Hi ther
We are myanmar
ကျွန်တော် တောင်တဂုံကွက်သစ်ရောက်တော့ ကျွန်တော်ထင်တာ
ကသတ္တလာ လမ်းနဲ့ တိုက်အိမ်လေးပေါ့လေ ကျွန်တော်ရောက်နေတာက ဗွက်တွေထနေတဲ့ ဆင်းရဲသားရက်ကွက်ကြီးဖြစ်လို့။
ပထမတုန်းကတော့ ငါနေရာမှားလာပြီးထင်တာပေါ့ နောက်တော့
လာပို့ပေးတဲ့လူကပြောတယ် ဒီအိမ်ပဲတဲ့ သေရော ကိုယ်နေတဲ့ တဲပုတ်နဲ့ ဘာမှသိပ်မကွာဘူးလေ။ ကျွန်တော်တို့အိမ်က ပလပ်စတစ် နဲ့
သွပ် မိုးထားတာပဲကွာတာ။စရောက်ကာစ ဆိုတော့ မတတ်နိုင်ဘူးနေပေါ့ဗျာ။
နောက်မှ အခြအနေကြည့်ပြန်မယ်ပေါ့။အဲ့ဒါနဲ့ အလုပ်အကြောင်းပြောမယ်ပေါ့။အလုပ်ကလည်း ဖုန်းနဲ့ပြောတုန်းကတော့ လျှပ်စစ် Enter ground ဆိုတော့ စိတ်ဝင်စားတာပေါ့။ဟိုက်ရောက်တော့
ဆိုင်တွေမှာ LED မီးလိုက်ဆင်ရပြန်ရော။ဟား .....
ဘယ်လောက်ထိတလွဲနိုင်သလဲဆိုတာ LED ဆင်ပြောပြအုံးမယ်။
ကျွန်တော့လို ရန်ကုန်စရောက်ကာစ မအူမလည်တောသားတစ်ယောက်ရဲ့ အခက်အခဲတွေ ။LED ဆင်တာကလည်း ရိုးရိုးမဟုတ်ပြည်ဘူးဗျ။LED ဆင်ဘို့ ပစ္စည်းတွေက ကုမ္ပဏီ မှာသွားယူရပြန် ပြီးသွားရင် စူပါမားကန်တို့ ယူ့ဇနာပလာဇာ တို့ ကိုသွားပြန် ဟိုရောက်ရင် လည်းဆိုင်လိုက်ရှာပြန် မြို့ကလူတွေတော့မသိဘူး။
ကျွန်တော့လို မြို့ကြီးကိုစရောက်ကာစဆိုတော့ မျက်စိပါလည်တယ်။
LED အလှမီးလိုက်ဆင်တာ သက်သာတဲ့အခါလည်းသက်သာ
ပင်ပန်းတဲ့ အခါလည်း ညလုံးပေါက် ပဲ ။မနက်မိုးလင်းမှ ပြန်ရတာတွေလည်းရှိတယ်ဗျ။
ကျွန်တော် အထိကပြောချင်တာက သင်ချင်တာက တမျိုးသင်နေရတာကတစ်မျိုးဖြစ်နေတယ်ဗျ။
ဒါနဲ့ပဲ အောင့်ပြီးကြိုးစားသင်ယူတာပဲ။အဲ့ဒါတောင် ၃ လလောက်ကြာသွားသေးတယ်ဗျ။ဘယ်လိုမှမနေနိုင်တော့ဘူး။LED မီးဆင်တာထက် သွားရာကပိုများနေတယ်လေ။တောင်တဂုံ ကနေ ဗိုလ်ချုပ်ဈေးတို့
ယူဇနပလာဇာတို. တစ်ခါတစ်လေ အင်းစိမ်ဘက်ပါရောက်တယ်။
ရောက်တာတော့ အများကြီး ပဲ့ပေါ့ဗျ။မမှတ်မိတော့ဘူး။
၃လပဲနေနိုင်တော့အိမ်ပြန်လာရော။မကြာပါဘူးဝေလေလေဖြစ်နေပြန်ပေါ့။အဲ့ဒါနဲ့ မြဝတီ မှာနေတဲ့ ဦးအိမ်ကို သွားပြန်ရော။တစ်လ ၅သောင်းပေးမယ်တဲ့ သွားလုပ်ပြန်ရောဗျ။အော်ကိုယ့်ဦးအိမ်မှာပဲဆိုတော့အေးဆေးပေါ့ ဘယ်ဟုတ်မလဲ ဦးအိမ်ရောက်မှ အပြင်ပေးမထွက်ပြန်ရော ။
ကျွန်တော့ဦးက ရေခဲ ရောင်းတယ်။ထိုင်းမှာ ရေခဲ ဖောက်သည်ယူတယ်ပေါ့ဗျ။အဲ့အချိန်တုန်းက ကျွန်တော့ မှတ်ပုံတင် မရှိသေးဘူးဗျ။
မဲဆောက် ဘက်ကို မလိုက်ရဘူး။ကျွန်တော့ဦးမိန်းမက မဲဆောက်မှာ ဈေးရောင်းတယ်ဗျ။နှစ်ယောက်စလုံး ထိုင်းစကား တတ်တော့ အဆင်ပြေတာလေ။ကျွန်တော်ကတော့ မတတ်ဘူး။
ဆက်ရေးပါမယ်
ဆက်လက်ကြိုးစားလျှက်