ဒီတစ်နေ့၌ဖြစ်နေသော ကျွန်နော်၏စိတ်နှင့်အကြောင်းအရာတစ်ခု ( ၁ )
စာရေးပြီးပို့စ်တင်မည်ဟု ပြောခဲ့ပါသော်လည်း ဘယ်သို့သောအကြောင်းအရာကို ဘယ်လိုရေးရန် ဘယ်ကစ၍ရေးချရမည်ကို စဉ်းစားမရနိုင်ပေ……………………………………။
ခေါင်းကိုဘယ်ဘက်လက်နဲ့ကုတ်လိုက် နဖူးကိုညာဘက်လက်နဲ့ လှမ်သုတ်လိုက် ကုတင်ပေါ်လှဲအိပ်ချလိုက် ပြန်ထလိုက် အခန်းထဲ၌ လမ်းလျှောက်လိုက် သောက်ရေအိုးစင်မှရေကို အကြိမ်ကြိမ်ခပ်သောက်လိုက် ဒီလိုအကြိမ်ရေတွက်မရနိုင်အောင် စိတ်မငြိမ်သပ်ကာ ပြုမှုခဲ့သည်မှာ ကြာသွားခဲ့ပြီးနောက် အကြံကောင်းရင်တစ်ကွက် ဥာဏ်ကောင်းရင်တစ်ချက်ထဲ ဆိုသည့်စကားအတိုင်း ဆေးလိပ်တစ်ဖွာ ဥာဏ်တစ်ထွာဆိုစကား ကြာဖူးခဲ့တော့ အဆင်သင့်ရှိနေသော ရေနွေးဓါတ်ဘူးထဲမှ ရေနွေးပူကို ဖန်ခွက်ထဲထည့်၍ လဖ္ဘက်ခြောက်လေးခပ်ကာ နှပ်ထားလိုက်ပါတော့သည်………………………………။
သိပ့်မကြာလိုက် နှပ်ထားသောလဖ္ဘက်ခြောက်အရည် (သို့မဟုတ်)အခါးရည်ကိုတစ်ငုံလောက်သောက်လိုက်ပါသည်။မဆိုးဘူး လဖ္ဘ္ဘက်ခြောက်ရည်သောက်လိုက်တာ စိတ်အာရုံနည်းနည်းလမ်းသွားသလို ထို့နောက် ဆေးပေါးလိပ်တစ်လိပ်ကို မီးချစ်နဲ့ညှိကာ တစ်ချက်လောက်ဖွာရှိုက်လိုက်သောအခါတွင် စိတ်အာရုံသည် လန်းဆန်းတက်ကြွလာခဲ့တော့သည်…………………………………………။
ဒီလိုနဲ့ နောက်ထပ် အကြိမ်ကြိမ် ဆေးပေါးလိပ်ကိုဖွာရှိုက်လိုက် လဖ္ဘက်ခြောက်အခါးရည်ကိုမော့သောက်လိုက်နဲ့ အချိန်အတော်ကြာလာတော့ ဘယ်ဖက်လက်၌ကိုင်ထားသော ဆေးပေါးလိပ်နဲ့ညာဘက်လက်မှ မြဲအောင် ကိုင်ထားသော လဖ္ဘက်ခြောက်အခါးရည်တို့သည် ကုန်လုနီးပါးဖြစ်သွားသောအခါ ခုနက စာရေးဖို့စဉ်းစားနေမိသောအတွေးသည် ချက်ခြင်းဆိုသလို ရေးချဖို့ရန် စိတ်အာရုံ၌ ပေါ်ပေါက်၍လာခဲ့ပါသည်။ရေးတော့မည် ဘယ်ကစရေးမှာလည်း ပေါ်လာသည့်အတွေးက စရေးပါတော့မည်………………………………………။
စတီးမစ်၌ ပို့စ်တင်ပြနိုင်ဖို့အတွက် စာကိုစရေးရန် စိတ်အတွေးကစဉ်းစားလိုက်သောအခါ……………
မနက်လင်းအစ ကြက်တွေသွန်သံကြားမိပါသော်လည်း အရင်နေ့ရက်က အိပ်ရာမှ စောစောထကာ အရှေ့အရပ်မှ ထွက်ပေါ်၍လာသော နေရောင်ခြည်ဦးကို နေ့သစ်တစ်ခုသို့ရောက်ရှိလာခြင်း အထိမ်းအမှတ်အနေနဲ့ နေမင်းကြီးကိုကြိုဆိုဖြစ်ခဲ့ပါသော်လည်း ဒီနေ့မှာတော့ ထိုင်းမှိုင်းနေသောစိတ်တွေနှင့် အိပ်ရေးဝဝအိပ်ဖို့ရန်အတွက် စိတ်အာရုံကို ထားရှိကာ မျက်လုံးနှစ်ဖက်ကို ပြန်မှိတ်၍အိပ်လိုက်ပါတော့သည်…………………။
ထို့နောက် သိပ်မကြာခင်မှာပဲ ကျွန်နော်မောင်သူရသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ပါတော့သည်………………………… ။
အကြေင်းအရာမပြည့်စုံသေးပါသဖြင့် ဆက်၍ရေးသားတင်ပြခွင့်ပြုပေးပါဦးခင်ဗျာ………………………။
Author:
photo:my