Hello friends.
Today, I took a little time and created a dish for breakfast.
It is a suitable breakfast for us Burmese people.
In the morning, if we eat rice together with fried egg, it is delicious and full of nutrition.

The breakfast menu described here is made with the following ingredients.
Two eggs
One potato
Five okra pods
Salt
Sugar and
Peanut oil

First, remove the skin from the potato and chop them with a knife.
Then the okra was washed with water and chopped with a knife.
Then put eggs into those things, add salt and sugar and mix well.

After that, I added peanut oil in an electric pan and when the oil bubbled, I added the above mixture and fried it.
After this, I started to get a plate of vegetarian fried egg that is full of nutrition and good taste.

Now, friends, I can share that you can create and eat a delicious and nutritious low-cost dish just like I did for breakfast.
Tin Aung Soe
[Burmese]
မင်္ဂလာပါ မိတ်ဆွေတို့ရေ။
ဒီနေ့တော့ အနည်းငယ် အချိန်အားရတာနဲ့ Breakfast စားဖို့ စားစရာတစ်မျိုး ဖန်တီးခဲ့ပါတယ်။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက် လိုက်ဖက်တဲ့ မနက်စာ ပါပဲ။
မနက်ခင်းမှာ ထမင်းဆီဆမ်း ကို ကြက်ဥကြော် နှင့် တွဲဖက်ပြီး စားလိုက်ရရင် အရသာရှိသလို အာဟာရလည်း ပြည့်ဝပါတယ်။
ခု ဖော်ပြတဲ့ Breakfast Menu ကို အောက်ပါ ပါဝင်ပစ္စည်းများ ဖြင့် ပြုလုပ်ထားပါတယ်။
ကြက်ဥ နှစ်လုံး၊
အာလူးသီး တစ်လုံး၊
ရုံးပတီသီး ငါးတောင့်၊
ဆား၊
သကြား နှင့်
မြေပဲဆီ
ပထမဦးစွာ အာလူးသီး ကို အခွံ ဖယ်ရှားကာ ဓားဖြင့် နုတ်နုတ်စင်းခဲ့ပါတယ်။
ပြီးတော့ ရုံးပတီသီးကို ရေ ဖြင့် ဆေးကြောကာ ဓားဖြင့် နုတ်နုတ်စင်းခဲ့ပါတယ်။
ပြီးတော့ ထိုအရာများထဲသို့ ကြက်ဥ ကို ဖောက်ထည့်ကာ ဆား၊ သကြား တို့ ထည့်ပြီး သမအောင် မွှေပေးခဲ့ပါတယ်။
ထိုနောက်တော့ လျှပ်စစ်ဒယ်အိုး ထဲမှာ မြေပဲဆီ ထည့်ပြီး ဆီများ ပွက်သောအခါ အထက်ပါ အရောအနှောများကို ထည့်ကာ ကြော်ခဲ့ပါတယ်။
ဒီနောက်တော့ အရသာကောင်းမွန် အာဟာရပြည့်ဝသော Vegetarian Fried Egg တစ်ပွဲ ကို ရရှိပါတော့တယ်။
ကဲ မိတ်ဆွေတို့လည်း မနက်စာ အတွက် ကျွန်တော် ပြုလုပ်ခဲ့သလို အရသာရှိပြီး အာဟာရပြည့်ဝသော တန်ဖိုးနည်း ဟင်းလျာ တစ်မျိုး ဖန်တီးပြီး စားသုံးနိုင်ပါကြောင်း မျှဝေလိုက်ရပါတယ်။
တင်အောင်စိုး