အချစ်စိတ်နဲ့ ပတ်သတ်ဆက်နွယ်နေတာတွေကို ဒီရင်မှာ ခံစားမိလေတော့ ကျွန်နော်နားလည်သလောက် တွေးပြီး ခံစားမိသလောက်တော့ ဆက်လက်ရေးချချင်ပါသေးတယ်။
အချစ်စိတ်တို့မည်သည် လောဘ ဒေါသ မန်မာန အတ္တဆိုတဲ့ စိတ်တွေဘက်သို့ လွယ်ကူစွာဖြင့် ကူးပြောင်းတက်တဲ့ သဘောလေးတွေ ရှိတက်ကြပါတယ်။
မြင်တဲ့စိတ်ကလေးကနေ အတွေးတစ်ခုထဲသို့ စတင်ဝင်ရောက်လာပြီး အနက်ရှိုင်းဆုံး နှလုံးအိမ်သို့ အရာလေး ထင်ကျန်ရစ်သွားတဲ့အချိန်မှာ ချစ်မိသွားပြီးလို့ ကိုယ့်စိတ်ကို လက်မခံထားပေမယ့်လည်း မသိစိတ်ကလေးက ဒီလူကို ချစ်ခဲ့မိသွားတယ်။
လူဆိုတဲ့စိတ်မနောမှာ သိစိတ်နဲ့မသိစိတ် နှစ်မျိုးနှစ်စား တည်ရှိနေကြတယ်ဆိုတာကို လူတိုင်းသိရှိလက်ခံထားကြပါလိမ့်မယ်။
လူတွေ သိစိတ်တွေနဲ့ နေ့စဉ်လှုပ်ရှားနေကြပေမယ့် မသိစိတ်ကိုတော့ မည်သည့်နည်းလမ်းမျိုးနဲ့မှ ဖုံးကွယ်ထားလို့ မရနိုင် ဒီလိုပဲ ထင်မြင်ယူဆမိပါတယ်။
အချစ်စိတ်ဆိုတာကလည်း တခါတလေတွေးမိလေတိုင်းမှာ အမှတ်တမဲ့မှ အမှတ်တရများစွာ ဖြစ်ပေါ်လာပါလိမ့်မယ်။
အချစ်စိတ်ဟာ လူတွေအတွက် တန်ခိုးစွမ်းအားထဲမှာ အကြီးမားဆုံး အနက်ရှိုင်းဆုံး အချစ်စိတ်သာရှိနေမယ်ဆိုရင် ဘယ်အရာမဆို ငါလုပ်နိုင်တယ်ဆိုတဲ့ နံပတ်တစ် နေရာမှာ အကြီးမားဆုံးခွန်အားတွေနဲ့ တည်ရှိနေတာပေါ့။
အချစ်စိတ်ဆိုတဲ့အရာဟာ ကြီးမား ခန်းနား ဆန်းကျယ် နက်ရှိုင်း ချိုမြိန်လွန်းပါသော်လည်း လေပြေ လေညှင်းလေးတွေကျရောက်လာပြီးရင် လှိုင်းထန်ကာ တိကျစွာ ခန့်မှန်နိုင်ခြင်းမရှိတဲ့ မုန်တိုင်းဘက်သို့ အလျှင်အမြန် ကူးပြောင်းလွယ်တဲ့ သဘောသဘာဝလေးရှိနေပါလိမ့်မယ်။
မုန်တိုင်းအမျိုးအစားများစွာရှိမည့်အနက် ချစ်မုန်တိုင်းကြီးဟာ အပြင်းထန်ဆုံးနဲ့ ကျရောက်လာတက်တဲ့သဘော ချစ်မုန်းတိုင်းထက် ကြီးမားဆုံးမုန်တိုင်းဆိုတာမရှိနိုင်လောက်ပါဘူး။
အချစ်စိတ်နဲ့အမုန်းစိတ်ဟာ ကျောခြင်းကပ်နေတဲ့ မိတ်ဆွေစစ်မဟုတ်တဲ့ ရန်သူမိတ်ဆွေတွေပါလို့ ကြားဖူးနားဝ စကားလုံးလေးကို ပြောလိုက်တော့ ဘယ်သူကမှလက်မခံနိုင်ဖွယ် မရှိလောက်ဖူးလို့တော့ တွေးမိပါတယ်။
ဟုတ်လောက်မှာပါ ဘာလို့လည်းဆိုတော့ ကျောခြင်းကပ်နေတဲ့ အချစ်နဲ့အမုန်းစိတ်ဟာ နေ့စဉ် စက္ကန့်မလပ် ရန်ဖြစ်စကားများနေကြလို့ပါပဲ။
author:
photo:cedit google images