အားလုံးပဲ မင်္ဂလာပါ ရှင့်။ကျန်းမာချမ်းသာကြပါစေ။
ဟိုတနေ့က အိမ်ကအမေက ဖုန်းလာလို့ အားတက်သရော ဖုန်းလေးကောက်ကိုင်မိပါတယ်။ကိုယ့်သတင်းက စထွက်လာပြီ။သမီးကျောင်းပိတ်ရက် ဘယ်သွားလဲတဲ့။အဲ့မေးခွန်းမေကတည်းက အကြောင်းတစ်ခုသိလို့ ပြောရရင် ကျွန်မမြို့ထဲသွားတာကိုသိလို့ မေးသောကြောင့်ဖြစ်သည်ကို သတိထားမိလိုက်တယ်။အဲ့နေ့က ရန်ကုန်က အမတစ်ယောက် မန္တလေး အလုပ်ကိစ္စနဲ့ လာတုန်း သွားတွေ့မိတယ်။သွားတွေ့တယ် ဆိုတာလည်း သူ့မေတ္တာသူ့ဆီပြန်ဟပ်တယ်လို့ ဆိုရမယ် သူဆီမသွားရပဲ သူပြန်သွားမှာကို ကြောက်မိ၍ ကျောင်းပိတ်တာနဲ့သွားလိုက်မိတယ်။ကိုယ်ရန်ကုန်သွားတုန်း အစစအရာရာ ဂရုစိုက်ပြီး ကူညီခဲ့တဲ့သူဆိုတော့ မသွား၍မကောင်းဘူးလေ။သူ့မေတ္တာ၊စေတနာက ကျွန်မကို သူ့ဆီသွားတွေ့ဖို့ ခေါ်ဆောင်နေသည်။
သူရောက်တုန်း ကုသိုလ်တော် ဘုရားလိုက်ပို့မယ်လို့ စိတ်ကူးထားတယ်။နန်းတွင်းလည်း ဝင်ခဲ့သေးပါတယ်။အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ ကုန်ဆုံးခဲ့သော အချိန်တွေ သတိရနေမှာ အသေအချာပါပဲ။ အခုဏကိစ္စပြန်ဆက်ရရင်...အမေကိုဘယ်သူပြောလဲ လို့ မေးတော့ ငါပြောမယ့်လူတွေပေါတယ်တဲ့။ညည်းပြတိုက်တွေ ဘာတွေသွားလားတဲ့ အတိအကျဖြစ်နေပြီသတင်းက။ နောက်ဆုံးတော့ ဟုတ်တယ်လို့ပဲဝင်ခံလိုက်ရတယ်။အမေကတော့ ဘယ်သူပြောလဲဆိုတာ ကို ကျွန်မမေးသော်လည်း သူဖြေမသွားဘူး။မြိုထဲတွေခဏခဏမသွားနဲ့ ဒါပဲတဲ့။ဖုန်းပြောလို့ပြီးသွားပေမယ့် ကျွန်မအတွေးတွေက မပြီးသေးပါ။ဘယ်သူလဲဆိုတာ သိချင်နေတုန်းပါ။
သေချာစဉ်းစားကြည့်ရင် တရားခံက ကျွန်မပါ။ကျွန်မ ပုံတွေတင်ပြီး facebookကနေ ကြွားမိတယ်လေ။သြော်....နည်းပညာ...နည်းပညာ မလွယ်ပါ့လား။အရင်တုန်းက ကိုယ်ပြောပြမှသိရ၊ကြားရတဲ့ သတင်းတွေက အခုတော့ ကိုယ်မသိလိုက်တဲ့အချိန်လေးအတွင်းမှာ လူပေါင်းများစွာ သိနေကြပြီ။ကိုယ့်ရဲ့ informationကို နေ့တိုင်း facebookပေါ်တင်ပြီး အမှတ်တရလုပ်တယ်၊အသိအမှတ်ပြုကြတယ်။အရင်တုန်းက လူတစ်ယောက်အကြောင်းစုံစမ်းမှသာ သိနိုင်ပေမယ့် အခုက စုံစမ်းစရာမလို။သူ့ facebook accountလေး သိယုံနဲ့ သိနိုင်ပြီလေ။
ဒါနည်းပညာကြောင့် ပါပဲ။ကျွန်မတို့မြန်မာပြည်မှာက Facebook ကို ရီးသားစကားပြောဖို့လောက်ပဲသုံးကြတာများတယ်။အကျိုးမရှိတာတွေ လုပ်နေရတာကို ကိုယ့်ကိုယ်ကို ဆရာကြီးဖြစ်နေပြီဟုထင်နေကြတယ်။ကိုယ်တင်တဲ့ ပုံလေး likeများများရရင်၊commentsများများရရင် ပျော်နေကြတယ်။ဘာမဟုတ်တဲ့အရာတွေကို အင်တိုက်အားတိုက် ဝိုင်းဝန်းလုပ်ဆောင်ပေးနေကြတာ အမြင်ပါပဲ။ကိုယ့်ရဲ့ Dataတွေကို အလွယ်တကူ ဆုံးရှုံးခံနေကြတာ။တခုခုဆို facebookပေါ်တက်ပြီး တင်ပြလိုက်ရမှ နေသာထိုင်သာ ရှိကြတာ။တခါတလေ ပျင်းလို့ သုံးတာမျိုးဆိုရင်တော့ လက်ခံပါတယ်။အချိန်ပြည့်နီးပါးဆိုရင်တော့ မကောင်းတော့ပါဘူး။ဆင်ခြင်ကြပါ။ပိုက်ဆံလည်းကုန်၊dataလည်း ဆုံးရှုံး မိအေးနှစ်ခါနာဖြစ်နေတယ်ဆိုတာ သတိရပါ။
Facebookသုးံတာ ရပ်ပါ။မရပ်နိုင်ရင် လျှော့သုံးပါ။အကျိုးရှိရှိသုံးတာမျိုးဆိုရင်တော့ အားပေးပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။