မိဘဟူသည် ဘာနဲ့မှနှိုင်းယှဉ်မရသော ကြီးမားသောကျေးဇူးရှိကြပြီး ထိုကျေးဇူးတို့ သည်လည်း ဘယ်တော့မှ ဆပ်၍မကုန်တဲ့ ကျေးဇူးများဖြစ်သည် ။
မိဘမျက်ရည်တစက် သားသမီးဆင်းရဲတသက် လို့ စကားပုံရှိသည့်အတိုင်း မိဘကိုစိတ်ဆင်းရဲပြီး မျက်ရည်ကျအောင်လုပ်တတ်သည့် သားသမီးတိုင်းသည် ဆင်းရဲခြင်းအမျိုးမျိုးမှ တသက်လုံးလွတ်မည်မဟုတ်ဆိုသောကြောင့် ကျမအတတ်နိုင်ဆုံး မိဘစိတ်ဆင်းရဲအောင် မလုပ်ခဲ့မိအောင် ဆင်ခြင်နေထိုင်ခဲ့ပါတယ် ။
တခါတလေ ကျမကြောင့် အမေမျက်ရည်ကျနေတာမျိုး မြင်မိတိုင်း ကျမအမေကို အနားကပ်ခါ တတွတ်တွတ်နှင့် ရှိခိုးဦးတင်ပြုပြီး ခွင့်လွှတ်ပါလို့ လဲအကြိမ်ကြိမ် လုပ်လေ့ရှိပါတယ် ။ အမေစိတ်ဆင်းရဲမျက်ရည်ကျအောင် ရည်ရွယ်ပြုလုပ်မျိုး မဟုတ်ခဲ့ပါဘဲနဲ့ကို မိဘရဲ့ ဝဋ်လည်မှာကို ကျမကြောက်တတ်တာပါ ။
ငွေမချမ်းသာခြင်းက အဓိက မဟုတ်ပါ ။
စိတ်ချမ်းသာခြင်းကသာ အဓိက ဖြစ်ပါတယ် ။
ငွေမချမ်းသာတာကိုလည်း ချမ်းသာလာအောင် ရှာဖွေကြိုးစားလို့ သလို စိတ်ချမ်းသာစွာနေနိုင်ရန် ကြိုးစားနေထိုင်လို့  ရပါတယ်ရှင် ။
အဲလိုတွေ ကောင်းအောင်နေထိုင်လို့  ကြိုးစာလို့ ရပါလျှက်နဲ့ လူတချို့က ဘာကြောင့်များ စိတ်ဆင်းရဲခြင်းကိုမှ သေချာရှာဖွေနေကြသလဲဆိုတာ ကျမ မတွေးတတ်အောင်ရှိရပါတယ် ။ စိတ်ဆင်းရဲခြင်းနှင့် ကြုံကြိုက်လို့ စိတ်ဆင်းရဲလာရရင်တောင် စိတ်ချမ်းသာမှုရအောင် ပြုပြင်နေထိုင်ရမယ့်အစား စိတ်ချမ်းသာစွာနေထိုင်ရခြင်းကို စိတ်ဆင်းရဲခြင်းသို့ ရောက်အောင် မဖန်တီးသင့်ကြပါဘူး ။
နေစရာအတွက်လည်း မပူပင်ရ ။ စားစရာအတွက်လည်းမပူပင်ရပါဘဲနဲ့ ယုတ်စွအဆုံး မိမိအဝတ်အထည်နှင့် စားပြီးသားပုဂံတောင် မဆေးရတဲ့လူတွေက ဒီထက်စိတ်ချမ်းသာစရာ ဘာရှိနိုင်မလဲ ။ ဒါကိုသူတို့ ကိုယ်တိုင်က မလိုလားကြဘဲ စိတ်ညစ်စရာတွေကို ဖန်တီးကြပြီး စိတ်ညစ်နေကြတယ်ဆိုတော့လည်း ကျမအတော်လေးကို အံ့အားသင့်ရပါတယ် ။
သူတို့ လုပ်နေပုံတွေဟာ သူတို့ ကို စိတ်ချမ်းသာစွာထားပေးနေတဲ့လူတွေအပေါ်ကို တမင်စိတ်ညစ်အောင်လုပ်နေသလိုဖြစ်နေပါတယ် ။ မိမိကို စိတ်ချမ်းသာအောင် ထားပေးသူတွေကို မိမိတို့က စိတ်ချမ်းသာအောင် ပြန်မတုန့် ပြန်နိုင်ရင်နေပါ ။ စိတ်ညစ်အောင်တော့ မလုပ်သင့်ပါဘူး ။
ဘယ်သားသမီးကမှလဲ မိဘစိတ်ညစ်အောင်မလုပ်ကြသလိုပါဘဲ ဘယ်မိဘမှကလည်း သားသမီးစိတ်ဆင်းရဲအောင် မလုပ်ကြပါဘူး ။ သို့ သော် စိတ်ဆင်းရဲအောင် ဖြစ်လာမည့် အကြောင်းတရားတို့ ကြောင့် ရံဖန်ရံခါ စိတ်ဆင်းရဲတတ်ကြပါတယ် ။
photo credit # facebook
ထို့ သို့  စိတ်ဆင်းရဲခြင်းဖြစ်လာခဲ့ရင်သာ အသိကလေးရှိအောင် သတိထားနေထိုင်ကြပြီး ဆင်ခြင်စွာ ပြင်ဆင်နေထိုင်တတ်ကြပါစေလို့  ဆန္ဒပြုလိုက်ရပါတယ်ရှင် ……
MSC 027