မြန်မာတို့ရဲ့ နှစ်ကူးချိန်ခါ တန်ခူးလမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်ရှင် ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများ ပြည့်ဝကြပါစေ ။
သူငယ်ချင်းတို့ရေ အတာတန်ခူးမှာ ဘယ်လိုတွေ စီစဉ်ထားကြပါသလဲ ?
အကြိုမနက်ကထဲက စလည်မှာပါလား ? မနက်ကို ပြင်ဦးလွင်တက်ပြီး ညနေဖွင့်ပွဲအမှီပြန်ဆင်းပြီး ကျုံးပတ်မယ်လေ !
အကျီ င်္ကတွေ့လို့ ဝယ်ထားလိုက်တာ သူနဲ့လိုက်ဖက်မယ့် ဟာတွေ မဝယ်ရသေးဘူး !
ငါ့အမျိုးတွေဆီသွားကန်တော့ပြီး ကြံဖန်ထုလိုက်အုံးမယ် မုန့် ဘိုးရလာမှ ဝယ်စရာတွေထပ်ဝယ်ရမယ် !
စသည့် အသံမျိုးစူံဖြင့် ဖုန်းဆက်အလုပ်ရှုပ်နေသော မော်လမြိုင်မှ ညီမဝမ်းကွဲတော်စပ်သူ၏ တဖက်ကိုအားရပါးရ ပြောနေသံကိုကြားအပြီး ကျမထံသို့  အကြံအဖန်လှည့်လာမယ်ဆိုးသဖြင့် ခြေလှမ်းတို့ နောက်ဆုတ်ရင်း မီးဖိုချောင်ထဲ ဝင်နေလိုက်တယ် ။ မီးဖိုခန်းထဲ ကျမရှိနေလို့ ကတော့ မလာတာ အသေအချာပါ ။ ညီမဝမ်းကွဲဆိုသူမှာ အိမ်အလုပ်ကူလုပ်ရမှာ အင်မတန်ကြောက်သော ယောင်္ကျားစိတ်ပေါက်နေသူတဦး ဖြစ်သောကြောင့်ပါ ခ်ခ် ။
ကိုယ့်စိတ်ကူးက သင်္ကြန်တွင်းမှာ မနက်အစော အမေနဲ့အတူ ဥပုဒ်ကျောင်းလိုက်ပို့ ရင်း ဥပုဒ်တထိုင်ယူမယ် ။ ပြန်လာရင် မီးဖိုချောင်ဝင်ပြီး ချက်မယ် ပြုတ်မယ် ။ အလည်ထွက်ကြတဲ့ ညီမနဲ့မောင်လေးပြန်အလာစောင့်ပြီး သူတို့ မြင်လာသမျှ သူတို့ အပျော်တွေ ပြန်ပြောပြတာနားထောင်မယ် ။ ဟော အကြိုက်ဆုံးတခု ပြောဘို့ ကျန်ခဲ့တယ် တော်ပါသေးရဲ့ ။ သူတို့ တွေ အလည်ထွက်နေတော့ ကိုယ်ကြိုက်သော ကိုရီးယားကားတွေကိုလည်း နေကြာစေ့လေးစားလိုက် အအေးလေးသောက်လိုက် လဖက်သုပ်လေးစားလိုက်နဲ့ ဆက်တိုက် အပိုင်းတခွေပြီးတခွေ ကြည့်နေရုံပဲလေ ။
သင်္ကြန်ရက်အတွက် ကျမ ဟင်းအော်ဒါလက်ခံထားသေးတာလည်း ချက်ရအုံးမယ်ဆိုတော့ ကြိုတင်ဝယ်ထားစရာရှိတာလဲ ဝယ်ပြီးတော့ အတာသင်္ကြန်တွင်း ရောက်လာရန် မျှော်နေမိတော့တာ ။ ဟင်းအော်ဒါဆိုလို့  အထင်မကြီးနဲ့အုံးနော် ။ အဖေကချက်ဖို့ မှာတာက ဆိတ်သားမွှကြော်တဲ့ ။ အမေက မွန်သင်္ကြန်ဟင်းတဲ့ ။ မောင်နဲ့ညီမက ဝက်အူချောင်းကြော်နဲ့ ပဲကြာဇံဟင်းရည်တဲ့ ။ နှစ်တိုင်းဒီဟင်းဘဲ ချက်ခိုင်းနေတာ အစဉ်အလာတခုလိုဖြစ်နေလားမသိ ။
ကျမရဲ့ အတာတန်ခူးရဲ့ နှစ်ဟောင်းကိုစွန့်  နှစ်သစ်ကိုကြိုဆိုမယ့် အစီအစဉ်လေးတွေပြောပြပြီးပြီဆိုတော့ စတီးမစ်သူငယ်ချင်းတို့ ရော ဘာတွေစီစဥင်္ထားကြလဲရှင် ။
all photos credit # facebook
MSC 027