မော်ရင်ဟိုအနေနဲ့ ပြင်သစ်တိုက်စစ်မှူး ဂရုဇ်မန်းကိုပေါင်သန်း(၁၀၀)နဲ့ခေါ်ယူနိုင်ရေးကြိုးစားသွားမှာဖြစ်ပါတယ်။မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ သတင်းထုတ်ပြန်ချက်အရ ကျောနံပါတ် (၇)ကို လာမယ့် ဇန်န၀ါရီဈေးကွက်မှာ အရခေါ်ယူမယ့် အက်သလက်တီကိုအသင်းမှ ပြင်သစ် တိုက်စစ်မှူး အတွက်ချန်ထားပေးတယ်လို့ သိရပါတယ်။
-------------------------------
quote
အဆိုပါ တိုက်စစ်မှူး ဂရုဇ်မန်းအနေနဲ့ မန်ယူရဲ့ အဓိက ပစ်မှတ်ဖြစ်နေပြီး ပြီးခဲ့တဲ့ နွေရာသီဈေးကွက်မှာကတည်းက အရခေါ်ယူဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။
The Star သတင်းစာရဲ့ဖော်ပြချက်အရ မော်ရင်ဟိုအနေနဲ့ အဆိုပါ ကျောနံပါတ်ကို ပြန်လည်အသက်သွင်းချင်နေပြီး သူလိုချင်တဲ့ ကစား သမားအတွက်သာ ဖယ်ပေးထားတာ ဖြစ်တယ်လို့လည်းသိရပါတယ်။
မော်ရင်ဟိုအနေနဲ့ ပြင်သစ်တိုက်စစ်မှူး ဂရုဇ်မန်းကိုပေါင်သန်း(၁၀၀)နဲ့ခေါ်ယူနိုင်ရေးကြိုးစားသွားမှာဖြစ်ပြီး မရရှိခဲ့ပါက ဒုတိယပစ်မှတ်အဖြစ် ရီးရဲမက်ဒရစ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူနိုင်ဖို့လည်း ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။
အဆိုပါ ကျောနံပါတ် ၇ ကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တ၀င် ကစားသမားများ ဖြစ်ကြတဲ့ ဂျော့ဘတ်စ်၊ အဲရစ်ကန်တိုနာ၊ ဒေးဗစ် ဘက်ခမ်း၊ ရော်နယ်ဒို အစရှိတဲ့ ကစားသမားတွေ ၀တ်ဆင်ခဲ့သလို ၎င်းတို့ နောက်ပိုင်းမှာ ၀တ်ဆင်ခဲ့ ကြတဲ့ ဒီမာရီယာ၊ဒီပေးနဲ့ ဗလင်စီယာ အစရှိတဲ့ကစားသမားတွေကတော့ မန်ယူအသင်းမှာ အောင်မြင်မှု မရခဲ့ကြပါဘူး။
--------------------------