင့်အားသနားတော်မူ၍
ကိုယ်ထင်ပြခြင်းဖြစ်တယ်"
ဟုဆိုကာ...
ကိုပုအား ရွှေလေးတော်နှင့် ရွှေမြှားသုံးစင်း ချီးမြှင့်ခဲ့သည်။ "လိုရာကိုဆုတောင်း၍ ပစ်ပါလေ"ဟုဆို၏။
ဆင်းရဲခြင်းဒုက္ခမှ လွတ်မြောက်လိုသည့် အတ္တဇောဖြင့်... ကိုပုတစ်ယောက် ရလာသည့်အခွင့်ရေးကို ဟစ်ကြွေးပုံက....
(၁)ပထမ မြှား
"ငဟေ့ယောကျာ်း ဟေ့လာမောင်တို့...
ဟာ လခွီးတယ်မ...အရေးထဲဒီမြှားက
ယီးကွာ...ယီးး" 😁
ထိုအချိန်မှာပဲ နှုတ်တော်ကြောင့် တန်ခိုးတော်ပြလေပီ။ ကံဆိုးစွာဖြင့် ခန္ဓာကိုယ်တခုလုံးမှာ ဖွားဖက်တော်များ နေရာစေ့ ဖြစ်ပေါ်လာလေ၏ ။
တခုခုလုပ်မှဖြစ်တော့မည်။ ဒုတိယမြှားတစ်စင်းကို ထုတ်လိုက်သည်။လေးတော်ကို တင်လိုက်ကာ...
(၂)ဒုတိယ မြှား
"ဟေ...လာလေ့ကွ...
ဟဲ့ ယီးတွေ အကုန်ပျောက်ကွာ"😂
တန်ခိုးတော်ပြလေ၏။ မိမိ၏ အမေပေးသော အမွေလေးပါ ပျောက်သွားတော့သည်။ မဖြစ်တော့...တတိယမြှားတစ်စင်းကို ထုတ်ရပြန်တော့သည်။ လေးတော်ကို တင်လိုက်ကာ...
(၃)တတိယ မြှား
"နဂိုဟာလေး...ပြန်ရောက်ပေအုံးဟ"😂😂
ကိုပု တစ်ယောက် ဒုံရင်းဒုံရင်း ဖြစ်ရပေတော့သည်။ ဘိုးသိကြားလဲ ဘာမျှမတတ်နိုင်ပေ။ မြှားသုံးစင်းလဲ ကုန်လေပြီ။
လူမစွမ်းလို့ နတ်'မ'ပေမယ့် ရရှိလာတဲ့ အခွင့်အရေးကို ကောင်းစွာ အသုံးမချတတ်သည့်အတွက် အကျိုးမဖြစ်ထွန်းပေ။ ထို့အတူ လူတို့သည် "စာပေ" ဟူသည့် ရွှေတောင်ကြီးကို "လေ့လာလိုက်စားခြင်း၊ သုတ ရသစာပေများဖတ်ရှုခြင်း" ဟူသည့် ပုဆိန် မရှိပါက မည့်သိုမျှ တူးယူချင်ပါသော်လည်း အကျိုးဖြစ်ထွန်းမည် မဟုတ်ပါ။
ထို့ကြောင့် သုတ ရသစာပေများ၊ အခြားသောဗဟုသုရဖွယ်စာပေများ ဖတ်ရှုကြပါ၊ လေ့လာမှတ်သားကြပါ ဟု တိုက်တွန်းရင်း...
ကျွန်ုပ် ၏စာကို အဆုံးသတ် ပါရစေ...
(တချို့သောစာများကို ဟာသ အမြင်ဖြင့်သာ ကြည့်ပေးပါရန် Admin များနှင့် Steemit ညီကိုမောင်နှမများအား လေးစားစွာဖြင့် မေတ္တာရပ်ခံပါသည်။)
အားလုံးသော Steemit ညီအကို မောင်နှမများး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေခင်မျာ......
Photos credit; Google Image , Cartoonstock.com
Author : Thant Zin Oo (Magway)
MSC- 184