ဝမ်းနည်းခြင်း စိတ်မကောင်းဖြစ်ခြင်း ကြေကွဲခြင်းတို့ကို လူတွေကြားမှာ နေထိုင်ကာ ကြုံတွေ့နေရတော့
ဟန်ဆောင်အပြုံးတွေနဲ့ ပြုံးပြနှုတ်ဆက်တက်လာခဲ့ရတယ်လေ…………………။
ရှင်သန်လှုပ်ရှားရုန်းကန်ရာ ဘဝခရီးလမ်းတစ်လျှောက် ပေးဆက်ခြင်းများနဲ့ နေထိုင်လာခဲ့ရတော့ အချိန်ကြာလာတော့လည်း နာကျင်စရာတွေ ဖြစ်လာခဲ့ရတာပေါ့……………………။
ကံဆိုတာ မိမိ၏ပြုလုပ်မှုလို့ ပြောကြပေမယ့်လည်း တစ်ခါတစ်ရံမှာ ကိုယ်မလုပ်လိုက်ရပဲ ဖြစ်ပျက်သွားခဲ့ရတာတွေက လူ့ဘဝမှာ အများကြီးရှိကြမှာပါလေ …………………………။
ထိုအရာတွေကို ငါ့ကြောင့် သူ့ကြောင့်လို့ ပြောဆို ငြင်းခုန်နေမယ့်အစား ဘဝပေးကံတရားကြောင့်လို့သာ
မှတ်ယူလိုက်ကြမယ်ဆိုရင် အဆိုးတွေကနေ အကောင်းဘက်သို့ ကံတရားက မြင့်တက်လာမည်မှာ အမှန်ပင်ဖြစ်လာပါလိမ့်မယ်ဗျာ…………………။
မမြင်နိုင် မသိရှိနိုင်သော ဘဝပေး ကံတရားကို စိုးရိမ်စိတ်တွေနဲ့ ထိန့်လန့်တုန်လှုပ်နေမယ့်အစား ကိုယ်ပိုင်ဆိုင်နေသော လက်ရှိအချိန်လေးမှာ ဒီထက်ဆိုးမသွားနိုင်အောင် ထိန်းထားနိုင်ရင် ဒီထက်ကောင်းလာပေလိမ့်မည်…………………………။
လက်ရှိအနေအထားလေးမှာ ကောင်းနေတုန်းပါ ဆိုရင်တော့ မိမိရဲ့စိတ်တွေကို ပေါ့ပြက်ပြက်မထားပဲ လေးနက်စွာနဲ့ အဆိုးတွေဘက် ရောက်မသွားအောင်လို့ သတိဆိုတဲ့အချက်လေးနဲ့ နေထိုင်သွားရမှာပါလေ…………။
ကံကြမ္မာဆိုတာကလည်း လူတွေရဲ့စိတ်စွမ်းအားတွေကို အမျိုးမျိုးသော ပြောင်းလဲမှုတွေနဲ့ စမ်းသပ်ကာ လေ့လာနေတဲ့သဘောရှိတယ်ဆိုတာကို မမေ့ဖို့ရန် အရေးကြီးတယ်လေ…………………
လက်ရှိ ဖြစ်ပျက်နေသော အနေအထားလေးမှာ လူနဲ့ကံကြမ္မာ ဘယ်သူက စွမ်းအားပိုကြီးကာ အနိုင်ယူမည်ဆိုတာတော့ ခံနိုင်ရည်အားအပေါ်မှာ မူတည်နေပါတယ်လို့ စိတ်ထဲပေါ်နေသော အတွေးများကို ရေးချရင်း ဒီနေရာလေးမှာပင် အတွေးစိတ်ကူးလေကို ဖြတ်တောက်ကာ ရပ်နားလိုက်ပါရစေဗျာ…………………………။
author:
phots:cedit google images