သူ့ကိုအမှတ်တရနဲ့ သတိရမိလေတော့ စာတစ်စောင် ပေတရွက်နဲ့
ရင်တွင်းဖြစ် ခံစားချက်လေးတွေကို ရေးတက်သလိုလေး ရေးဖွဲ့ကာ တင်ပြခဲ့တာ မနေ့ကပါ။
မျှော်လင့်ခဲ့ရသော လူတစ်ယောက်ဆီက အသိအမှတ်ပြုချက်လေးမရခဲ့သော်လည်း
သူ့ရဲ့ဘုတ်လေးတစ်ချက်နဲ့ အသိအမှတ်ပြုခြင်း ခံရလေတော့ ငါကျေနပ် ဝမ်းမြောက်ခဲ့ရပါတယ်။
သူ့ဘက်မှာ အခုရက်ပိုင်းလေးမှာ အခက်အခဲကြီးကြီးမားမား ရှိနေခြင်းကို ငါ့ဘက်ကသိနေခဲ့ပါတယ်။
ဒါပေမယ့် သူ့ကိုသတိရပြီး အားကိုချင်လိုက်မိတဲ့ ငါ့ရဲ့စိတ်တွေကို ထိန်းချုပ်ထားလို့မရလေတော့ စာလွှာလေးတစ်စောင်နဲ့ တောင်းခံမိလိုက်တာပေါ့။
သူ့ဘက်ကငါ့ကို သံယောဇဉ်ရှိနေသေးတယ်ဆိုတာ ငါသိလိုက်ရပါတယ်။
သူ့အတွက် မနေ့က ရေးချင်ဇောစိတ်တွေနဲ့ အလျင်အမြန်ရေးချပြီး တင်ပြလိုကတဲ့အခါမှာ အချိန်အကြာကြီး သူ့ပြန်စာအသိအမှတ်ပြုတဲ့ ပေလွှာကို ငါမစောင့်လိုက်ရပါဘူး။
တစ်နာရီမကျော်သော မိနစ်ပိုင်းလေးအတွင်းမှာပဲ ငါ့ကို သံယောဇဉ်ရှိနေသေးပါတယ် နေ့စဉ်မပျက် ငါရေးသောစာလွှာလေးကို အမြဲဖတ်ချင်ပါတယ် အသိအမှတ်ပြုပါတယ်ဆိုတဲ့ သင်္ကေတလေးတစ်ခုကို သူ့အမည်နာမလေးနဲ့ ငါ့ဆီအရောက် ပို့ပေးလာခဲ့တော့ ငါလေ သူ့ကို သိပ့်ပြီးကျေးဇူးတင်မိသလို အရမ်းပဲ ဝမ်းသာဂုဏ်ယူမဆုံး ပျော်ရွှင်ခဲ့ရပါတယ်။
ယခုလို အားငယ်စိတ်တွေ ဒီရင်ခွင်တစ်ခုလုံးမှာ ပြန့်နှံ့စွာဖြင့် နေရာအနှံ့ရောက်ရှိ ဖြစ်ပျက်နေတဲ့အချိန်အခိုက်အတန့်လေးမှာ သူ့ရဲ့အသိအမှတ်ပြုခြင်းကို လက်ခံရရှိလေတော့ သူပေးခဲ့တဲ့ သင်္ကေတအသိအမှတ် တံဆိပ်လေးက ငါ့အတွက်တော့ မဟာအားဆေးတစ်ခွက်ကို သောက်ခွင့်လေးပေးလိုက်သလို အားအင်တွေဖြည့်ဖြိုးလာခဲ့ပါတယ်။
နေ့စဉ်မပျက် သူ့ဆီကို ငါ့ရဲ့ ရင်တွင်းဖြစ်ခံစားမှု သိမြင်ခံစား တက်သိနားလည်သလိုလေးတွေကို မရိုးရလေအောင် အတက်နိုင်ဆုံး ငါရေးချတင်ပြသွားပါ့မယ်လို့ ဂတိတွေအထပ်ထပ် ငါပေးရင်း ရင်ခုန်စွာနဲ့ပဲ သူ့ဆီအရောက် ငါ့စာ ပေလွှာ သူနဲ့ပတ်သက်သမျှ ရင်တွင်းဖြစ်လေးကို စတီးမစ်ဆိုတဲ့ ဒစ်ဂျစ်တယ် လေလှိုင်းပေါ်ကနေ သူ့ဆီအရောက် ငါဘက်က ပေးပို့လိုက်ပါတယ်နော်။
author:
photo:cedit google images