မင်္ဂလာပါ MSC မိသားစုဝင်များခင်ဗျား
ရက်အတော်တန်ကြာ ကျွန်တော် post မတင်နိုင်တဲ့အပြင် online လုပ်ငန်းမဟုတ်သော မိသားစုလုပ်ငန်း များကို ပစ်ထားပြီး ကျွန်တော်ချစ်ခင်သော မိသားစု နဲ့ တွေ့ဆုံဖို့ အရေးကို နည်းနည်း အလုပ်ရှုပ်သွားခဲ့ပါတယ်။
သို့သော် အင်မတန် စိတ်ကြေနပ်စရာကောင်းအောင် ကျွန်တော် ပြန်ရခဲ့တာ မတန်မရာ လောက်အထိပါပဲ။
အဘယ့်ကြောင့်ဆိုသော် MSC မိသားစုအတွင်းမှ ညီအစ်ကိုများနှင့် Admin Team မှ ဆရာအားလုံးတို့ ဆုံသော နေ့ရက်အတွင်း အိမ်ရှင်အဖြစ် ဧည့်ခံခွင့်ရသလို MSC အလှုအတွက် အားလုံးကို ပြင်ဆင်ခွင့် ရခဲ့တဲ့အတွက် အရမ်းပျော်ရပါတယ်။
နောက် Leader နှင့်လည်း ရန်ကုန်ကို နှစ်ကြိမ်သွားတွေ့ခဲ့တာတောင် နာရီဝက်လောက်ပဲ တွေ့ခွင့်ရခဲ့ပီး ယခုတစ်ကြိမ်တွင်က ငယ်ပေါင်းကြီးဖော် သဖွယ် သုံးရက်တာနေခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိတယ်။
ကိုယ့်ငါချဉ်ကိုယ်ချဉ် တော့မဟုတ်ရယ်ပ I2wan နဲ့ တွေ့ခဲ့ရသလို တွေ့တုန်းဆုံခိုက်မှာ အများကြီး သင်ပေးသွားတာကို၊ သိချင်တာတွေမေးခွင့်ရတာကို အရမ်းကြေနပ်မိပါတယ်။
ထိုနေ့က ကျွန်တော်တို့ အလှုသည် အနည်းငယ်အခက်အခဲရှိသော်လည်း အဆင်ပြေချောမွေ့စွာပီးစီးသွားတဲ့အတွက်လည်း ကူညီပေးကြသော အန်တီစပယ်၊ ဆရာတင်ကတော် မာမီ၊ ကိုဘီလံနာဟိန်း၊ ကိုအောင်ကြီး၊ မြန်မာကိုကို၊ မပြည့်စုံခင်ခင်၊ မrose တို့ကိုကျေးဇူးတင်ပါတယ်။
နောက် ကျွန်တော် ပို့ချင်တဲ့မန်းလေးတောင် Night view ကို ချက်ခြင်းပြန်လာလို့ မိန်းမက မှာတဲ့ကြားက သတိရှိရှိဆန့်ကျင်ပီး အားနာနာနဲ့ခေါ်တဲ့နေရာ လိုက်လာ၊ ကျွန်တော့် အိမ်စုတ်လေးမှာ ဖြစ်သလိုညအိပ်ပေးသော ကိုရွှေဘိုအားကျေးဇူးတင်ပါတယ်။
မန်းလေးမှာ လဘက်ရေသောက်နေရင်း အုန်းချောရောက်နေပီ လာနေပီ ပြောရသော ကိုရွှေပေါ့ခင်ဗျား။ သူက မှုံရွာကပါ။
နောက်တောင်ကြီးမှ ညကားမစီးပဲ မနက်ကားသာစီးကာ ခေါပုတ်၊ တိုဖူးခြောက်၊ ပဲပုတ်၊ ဆီတိုဖူးတွေဝယ်လာလက်ဆောင်ပေးသော အစ်ကိုဒွန် ကိုလည်း နည်းနည်းကျေးဇူးတင်ပါတယ်။ ကျွန်တော့် အစ်ကို မောင်းသောဆိုင်ကယ်ကို စီးရဲတာလည်းကျေးဇူး။ ကြုံလို့ပြောတာ ကျွန်တော်ဆိုမစီးဘူး။ ဘုရားတရား မမေ့စေချင်တဲ့ စေတနာတွေပါအစ်ကို။ ရောက်တုန်းရောက်ခိုက် မန်းလေး စုံအောင်မပို့ရတာ တော့ အားနာမိပါတယ်။
နောက် steem 15 ရောင်းစားပီး ရွေကူမှလာသော ဒိုမီလေးအားလည်း ည 1 နာရီထကြိုမယ်ပြောကာ မကြိုနိုင်တာကို ခွင့်လွတ်ပေးပီး စိတ်ရှည်ပေးတာကိုကျေးဇူးတင်ပါတယ်။ သို့သော် သူ့ ကင်မရာ အစွမ်းကတော့ဖြင့် အင်မတိ အင်မတန်ကြောက်စရာကောင်း ခဲ့ရပါသည်။
နှစ်ရက်လုံး လာပီး အိမ်မှာအိပ် သွားချင်သမျှလိုက်ပေးသော ဆေးမှုးကိုဟိန်းကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။
လိုအပ်သမျှ ပို့ပေး ကြိုပေးသော အုပ်ခဲချိုး အောင်ကြီးနှင့် မြန်မာကို အရမ်းကျေးဇူးတင်ပါတယ်။
အားလုံး လွတ်လွတ်လပ်လပ် လိုက်နိုင်အောင် အိပ်စိုက်ကူညီပေးကြသော စစ်ကိုင်းမှ ကိုစိုးနှင့် ကိုအာကာဖြိုးကိုလည်း ကျေးဇူး100 btcပါ။
ဆွေးနွေးဖို့ မအားလပ်တဲ့ကြားကရောက်ရှိလာပေးသော အဖ တင်လှိုင်ဦးကိုလည်း အမြောက်အများ ကျေးဇူးတင်ပါတယ်။
လိုအပ်သည်များစွာကို "ရတယ်ကသက် အဆင်ပြေတယ် ကိစမရှိဘူး" စကားအမြောက်အများသုံးကာ သည်းခံနေထိုင်ပေးသွားသော အစ်ကို ကိုလည်း ကျေးဇူးအရမ်းတင်မိပါတယ်။
ကျေးဇူးတင်စကား ပြောရန်ကျန်ခဲ့ရသော ဆရာသမားများကို လည်း ခွင့်လွတ်ပေးပါတောင်းပန်ချင်ပါတယ်။
ဘာပဲပြောပြော အလှုသည် MSC အဖွဲ့သားအားလုံး ၏ လှုဒါန်းမှုအစုစု ဖြစ်သောကြောင့် ကိုယ်စား စီစဉ်ပေးခွင့်ရသောကြောင့် ကျွန်တော်အနေဖြင့် MSC အဖွဲ့သား အားလုံး ကိုကျေးဇူးတင်မိပါသည်။
အများအားဖြင့် အကောင်းဆုံးမဖြစ်ခဲ့လို့ အားနာပေမယ့် အခွင့်အရေး နောက်တခါပြန်ရခဲ့မယ် ဆိုရင်ဖြင့် ပိုမို အဆင်ပြေအောင် လုပ်ဆောင်ပေးနိုင်ဖို့ မျော်လင့်မိပါတယ်။
လိုအပ်ခဲ့သည် အဆင်မပြေခဲ့သည် ရှိခဲ့သည်များတွက်လည်း ယခုတစ်ကြိမ် အစဖြစ်သောကြောင့် နားလည်ပေးပါဟုတောင်းပန်ပါသည်။
နောက်များဆိုလျှင်ဖြင့် လူ 50 လူ 100 တွေ့ဆုံပီး MSC ၏ အလှုအတန်းများတွင် ပါဝင်နိုင်စေရန် ဆုတောင်းမိပါသည်။
That Ko Zaw
MSC005