ဒီနေ့လေးက ကျွန်ုပ်၏ တစ်နေ့သာ ပြိုင်ပွဲ ပြီးဆုံးသွားခဲ့ပါပြီ။ရှုံးခဲ့သလား နိုင်ခဲ့ပြီလား ဆိုတဲ့ အကြောင်းကိုတော့
ကျွန်ုပ်မှလွဲလို့ မည်သူမျှ သိနိုင်မည်မဟုတ်ပေ။ဒီနေ့ ပြိုင်ပွဲ၌ နိုင်
ခဲ့လျှင်တော့ ကျွန်ုပ်သည် ပျော်နေပါလိမ့်မည်။တကယ်လို့ ရှုံးသွားခဲ့သော် ထက်တလဲလဲ ပြန်၍ ထက်မံ ကြိုးစားနေရပါဦးမည်။နိုင်ခဲ့သည် ဖြစ်စေ မျှော်လင့်မထားပဲ ရှုံးသွားခဲ့သော် စိတ်ဓါတ် မချ ပဲ ဆက်၍ ကြိုးစားနေရဦးမှာတော့ ကျွန်ုပ်၏ တာဝန်ပင်
ဖြစ်သည်။ဒီနေ့ တစ်နေ့သာ၏ ပြိုင်ပွဲတွင် နိုင်ခဲ့လျှင်ဖြင့် ပျော်
လိုက်ရုံမှ တစ်ပါး အခြား များများ ပြောစရာမရှိဟု လွယ်လွယ်
မှတ်ချက်ချ မိပေမည်။ရှုံးသွားခဲ့လျှ င်ဖြင့် ဆန့်ကျင်ဘက်ဖြင့်
သော များပြားလွန်းလှသည့် ကိုယ်၏ ဆင်းရဲခြင်း စိတ်၏ ဆင်း
ရဲ ဒုက္ခတို့ကို ခံစားရ ပေဦးမည်။
ကျွန်ုပ်၏ ဒီနေ့ တစ်နေ့သာ ပြိုင်ပွဲ ရှုံးရင်ရှုံး သွားပါစေလေ ထိုအရှုံးမှ အမြတ်ထုတ် နိုင်ခဲ့လျှင်ဖြင့် ကျေနပ် ဂုဏ်ယူ မိပေမည်။ဖြေ
သိပ့်ခြင်း အကြောင်းတရား တွေတော့မဟုတ် ထိုဆုံးရှုံး ခဲ့ရသည့် ကိစ္စ အလုပ်၌ ဦးစွာပထမ မည်သို့ စတင်၍ လုပ်ဆောင်
ခဲ့ပါသလဲ။မည်သည့် အတွက်ကြောင့် ရှုံးခြင်းနဲ့ ကြုံခဲ့ရပါသလဲ။
မည်သို့ လုပ်ဆောင် ခဲ့ပါလျှင် အရှုံး၏ ဆန့်ကျင်ဘက် ဖြစ်သော
နိုင်ခြင်း အောင်မြင်မှုကို ရရှိခံစားရမလဲ ဆိုတာတို့ကို သုံးသပ်
နေခြင်းက အရှုံးမှအမြတ် ထုတ်လိုက် ခြင်းပင်ဖြစ်သည်။
ကျွန်ုပ်သည် ရှုံးခြင်း ဆိုတာကို ကြောက်ရွံနေမည် မဟုတ်။ရှုံးသွားမည်ကို စိုးရိမ်ခြင်းတွေနဲ့ ထိန့်လန့်နေမည် မဟုတ်ပေ။အရှုံး
ဆိုသည့် စကားလုံး ဝေါဟာရသည် ကျွန်ုပ်၏ဘဝ ကျွန်ုပ်လုပ်
ကိုင်ရာ လုပ်ငန်းတို့အတွက် အတွေ့အကြုံ ရင့်ကျက်ခြင်းနှင့်
စိတ်၏ တည်ကြည်လေးနက် ခြင်းတွေကို ပေးစွမ်းနိုင်ပေသည်။
ရှုံးချင်တာတွေ ရှုံးချင်သလောက် ဆုံးရှုံး သွားပါစေ ထိုအရှုံးတွေ ထွေးပိုက်၍ အော်ဟစ်ငိုကြွေး နေမည်မဟုတ်ပဲ ရင်ဆိုင်
ကျော်ဖြတ် သွားပါမည်။သို့သော် ထိုတစ်နေ့သာ ဖြတ်သန်းခဲ့ခြင်း အတွက် အရှုံးမှ ဘာအကျိုးမှ မရရှိခဲ့ပါသော် (သေရည်)အ
ရက်ကို သောက်သုံးမိမှာကိုတော့ မိမိကိုယ်ကို စိုးရိမ်နေမိသည်။
အရက်ဆိုသည့် လူ၏ကိုယ်ခန္ဒာနှင့်လူ၏စိတ်ကို ယစ်မူးစေသောအရာကို နှစ်ခြိုက်သောက်သုံးခြင်း မရှိသော သူတစ်ယောက်သည် စိတ်၏ ခဏသာ ဖြေပျောက်ခြင်းအတွက် အရှုံးနှင့်ကြုံ
လာချိန်၌ အတိုင်းအဆမရှိ သောက်သုံးမိ ပေလိမ့်မည်။ထိုသို့
လုပ်ဆောင်တက်ကြသည့် လူဆိုသော သဘာဝကို နားလည်
သဘောပေါက်၍ အရက်ကို မသောက်သုံးမိရန် ဆင်ခြင်သုံး
သပ်နေမိသည်။
လူတစ်ယောက်၏ ရှင်သန်ခြင်း သေဆုံးခြင်းအတွက် ပါးပြင်ပေါ်
က မျက်ရည်စ တို့သည် အဓိကအက္ခရာ အကျဆုံးလို့ ကျွန်ုပ်
ခံယူထားသည်။ထိုသို့ တန်ဖိုးကြီးလှသော မျက်ရည်တို့ကို သင်
တို့သည် အလွယ်တကူ ကျမသွားလိုက်ပါနှင့်။အကျိုးကြီးစွာဖြင့်
ကျလိုက်သော မျက်ရည်တို့သည် အားအင်သစ်များကို ပြန်လည်ဖန်တီးပေးစွမ်းနိုင်သလို ဆန့်ကျင်ဘက် ဖြစ်သော အကျိုးမရှိ
ကျခဲ့မိသော မျက်ရည်တို့သည် လူ၏စိတ်ကို သေသွားစေနိုင်
သောအစွမ်းရှိ၍ မိမိ၏ အသက်ကိုပါ ပေးဆပ်လိုက်ရသည် အထိ ဖြစ်လာနိုင်ပေမည်။ထိုကြောင့် လူသားအားလုံးတို့သည်
မိမိ၏ မျက်ရည်များကို တန်းဖိုးထား၍ လူတစ်ယောက်ရဲ့ မျက်ရည်သည် ဘဝ၏ အရေးကြီးဆုံးသော အစိတ်အပိုင်း တစ်ခု
ဖြစ်သည် ဆိုတာကို သဘောပေါက်ဖို့ရန် လိုပေလိမ့်မည်။
လူသားတို့၌ အသက်ရှင်စွာ နေထိုင်နိင်ခြင်းသည် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည်။မိမိ၏ဘဝ၌ တစ်ချိန်က မှားခဲ့တာတွေ
မှားသွားခဲ့ပါစေ။ ရှုံးခဲ့တာတွေ ရှုံးသွားပါစေ။ကောင်းမွန်စွာဖြင့် အသက်ရှင်သန်နေပါက မှားသွားခဲ့တာတွေကို မှန်အောင် ပြန်
တည့်မတ်နိုင်သလို ဆုံးရှုံးသွာခဲ့တာတွေကို ပြန်လည် ရယူနိုင်သည့် ရှင်သန်ခြင်း အခွင့်အရေးရှိနေသည်။
အချို့သောသူတို့သည် မိမိ၏အောင်မြင်မူတို့ကို ယစ်မူးကာ အသားလွတ် မိမိကိုယ်ကို ဟုတ်လှပြီဟု ထင်ကာ အထင်ကြီးနေတက်ကြသည်။ထိုသူတို့အား မည်သို့ အောင်မြင်ခဲ့ပါသလဲ ဟု
မေးလိုက်သောအခါ၌ မရေရာ မသေခြာ စမ်းတဝါးဝါး အဖြေကိုသာ ပေးနိုင်ကြသည်။ သူတပါး၏ အကူညီဖြင့် ပြောဆိုညွှန်ကြားသည့် အတိုင်း လိုက်လုပ်လာခဲ့ခြင်းကြောင့် အောင်မြင်လာခဲ့ရ ခြင်းသာဖြစ်သည်။ထိုသူတို့ကိုယ်တိုင် မည်သည့်အတွက်ကြောင့် အောင်မြင်လာခဲ့ရ သလဲဆိုတာကို ခွဲခြားစိစစ်ခြင်းမပြုနိင်ပေ။ထိုသူသည် ကံကောင်းလို့သာ အောင်မြင်လာခဲ့ပါသော်လည်း နောက်ထက်အောင်မြင်မူများအတွက် မိမိ၏ ကိုယ်ပိုင်အရည်အချင်းများနှင့် မလုပ်ဆောင်နိုင်ပဲ လက်ရှိအောင်မြင်မူ၌သာ ရပ်တန့်၍ နောက်ထက်အောင်မြင်လာစရာ အကြောင်းမရှိပေ။
ထို့ကြောင့် အောင်မြင်မူရရှိလာနိုင်မည့် အကြောင်းအများကို စဉ်းစားတွေးတောကာ စိစစ်မှတ်သားထားရမည်။နောက်ထက်အောင်မြင်မူများ ရရှိရန်အတွက် ဖြစ်ပေါ်၍နေသော လိုအပ်ချက်များကို ပြီးပြည့်စုံအောင် ဖန်တီးတက်ရကေမည်။နောက်ထက်တစ်ခါ ဒီထက်ပို၍ ကောင်းအောင် ဒီထက်ပို၍ အဆင်ပြေနိုင်မည့် နည်းလမ်းများကို ဆက်၍ရှာဖွေနိုင်ရမည်။အရင်က အောင်မြင်ခဲ့သည့် အနေအထားနှင့် လက်ရှိ လုပ်ဆောင်မူ ကွာဟ ကွဲလွဲနေပါက လိုက်လျောညီထွေအောင်ပြုပြင်ဖန်တီးနိုင်ရပါမည်။
မည်သည့်အလုပ်မဆို အခက်အခဲတော့ ရှိကြပေလိမ့်မည်။ထိုသို့ခက်ခဲခြင်းတွေနဲ့ ကြုံ လာသောအခါ မိမိကြိုက်နှစ်သက်သည့် ပုံစံများကို အနီးစပ်ဆုံးဖြစ်အောင် ပြောင်းလဲ ယူနိုင်ရမည်။အသစ်တစ်ဖန် ပြန်၍ ကြိုးစားမူ လုပ်ဆောင်တိုင်၌ တစ်ချိန်ကအောင်မြင်ခဲ့သည့် လုပ်ကိုင်ဆောင်ရွက်မူတို့ကို ပြန်၍ မြင်ယောင်ကာ
ယခုနောက် ဆက်လုပ်မည့် အနေအထား အသစ်တို့နှင့် နှိုင်းယယှဉ်ကြည့်ပါ။အရင်က လုပ်ဆောင်ခဲ့သည့် ပုံစံ နည်းနာများနှင့်
ယခု အသစ်ထက်လုပ်ဆောင်မည့် နည်းလမ်းသစ်များနှင့် ကွဲပြားနေသော အချို့ အစိတ်အပိုင်းများအတွက် မတူညီသော
ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်ရပါမည်။
ဆက်၍တင်ပြခွင့်ပြုပါခင်ဗျာ။
MSC:066
photo:my
photo:google