ဒုက္ခဆိုတာ ပြောင်းလဲသည့် သဘောတရားနဲ့ ဖွဲ့စည်းတည်ဆောက် ထားသည်။ပြသနာဆိုတာ ထိပ်တိုက် ရင်ဆိုင် ဖြေရှင်းမှ ပြေလည်နိုင်လိမ့်မည်။လူတစ်ယောက်သည် ဒုက္ခဆိုသော အရာကို အမြဲတွေ့ကြုံ၍ မနေပါ။လူတစ်ယောက်၏ တစ်နေ့သာ ပြုံးလိုက် မဲ့လိုက် ခြင်းတွေ အကြိမ်ပေါင်း မြောက်များစွာ ဖြစ်ပေါ်၍ နေသည်ကို သတိထားပြီး လေ့လာကြည့်သော် ဒုက္ခ၏ ဖြစ်ပေါ်
ပြောင်းလဲခြင်း နိယာမသဘောကို သင် တွေ့မြင် သိရှိ နိုင်လိမ့်မည်။
ပြသနာတခု ကြုံလာတိုင်း၌ မသိချင် ဟန်ဆောင်ပြီးတော့ ရှောင်ထွက်ပြေးပြီ မသွားလိုက်ပါနဲ့။ရင်ဆိုင် ဖြေရှင်းခြင်းသည်သာ ပြန်လည်ပူးပေါင်း ဆောင်ရွက်လို့ ရနိုင်ပေသည်။
ဖြေရှင်းလို့ မရနိုင်သော ပြသနာဆိုတာ လူလောကနယ်ပယ်၌ မရှိပါ။ အမေးရှိလျင် အဖြေက ရှိနေစမြဲပါ။မိမိတို့ တွေ့ကြုံလာသော ပြသနာတိုင်း၌ ကောင်းမွန်စွာဖြင့် ဖြေရှင်းလို့ ရနိုင်မည့် နည်းလမ်း မြောက်များစွာ တည်ရှိနေပါသည်။ဖြေရှင်းလို့ မရနိုင်ပါဟု ဆိုခဲ့သော် သင်တို့ တွေ့ကြုံခံစား နေရသော ပြသနာသည် မည်မျှလောက်ထိ ကြီးကျယ်လွန်း နေပါသလဲ။ယနေ့ခေတ်ကမ္ဘာ၌ တကယ်ရှိပါတယ်ဆိုတဲ့ ပြသနာအစုစု တို့သည် ဖြေရှင်းလို့ မရနိင်ပါသော
ကိစ္စဟူ၍ မရှိသေးပေ။ဖြေရှင်းခဲ့ကြသည် ဖြေရှင်းနေသည် ဖြေရှင်းဦးမည်။ဘယ်အချိန်ထိဖြေရှင်းရမှာလဲ အဆင်ပြေလာသည်အထိ ဖြေရှင်းရပါမည်။ဘယ်တော့အဆင်ပြေမလဲ။အဓိက အချက်မှာ ပြသနာဆိုသည်ကို တစ်ဦးတစ်ယောက်ထဲ ပြေလည်အောင် ဖြေရှင်းလို ရနိုင်သည့်အရာမဟုတ် နှစ်ဦးနှစ်ဘက် ပါဝင်ပူးပေါင်းပြီး ၎င်းပြသနာတို့ကို ပြေလည်အောင် ဖြေရှင်းခြင်းဖြင့် အဆင်ပြေလာပါလိမ့်မည်။
မျက်ရည်ဟူသည် လူတစ်ယောက်အတွက် တန်ဖိုးအကြီးမာဆုံး အဖိုးထိုက်တန်သော ရတနာအစိတ်အပိုင်း တခုဖြစ်သည်။ကျွန်ုပ်အပါအဝင် လူသားအားလုံးတို့သည် ဘဝတခု၌ ရှင်သန်ဖြတ်သန်းသည့် အချိန်တွင် ဆင်းရဲ ဒုက္ခ သောက များနှင့် မတွေ့ကြုံဖူးသူဟူ၍ မရှိပေ။ထိုသို့တွေ့ကြုံလာသောအခါ၌ ခံစားမယ် ကြေကွဲမယ် ဒေါသထွက်မယ် မကျေမနပ်ဖြစ်မယ်လေ။လူတိုင်းသိရှိကြသလို လူတိုင်းနေ့စဉ် တွေ့ကြုံ ခံစား နေကြသည့် အချက်တွေပင်ဖြစ်သည်။
သင်တို့သည် နည်းအမျိုးမျိုးဖြင့် ဒုက္ခဟူသော ရသကို ခံစားခဲ့ဖူး ပေလိမ့်မည်။သင်တို့ နေထိုင် သွားလာရာ ပတ်ဝန်းကျင်၌ လူတစ်ယောက်သည် စိတ်ကို ထိန်းချုပ်၍ မရနိုင်အောင် ကျဆင်းနေသော မျက်ရည်တို့ဖြင့် ငိုရှိုက်ကာနေသော သူတို့ကို တွေ့မြင်ဖူးခဲ့ကြပါသလား။တွေ့ကောင်းတွေ့ဖူး ကြပေလိမ့်မည်။ယောကျာ်းတစ်ယောက် ဖြစ်ပြီး မျက်ရည်တွေ ကျနေတယ် မိန်းမသားဖြစ်ပြီး အဲ့ဒီလောက်ထိ အဖြစ်သည်း၍ စိတ်ပျော့ညံ့လိုက်သာ အမျိုးမျိုး ဝေဖန်ပြီး တစ်ယောက်တစ်ပေါက် ပြောဆိုပြစ်တင် နေကြပါလိမ့်မည်။ကိုယ်ချင်းစာစိတ်တို့နှင့် ထပ်တူထပ်မျှ ခံစားပေး လာကြမည်သူသည် လက်ဆယ်ချောင်းကို ရေတွက်သော် လက်ငါးချောင်းပင် ပြည့်လိမ့်မည်မဟုတ်ပေ။အစပထမတော့ ဘာဖြစ်လည်း ဝိုင်းအုံကြည့်ဖို့ လာကြပြီး ဝေဖန် ပြစ်တင် ပြောဆို၍ ရှောင်ခွာထွက်သွားကြပါမည်။်
ယောကျာ်းဟု ခေါ်ဆိုပါသော်လည်း မျက်ရည်ရှိ၍ မျက်ရည်ကျတက် ကြပါသည်။ယောကျာ်းသား တစ်ယောက်အနေနဲ့ မျက်ရည်မကြရဘူးလို့ ဘယ်သတ်မှတ်ချက် ဘယ်လူမှု ဥပဒေကမှ ယနေ့ကမ္ဘာတွင် ထုတ်ပြန်ထားခြင်း မရှိသေးပါ။ယောကျာ်းသားဖြစ်စေ မိန်းမသားဖြစ်စေ ရှက်စရာမဟုတ်ပဲ လွတ်လပ်စွာ ထိုမျက်ရည်အား အကျိုးရှိစွာကျလိုက်ကြပါ။မည်သူတွေ မည်သို့ဝေဖန်၍ ပြောဆို အပြစ်တင် နေကြပါစေ မျက်ရည်ကျဖူးသောသူသာ ထိုအကျိုး မည်မျှရှိကြောင်း ခံစားသိရှိပေသည်။ခံစားချက်တွေ သိပ်ပြင်းထန်၍ မျက်ရည်ကို အကျိုးရှိစွာ မကျခဲ့ဖူးသော သူသည် ၎င်းမှရရှိလာမည့် ပြောင်းလဲခြင်းတွေကို မသိပေ။စကားတစ်ခွန်းရှိ၏။ (မိမိကိုယ်တိုင် တွေ့ကြုံ ခံစားရခြင်း မရှိသော် ဘယ်အရာကိုမှ လက်ခံနိုင်ံခြင်း မရှိပေ။)်
သင့်မျက်ရည်တို့သည် ထိန်းလို့မရနိုင်လောက်ထိ ဖြစ်နေပါသလား။သင်တွေ့ကြုံနေသော ဆင်းရဲဒုက္ခတို့ကို သင်၏ မျက်ရည်တို့နှင့် အစားထိုးမှ ရနိုင်မည်လား။
အကယ်လို့ မျက်ရည်ကျလိုက်ပါက တကယ်ပဲ အကျိုးရှိလာနိုင်မည်လား။
မျက်ရည်ကျမှသာလျှင် သင်၏ စိတ်ကလေး အဆင်ပြေသွားနိုင်မှာလား။
အချက်တွေသည် သင့် မျက်လုံးအိမ်၌ မျက်ရည်တို့သည် ထိန်းမရအောင် ကျဆင်းချင်လောက်အထိရှိခဲ့သော် တကယ်ပဲ မျက်ရည်တို့နှင့် အစားထိုးမှ အဆင်ပြေမည် အကျိုးရှိတယ် ထိုက်တန်သည်ဟု ဆင်ခြင်သုံးသပ်၍ ယူဆမိသောအခါ သင်ရဲ့ ကျတော့မည်ဖြစ်သော မျက်ရည်တို့ကို မတားဆီးလိုက်ပါနဲ့တော့။သတိကြီးစွာထား၍ လွတ်လပ်စွာဖြင့် ငိုရှိုက်ခွင့် ပြုလိုက်ပါလေ။သင်၏ ဘဝရှင်သန်ခြင်းနှင့်စိတ်ဓါတ်ပိုင်းဆိုင်ရာ တို့သည် အသစ်တဖန် ပြန်လည်မွေးဖွား လန်းဆန်းတက်ကြွ လာပါလိမ့်မည်။်
ဆက်၍တင်ပြခွင့်ပြုပါခင်ဗျာ။
MSC:066
photo:my
photo:google